မင္းသမီးစလုပ္ကတည္းက အျမဲပံ့ပိုးသင္ၾကားေပးခဲ့တဲ့ အေမမ်ားအဖြဲ့ကို အလွဴေငြမ်ားနဲ့ သီတင္းကြ်တ္ဂါရဝျပဳကန္ေတာ့ခဲ့တဲ့ ေမကဗ်ာ

ညိဳစိမ့္စိမ့္ အသားအရည္ေလးနဲ့ ခ်စ္စရာေကာင္းတဲ့ မင္းသမီးေခ်ာေလး ေမကဗ်ာကေတာ့ ကေလးေမေမတစ္ေယာက္ျဖစ္ေပမယ့္ ဒီေန့ဒီအခ်ိန္ထိ လွပနုပ်ိဳေနဆဲပဲ ျဖစ္ပါတယ္။ ေမကဗ်ာက လက္ရိွမွာေတာ့ သူမဝါသနာပါရာ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ျပီး အြန္လိုင္းကေနလည္း ေစ်းေတြကိုေရာင္းခ်ေပးေနလ်က္ရိွပါတယ္။ ပရိသတ္ေတြကေတာ့ ခ်စ္ရတဲ့ မင္းသမီးေလး ေမကဗ်ာကို ဘာေလးပဲလုပ္လုပ္ အားေပးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေမကဗ်ာက အေမမ်ားအဖြဲ့ကို အလွဴေငြမ်ားနဲ့ ဂါရဝျပဳကန္ေတာ့ခဲ့တဲ့အေၾကာင္းကို အခုလိုပဲေျပာျပလာပါတယ္။ “အေမမ်ားအိမ္ယာမွာကဗ်ာတို႔ မင္းသမီးစလုပ္တည္းက အၿမဲပံ့ပိုးသင္ၾကားေပးခဲ့အေမမ်ားအား အလႉပေဒသာပင္ ေငြ ၅ သိန္းစိုက္လႉအေမတေယာက္စီအတြက္လည္း အလႈေငြေလးေတြလႉခဲ့ပါတယ္။ အေမမ်ားအတြက္ Luvas မွ သံလြင္ဆီ ရယ္ သီတင္းကြၽတ္ပုဝါေလးေတြကန္ေတာ့ ကဗ်ာ့Live မွာပါဝင္လႉဒါန္းေပးၾကေသာ အလႉရွင္မ်ား၏ပတၱျမားေရာင္ျခည္ကြၽန္းငွက္သိုက္ေလးေတြပါလႉဒါန္းခဲ့ပါတယ္။ ကဗ်ာရဲ႕ လုပ္ငန္းရွင္မ်ား Fan မ်ားအားလုံး၏အလႉေလးမို႔ သာဓုေခၚဆိုေပးၾကပါလို႔🙏🙏🙏” ဆိုျပီး သူမရဲ့ ပီတိေလးကို မွ်ေဝလာပါတယ္။

ေမကဗ်ာကေတာ့ သူမကို အနုပညာေလာကမွာ အခုလို နာမည္တစ္လံုးနဲ့ ရပ္တည္နိုင္ဖို့ သင္ၾကားေပးခဲ့တဲ့ အေမမ်ားကို သူမရရိွခဲ့တဲ့ အနုပညာေၾကးေတြနဲ့ လွဴဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေမကဗ်ာရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: May Kabyar’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းသမီးစလုပ်ကတည်းက အမြဲပံ့ပိုးသင်ကြားပေးခဲ့တဲ့ အမေများအဖွဲ့ကို အလှူငွေများနဲ့ သီတင်းကျွတ်ဂါရဝပြုကန်တော့ခဲ့တဲ့ မေကဗျာ

ညိုစိမ့်စိမ့် အသားအရည်လေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေကဗျာကတော့ ကလေးမေမေတစ်ယောက်ဖြစ်ပေမယ့် ဒီနေ့ဒီအချိန်ထိ လှပနုပျိုနေဆဲပဲ ဖြစ်ပါတယ်။ မေကဗျာက လက်ရှိမှာတော့ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး အွန်လိုင်းကနေလည်း ဈေးတွေကိုရောင်းချပေးနေလျက်ရှိပါတယ်။ ပရိသတ်တွေကတော့ ချစ်ရတဲ့ မင်းသမီးလေး မေကဗျာကို ဘာလေးပဲလုပ်လုပ် အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မေကဗျာက အမေများအဖွဲ့ကို အလှူငွေများနဲ့ ဂါရဝပြုကန်တော့ခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။ “အမေများအိမ်ယာမှာကဗျာတို့ မင်းသမီးစလုပ်တည်းက အမြဲပံ့ပိုးသင်ကြားပေးခဲ့အမေများအား အလှူပဒေသာပင် ငွေ ၅ သိန်းစိုက်လှူအမေတယောက်စီအတွက်လည်း အလှုငွေလေးတွေလှူခဲ့ပါတယ်။ အမေများအတွက် Luvas မှ သံလွင်ဆီ ရယ် သီတင်းကျွတ်ပုဝါလေးတွေကန်တော့ ကဗျာ့Live မှာပါဝင်လှူဒါန်းပေးကြသော အလှူရှင်များ၏ပတ္တမြားရောင်ခြည်ကျွန်းငှက်သိုက်လေးတွေပါလှူဒါန်းခဲ့ပါတယ်။ ကဗျာရဲ့ လုပ်ငန်းရှင်များ Fan များအားလုံး၏အလှူလေးမို့ သာဓုခေါ်ဆိုပေးကြပါလို့🙏🙏🙏” ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေလာပါတယ်။

မေကဗျာကတော့ သူမကို အနုပညာလောကမှာ အခုလို နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ဖို့ သင်ကြားပေးခဲ့တဲ့ အမေများကို သူမရရှိခဲ့တဲ့ အနုပညာကြေးတွေနဲ့ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Kabyar’s fb
Bilie – Cele Connections

error: Alert: Content is protected !!