အခ်စ္ဆံုးသူငယ္ခ်င္း ပြင့္နဒီေမာင္ဆီက မဂၤလာလက္ဖြဲ့အျဖစ္ ေနာက္ဆံုးေပၚ TV ၾကီးလက္ေဆာင္ရရိွခဲ့တဲ့ ဘုန္းလွ်ံ

ဇာတ္ပို့၊ ဇာတ္ရံ သရုပ္ေဆာင္ ဘုန္းလွ်ံကေတာ့ ဗီဒီယိုဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ပရိသတ္အားေပးမႈကို အထိုက္အေလ်ာက္ရရိွပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဘုန္းလွ်ံက လႈမႈေရးကိစၥတစ္ခုေၾကာင့္ ပရိသတ္ေတြနဲ့ (၇)နွစ္ေက်ာ္ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့ေပမယ့္ အခုဆိုရင္ေတာ့ ပရိသတ္အားေပးမႈကို တစ္ေၾကာ့ျပန္ရရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘုန္းလွ်ံက သူ့ဘဝရဲ့ လက္တြဲေဖာ္ကိုလည္း ရွာေတြ့ခဲ့ျပီျဖစ္ျပီး ကိုယ္ပိုင္မိသားစုဘဝေလးကို တည္ေဆာက္ေတာ့မွာပဲ ျဖစ္ပါတယ္။

လာမယ့္ နိုဝင္ဘာလအတြင္းမွာ လက္ထပ္ၾကေတာ့မယ့္ ဘုန္းလွ်ံတို့ ခ်စ္သူနွစ္ေယာက္ကေတာ့ အခုကတည္းက ရင္းနွီးသူမိတ္ေဆြေတြဆီကေန မဂၤလာအၾကိဳလက္ဖြဲ့ေတြကို ရရိွေနျပီပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ဘုန္းလွ်ံက သူ့ရဲ့ ငယ္သူငယ္ခ်င္းလည္းျဖစ္သလို လုပ္ေဖာ္ကိုင္ဖက္လည္းျဖစ္တဲ့ အခ်စ္ဆံုးသူငယ္ခ်င္း ပြင့္နဒီေမာင္ဆီကေန SONY smart TV တစ္လံုးကို မဂၤလာလက္ဖြဲ့ရရိွခဲ့ေၾကာင္း ေျပာလာခဲ့ပါတယ္။

ဘုန္းလွ်ံနဲ့ ပြင့္နဒီေမာင္တို့ကေတာ့ အနုပညာအလုပ္ေတြကိုလည္း အတူတူလုပ္ကိုင္ခဲ့ဖူးသလို အျပင္မွာလည္း တစ္ေယာက္နဲ့တစ္ေယာက္ ေမာင္နွမလိုခင္မင္ရင္းနွီးၾကတဲ့ သူငယ္ခ်င္းေတြပဲ ျဖစ္ၾကပါတယ္။ ပရိသတ္ၾကီးလည္း ခ်စ္စရာေကာင္းတဲ့ သူငယ္ခ်င္းနွစ္ေယာက္ရဲ့ သံေယာဇဥ္ေၾကာင့္ ၾကည္နူးေနမိမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Bhone Hlyan ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အချစ်ဆုံးသူငယ်ချင်း ပွင့်နဒီမောင်ဆီက မင်္ဂလာလက်ဖွဲ့အဖြစ် နောက်ဆုံးပေါ် TV ကြီးလက်ဆောင်ရရှိခဲ့တဲ့ ဘုန်းလျှံ

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် ဘုန်းလျှံကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အထိုက်အလျောက်ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက လှုမှုရေးကိစ္စတစ်ခုကြောင့် ပရိသတ်တွေနဲ့ (၇)နှစ်ကျော် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပေမယ့် အခုဆိုရင်တော့ ပရိသတ်အားပေးမှုကို တစ်ကြော့ပြန်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းလျှံက သူ့ဘဝရဲ့ လက်တွဲဖော်ကိုလည်း ရှာတွေ့ခဲ့ပြီဖြစ်ပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်တော့မှာပဲ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလအတွင်းမှာ လက်ထပ်ကြတော့မယ့် ဘုန်းလျှံတို့ ချစ်သူနှစ်ယောက်ကတော့ အခုကတည်းက ရင်းနှီးသူမိတ်ဆွေတွေဆီကနေ မင်္ဂလာအကြိုလက်ဖွဲ့တွေကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘုန်းလျှံက သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်း ပွင့်နဒီမောင်ဆီကနေ SONY smart TV တစ်လုံးကို မင်္ဂလာလက်ဖွဲ့ရရှိခဲ့ကြောင်း ပြောလာခဲ့ပါတယ်။

ဘုန်းလျှံနဲ့ ပွင့်နဒီမောင်တို့ကတော့ အနုပညာအလုပ်တွေကိုလည်း အတူတူလုပ်ကိုင်ခဲ့ဖူးသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် မောင်နှမလိုခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ သံယောဇဉ်ကြောင့် ကြည်နူးနေမိမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Bhone Hlyan ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!