ေမြးေန့ကိတ္ထဲမွာ ပိုက္ဆံေတြအမ်ားၾကီးထည့္ထားတဲ့ ညီမေလးေဝလာရီရဲ့ Surprise လက္ေဆာင္ေၾကာင့္ မ်က္ရည္ေတြက်တဲ့အထိျဖစ္ခဲ့ရတဲ့ လိေမၼာ္သီး

အနုပညာေလာကရဲ့ လင္းလက္ေတာက္ပတဲ့ ၾကယ္ပြင့္ေလးနွစ္ပြင့္ျဖစ္တဲ့ လိေမၼာ္သီးနဲ့ ေဝလာရီက ေအာင္ျမင္တဲ့ အနုပညာလမ္းမေပၚမွာ ကိုယ္စီေလွ်ာက္လွမ္းေနၾကတဲ့ ညီအစ္မအရင္းေတြပဲ ျဖစ္္ပါတယ္။ လိေမၼာ္သီးကလည္း အဆိုပိုင္းမွာ ေအာင္ျမင္သလို ညီမေလး ေဝလာရီကလည္း သရုပ္ေဆာင္ဘက္မွာ ထူးခၽြန္သူေလးတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို အခုိင္အမာရရိွထားၾကတာပဲ ျဖစ္ပါတယ္ ။ ပရိသတ္ေတြက ခ်စ္စရာေကာင္းတဲ့ မြန္ညီအစ္မျဖစ္တဲ့ လိေမၼာ္သီးနဲ့ ေဝလာရီတို့ ညီအစ္မရဲ့ အနုပညာလႈပ္ရွားမႈတိုင္းကို စိတ္ဝင္စားစြာနဲ့ အားေပးၾကပါတယ္။

မေန့က ေအာက္တိုဘာလ (၂၄) ရက္ေန့ကေတာ့ အဆိုေတာ္ လိေမၼာ္သီးရဲ့ အသက္ (၃၁) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ လိေမၼာ္သီးက သူမရဲ့ေမြးေန့မွာ မိသားစုေတြနဲ့အတူတူ ကိတ္မုန့္ေလးခြဲခဲ့ရာ ေမြးေန့ကိတ္ထဲမွာ ေငြေတြအမ်ားၾကီးထည့္ထားတဲ့ ညီမေလးေဝလာရီရဲ့ Surprise လက္ေဆာင္ေၾကာင့္ မ်က္ရည္ေတြက်တဲ့အထိျဖစ္ခဲ့ရတာကို အခုလိုပဲ ေတြ့ရပါတယ္။

လိေမၼာ္သီးကေတာ့ မိသားစုရဲ့ အစ္မၾကီးပီပီ မိခင္နဲ့ ေမာင္ေလး၊ ညီမေလးေတြအေပၚ အစစအရာရာ လိုေလေသးမရိွ ျပည့္စံုေအာင္ထားေပးသလို ေဝလာရီေလးကလည္း သူမေျခေထာက္ေပၚ သူမ ရပ္တည္နိုင္ခ်ိန္မွာ အျမဲတမ္း အနစ္နာခံေပးတဲ့ မမလိေမၼာ္သီးအေပၚ ေက်းဇူးျပန္သိတတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ခ်စ္စရာေကာင္းတဲ့ ေဝလာရီနဲ့ လိေမၼာ္သီးတို့ ညီအစ္မနွစ္ေယာက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး ထပ္တူၾကည္နူးေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Mi Mon Mon Thike ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့ကိတ်ထဲမှာ ပိုက်ဆံတွေအများကြီးထည့်ထားတဲ့ ညီမလေးဝေလာရီရဲ့ Surprise လက်ဆောင်ကြောင့် မျက်ရည်တွေကျတဲ့အထိဖြစ်ခဲ့ရတဲ့ လိမ္မော်သီး

အနုပညာလောကရဲ့ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးနှစ်ပွင့်ဖြစ်တဲ့ လိမ္မော်သီးနဲ့ ဝေလာရီက အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတဲ့ ညီအစ်မအရင်းတွေပဲ ဖြစ်ပါတယ်။ လိမ္မော်သီးကလည်း အဆိုပိုင်းမှာ အောင်မြင်သလို ညီမလေး ဝေလာရီကလည်း သရုပ်ဆောင်ဘက်မှာ ထူးချွန်သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာရရှိထားကြတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေက ချစ်စရာကောင်းတဲ့ မွန်ညီအစ်မဖြစ်တဲ့ လိမ္မော်သီးနဲ့ ဝေလာရီတို့ ညီအစ်မရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာနဲ့ အားပေးကြပါတယ်။

မနေ့က အောက်တိုဘာလ (၂၄) ရက်နေ့ကတော့ အဆိုတော် လိမ္မော်သီးရဲ့ အသက် (၃၁) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လိမ္မော်သီးက သူမရဲ့မွေးနေ့မှာ မိသားစုတွေနဲ့အတူတူ ကိတ်မုန့်လေးခွဲခဲ့ရာ မွေးနေ့ကိတ်ထဲမှာ ငွေတွေအများကြီးထည့်ထားတဲ့ ညီမလေးဝေလာရီရဲ့ Surprise လက်ဆောင်ကြောင့် မျက်ရည်တွေကျတဲ့အထိဖြစ်ခဲ့ရတာကို အခုလိုပဲ တွေ့ရပါတယ်။

လိမ္မော်သီးကတော့ မိသားစုရဲ့ အစ်မကြီးပီပီ မိခင်နဲ့ မောင်လေး၊ ညီမလေးတွေအပေါ် အစစအရာရာ လိုလေသေးမရှိ ပြည့်စုံအောင်ထားပေးသလို ဝေလာရီလေးကလည်း သူမခြေထောက်ပေါ် သူမ ရပ်တည်နိုင်ချိန်မှာ အမြဲတမ်း အနစ်နာခံပေးတဲ့ မမလိမ္မော်သီးအပေါ် ကျေးဇူးပြန်သိတတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ချစ်စရာကောင်းတဲ့ ဝေလာရီနဲ့ လိမ္မော်သီးတို့ ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ထပ်တူကြည်နူးနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mi Mon Mon Thike ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!