ယူနီကုဒ်ဖြင့်ဖတ်ရန်
အဝေးမှာရှိနေတဲ့ မွေးသမိခင်ရဲ့ မွေးနေ့အတွက် ငွေကျပ် သိန်း (၅၀) နဲ့ ဂါရဝပြုကန်တော့ခဲ့တဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယို
မင်းသမီးလေး ခေးဆက်သွင်က “Happy Beach”၊ “Flowers & Butterfly”၊ “အရိပ်”၊ “နှင်းဆီ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုအထိတ်အထိပ် ရရှိခဲ့သူလေးတစ်ယောက် ဖြစ်ပါတယ်။ ခေးဆက်သွင်က ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ဇာတ်ကားတစ်ကားပြီးတိုင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ပိုင်ဆိုင်ခဲ့သူလေးတစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူး။ ခေးဆက်သွင်က နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေပြီး သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေလည်း ဗီဒီယိုလေးတွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ခေးဆက်သွင်က ပရိသတ်တွေအတွက် ကြည်နူးမျက်ရည်ကျစေလောက်တဲ့ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ အဲ့ဒါကတော့ ခေးဆက်သွင်က ဒီကနေ့ကျရောက်တဲ့ မိခင်ရဲ့ မွေးနေ့အတွက် Video Call ကနေတဆင့် ဂါရဝပြုကန်တော့ခဲ့ပြီး ငွေကျပ် သိန်း (၅၀) နဲ့ ကန်တော့ခဲ့တာကို ပရိသတ်တွေပီတိဖြစ်စေနိုင်ဖို့ အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။
ခေးဆက်သွင်ကတော့ သူမရဲ့ မေမေကို ဝမ်းသာမျက်ရည်ကျစေတဲ့အထိ မွေးနေ့ဆုတောင်းစာလေးနဲ့အတူတူ ငွေသား သိန်း (၅၀) ကို လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိဘကျေးဇူးကို အထူးသိတတ်တဲ့ ခေးဆက်သွင်ကို ဒီထက်တောင် ပိုချစ်သွားဦးမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Khay Sett Thwin ‘s fb
Bilie – Cele Connections
error: Alert: Content is protected !!