အကုန္လံုးဒုကၡေရာက္ေနခ်ိန္မွာ သူမရဲ့ နာမည္နဲ့ ပံုရိပ္ကို အသံုးခ်ျပီး လိမ္လည္ေနတာေတြရိွေၾကာင္း ခ်ျပလာတဲ့ ျဖဴျဖဴေထြး

ခ်စ္စရာေကာင္းတဲ့ အျပံုးေလးေတြကို ပိုင္ဆိုင္ထားတဲ့ ျဖဴျဖဴေထြးက ေက်းရြာသူေလးတစ္ေယာက္ပီပီ ရိုးသားျဖဴစင္ျပီး ပြင့္လင္းလွလြန္းသူ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက အနုပညာလမ္းေၾကာင္းေပၚကို မထင္မွတ္ပဲ ေရာက္ရိွလာျပီးေနာက္ အခုဆိုရင္ တိုင္းသိျပည္သိ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ရပ္တည္ေနျပီပဲ ျဖစ္ပါတယ္။ တစ္ေန့တစ္ျခား ေအာင္ျမင္မႈေတြမ်ားစြာတိုးလာခဲ့တဲ့ ျဖဴျဖဴေထြးက သူမရဲ့ ကိုယ္ပိုင္တိုက္၊ ကိုယ္ပိုင္ကားေတြနဲ့ ျပည့္စံုတဲ့ဘဝေလးကို ပိုင္ဆိုင္ထားခဲ့ျပီပဲ ျဖစ္ပါတယ္။

လူေလးခ်စ္စရာေကာင္းသလို အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းတတ္တဲ့ ျဖဴျဖဴေထြးက ဒီကေန့မွာေတာ့ သူမရဲ့ နာမည္နဲ့ ပံုရိပ္ကို အသံုးခ်ျပီး လိမ္လည္ေနတာေတြရိွေၾကာင္း ခ်ျပလာခဲ့ပါတယ္။ ျဖဴျဖဴေထြးကေတာ့ သူမရဲ့ နာမည္နဲ့ ေငြေၾကးအလြဲသံုးစားလုပ္ျပီး လိမ္လည္လွည့္ဖ်ားမႈေတြရိွေၾကာင္းကို “အားလုံးဒုကၡ​ေရာက္ေနပါတယ္ဆိုမွ သမီးနာမည္အသုံးခ်ၿပီး လိမ္ေနတာေတြရပ္ၾကပါေတာ့ 😪😡” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ျဖဴျဖဴေထြးကေတာ့ သူမကိုယ္တိုင္ အလွဴအတန္းေတြကို ျပဳလုပ္ေနတာျဖစ္ျပီး အခုလိုလူမႈကြန္ယက္စာမ်က္နွာမွာ မဟုတ္မမွန္ေရးသားတာေတြေၾကာင့္ စိတ္အေနွာက္အယွက္ ျဖစ္ေနရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အကုန်လုံးဒုက္ခရောက်နေချိန်မှာ သူမရဲ့ နာမည်နဲ့ ပုံရိပ်ကို အသုံးချပြီး လိမ်လည်နေတာတွေရှိကြောင်း ချပြလာတဲ့ ဖြူဖြူထွေး

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက ကျေးရွာသူလေးတစ်ယောက်ပီပီ ရိုးသားဖြူစင်ပြီး ပွင့်လင်းလှလွန်းသူ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အနုပညာလမ်းကြောင်းပေါ်ကို မထင်မှတ်ပဲ ရောက်ရှိလာပြီးနောက် အခုဆိုရင် တိုင်းသိပြည်သိ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေများစွာတိုးလာခဲ့တဲ့ ဖြူဖြူထွေးက သူမရဲ့ ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားတွေနဲ့ ပြည့်စုံတဲ့ဘဝလေးကို ပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။

လူလေးချစ်စရာကောင်းသလို အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတတ်တဲ့ ဖြူဖြူထွေးက ဒီကနေ့မှာတော့ သူမရဲ့ နာမည်နဲ့ ပုံရိပ်ကို အသုံးချပြီး လိမ်လည်နေတာတွေရှိကြောင်း ချပြလာခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ သူမရဲ့ နာမည်နဲ့ ငွေကြေးအလွဲသုံးစားလုပ်ပြီး လိမ်လည်လှည့်ဖျားမှုတွေရှိကြောင်းကို “အားလုံးဒုက္ခရောက်နေပါတယ်ဆိုမှ သမီးနာမည်အသုံးချပြီး လိမ်နေတာတွေရပ်ကြပါတော့ 😪😡” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ သူမကိုယ်တိုင် အလှူအတန်းတွေကို ပြုလုပ်နေတာဖြစ်ပြီး အခုလိုလူမှုကွန်ယက်စာမျက်နှာမှာ မဟုတ်မမှန်ရေးသားတာတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections

error: Alert: Content is protected !!