



ယူနီကုဒ်ဖြင့်ဖတ်ရန်

ထက်ထက်မိုးဦးနဲ့ ဇင်ဇင်ဇော်မြင့်ဆီမှာ တစ်ညတည်းနဲ့ လက်ဝတ်ရတနာပစ္စည်း သိန်း (၆၀၀) ကျော်ဖိုး ဝယ်ယူအားပေးခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင်နဲ့ မော်ဒယ်လ် စမိုင်းလ်ကတော့ သူမရဲ့ အအောင်မြင်ဆုံးအချိန်မှာပဲ အိမ်ထောင်ပြုခဲ့ပြီးနောက် နိုင်ငံရပ်ခြားမှာ ပင်ပန်းခက်ခဲစွာနဲ့ စီးပွားရှာဖွေခဲ့ရတာ ပရိသတ်ကြီးအားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ စမိုင်းလ်တို့ ဇနီးမောင်နှံက ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပြီး သမီးလေးတွေမွေးဖွားပြီးချိန်မှာတော့ စီးပွားရေးပြေလည်လာခဲ့ပြီး အခုဆိုရင် လူတကာက အားကျရတဲ့အထိ ပစ္စည်းဥစ္စာကြွယ်ဝလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ရှာဖွေရရှိသမျှ ငွေကြေးတွေကို အလှူအတန်းတွေပြုလုပ်သလို စည်းစနစ်တကျနဲ့ သုံးစွဲတဲ့ စမိုင်းလ်ကို ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။

ဒီတစ်ခေါက်မှာလည်း စမိုင်းလ်က တော်ရုံလူမလုပ်နိုင်တဲ့အထိ တစ်ညတည်းနဲ့ သိန်းရာချီအသုံးပြုပြီး ရတနာပစ္စည်းတွေကို ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ဆီက (၅၅) သိန်းတန် နားကပ်၊ သရုပ်ဆောင် ထက်ထက်မိုးဦးဆီက သိန်း (၄၁၀) တန် စိန်ဘယက်အပြင် အခြားသော လက်ဝတ်ရတနာတွေကို တစ်ထိုင်တည်း ဝယ်ယူအားပေးခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ပစ္စည်းတွေကို မက်မောတာထက် အနုပညာညီအစ်ကိုမောင်နှမချင်း ဝန်းရံပေးချင်တာကြောင့် ရတနာပစ္စည်းတွေကို အများကြီး ဝယ်ယူအားပေးခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ စမိုင်းလ်တစ်ယောက် ရတနာပစ္စည်းတွေကို ဒီထက်မက ပိုင်ဆိုင်နိုင်ပြီး စီးပွားဥစ္စာများလည်း ဆထက်တမ်းပိုး တိုးပွားပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo & Zin Zin Zaw Myint’s fb
Bilie – Cele Connections

error: Alert: Content is protected !!