အရမ္းေၾကာက္တတ္တဲ့ လုပ္ေဖာ္ကိုင္ဖက္ကို အတင္းခ်ဳပ္ျပီး ဂုတ္ေပၚေႁမြတင္ေပးကာ ေဆးႀကီးႀကီးထိုး စေနာက္ခဲ့တဲ့ သက္မြန္ျမင့္ရဲ႕ ဗီဒီယို

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ ထပ္ဆင့္အကယ္ဒမီ မင္းသမီး သက္မြန္ျမင့္ဟာဆိုရင္ သီခ်င္းဗီစီဒီေတြ ႐ိုက္ကူးရာကေန လူသိမ်ားၿပီး ပရိသတ္ေတြရဲ႕ အားေပးဝန္းရံျခင္းကို ရရွိခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသမီးလို႔ေတာင္ တင္စားထားရတဲ့ မင္းသမီးေခ်ာေလး သက္မြန္ျမင့္ဟာဆိုရင္ အႏုပညာေလာကအတြက္ တာဝန္ေက်သူတစ္ေယာက္ျဖစ္တဲ့အျပင္ မိသားစုအတြက္လည္း အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္ျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။

ငယ္ငယ္ကတည္းက ေပ်ာ္ေပ်ာ္ေနတတ္ၿပီး သူမ်ားကို စေနာက္ရတာ ဝါသနာပါတဲ့ သက္မြန္ျမင့္က သူမရဲ႕ အနီးအနားမွာရွိတဲ့ ဘယ္သူ႔ကိုမဆို ေဆးႀကီးႀကီးထိုး စေနာက္တတ္တာကို ပရိသတ္ႀကီးလည္း သိၿပီးသားျဖစ္မွာပါ။ ဒီကေန႔မွာလည္း သက္မြန္ျမင့္က “ရွင္တို႔ ေအးတယ္ေျပာတဲ့ ရွင္တို႔ မင္းသမီး ဘယ္ေလာက္ဆိုးလဲ ၾကည့္လိုက္🤪🤪🤪 Zoey by Ma Pont ရဲ႕ ရႈတင္မွာ Stylist Putu ကို ႏွိပ္စက္ထားတာ” ဆိုျပီး ေႁမြအရမ္းေၾကာက္တဲ့ လုပ္ေဖာ္ကိုင္ဖက္ကို ဂုတ္ေပၚေႁမြတင္ေပးၿပီး ေဆးႀကီးႀကီးထိုး စေနာက္ခဲ့တဲ့ အမွတ္တရေလးကို အခုလိုပဲ ခ်ျပလာခဲ့ပါတယ္။

သက္မြန္ျမင့္ကေတာ့ သူမ်ားကို စေနာက္ေနရရင္ ေပ်ာ္ေနတတ္တာ ပရိသတ္ၾကီ မ်က္ျမင္ပါပဲေနာ္။ ပရိသတ္ၾကီးလည္း သက္မြန္ျမင့္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားမယ္လို့ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thet Mon Myint’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အရမ်းကြောက်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကို အတင်းချုပ်ပြီး ဂုတ်ပေါ်မြွေတင်ပေးကာ ဆေးကြီးကြီးထိုး စနောက်ခဲ့တဲ့ သက်မွန်မြင့်ရဲ့ ဗီဒီယို

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီး သက်မွန်မြင့်ဟာဆိုရင် သီချင်းဗီစီဒီတွေ ရိုက်ကူးရာကနေ လူသိများပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးလို့တောင် တင်စားထားရတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် အနုပညာလောကအတွက် တာဝန်ကျေသူတစ်ယောက်ဖြစ်တဲ့အပြင် မိသားစုအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက ပျော်ပျော်နေတတ်ပြီး သူများကို စနောက်ရတာ ဝါသနာပါတဲ့ သက်မွန်မြင့်က သူမရဲ့ အနီးအနားမှာရှိတဲ့ ဘယ်သူ့ကိုမဆို ဆေးကြီးကြီးထိုး စနောက်တတ်တာကို ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ ဒီကနေ့မှာလည်း သက်မွန်မြင့်က “ရှင်တို့ အေးတယ်ပြောတဲ့ ရှင်တို့ မင်းသမီး ဘယ်လောက်ဆိုးလဲ ကြည့်လိုက်🤪🤪🤪 Zoey by Ma Pont ရဲ့ ရှုတင်မှာ Stylist Putu ကို နှိပ်စက်ထားတာ” ဆိုပြီး မြွေအရမ်းကြောက်တဲ့ လုပ်ဖော်ကိုင်ဖက်ကို ဂုတ်ပေါ်မြွေတင်ပေးပြီး ဆေးကြီးကြီးထိုး စနောက်ခဲ့တဲ့ အမှတ်တရလေးကို အခုလိုပဲ ချပြလာခဲ့ပါတယ်။

သက်မွန်မြင့်ကတော့ သူများကို စနောက်နေရရင် ပျော်နေတတ်တာ ပရိသတ်ကြီ မျက်မြင်ပါပဲနော်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thet Mon Myint’s fb
Bilie – Cele Connections

error: Alert: Content is protected !!