ေဆးရံုတက္ေနရေပမယ့္လည္း အေဝးကေန ဂရုတစိုက္ရိွၾကတဲ့ သား၊သမီးနဲ့ ေျမးေတြေၾကာင့္ စိတ္ေရာလူပါ လန္းလန္းဆန္းဆန္းျဖစ္ေနတဲ့ ေက်ာ္သူ

မင္းသားၾကီး ေက်ာ္သူကေတာ့ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ထင္ရွားေက်ာ္ၾကားရံုသာမကပဲ ဒါရိုက္တာတစ္ေယာက္အျဖစ္ေရာ၊ စာေရးဆရာတစ္ေယာက္အျဖစ္ပါ ေအာင္ျမင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ အနုပညာသမားတစ္ေယာက္ပီပီ စိတ္နွလံုးသား သိမ္ေမြ့လြန္းတဲ့ ေက်ာ္သူက နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ့ ဥကၠဌတစ္ေယာက္ အျဖစ္လည္း တာဝန္ယူေဆာင္ရြက္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ စိတ္ထားေကာင္းျပီး သေဘာေကာင္း မေနာေကာင္းတဲ့ ေက်ာ္သူကို ပရဟိတမင္းသားၾကီးလို့ေတာင္ ခ်စ္စနိုးနဲ့ နာမည္ေပးထားၾကတာပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ေက်ာ္သူက Covid-19 ေရာဂါ ကူးစက္ခံခဲ့ရတာေၾကာင့္ ေျမာက္ဥကၠလာေဆးရံုမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ေက်ာ္သူကေတာ့ မိသားစုေတြနဲ့ခြဲခြာျပီး ေဆးရံုတက္ေနရေပမယ့္လည္း အေဝးကေန ဂရုတစိုက္ရိွၾကတဲ့ သား၊သမီးနဲ့ ေျမးေတြေၾကာင့္ စိတ္ရႊင္ လူလန္းျဖစ္ေနတာကို အခုလိုပဲ ေတြ့ရပါတယ္။

ေက်ာ္သူကေတာ့ ပရိသတ္ေတြေရာ မိသားစုေတြပါ ပို့သတဲ့ ေမတၱာေၾကာင့္ အျမန္ဆံုးသက္သာလာမွာ ေသခ်ာပါတယ္။ ပရိသတ္ၾကီးလည္း ဦးေက်ာ္သူတစ္ေယာက္ အျမန္ဆံုး ေဆးရံုကဆင္းဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆေးရုံတက်နေရပေမယ့်လည်း အဝေးကနေ ဂရုတစိုက်ရှိကြတဲ့ သား၊သမီးနဲ့ မြေးတွေကြောင့် စိတ်ရောလူပါ လန်းလန်းဆန်းဆန်းဖြစ်နေတဲ့ ကျော်သူ

မင်းသားကြီး ကျော်သူကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ထင်ရှားကျော်ကြားရုံသာမကပဲ ဒါရိုက်တာတစ်ယောက်အဖြစ်ရော၊ စာရေးဆရာတစ်ယောက်အဖြစ်ပါ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာသမားတစ်ယောက်ပီပီ စိတ်နှလုံးသား သိမ်မွေ့လွန်းတဲ့ ကျော်သူက နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌတစ်ယောက် အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ စိတ်ထားကောင်းပြီး သဘောကောင်း မနောကောင်းတဲ့ ကျော်သူကို ပရဟိတမင်းသားကြီးလို့တောင် ချစ်စနိုးနဲ့ နာမည်ပေးထားကြတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကျော်သူက Covid-19 ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ကျော်သူကတော့ မိသားစုတွေနဲ့ခွဲခွာပြီး ဆေးရုံတက်နေရပေမယ့်လည်း အဝေးကနေ ဂရုတစိုက်ရှိကြတဲ့ သား၊သမီးနဲ့ မြေးတွေကြောင့် စိတ်ရွှင် လူလန်းဖြစ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

ကျော်သူကတော့ ပရိသတ်တွေရော မိသားစုတွေပါ ပို့သတဲ့ မေတ္တာကြောင့် အမြန်ဆုံးသက်သာလာမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ဦးကျော်သူတစ်ယောက် အမြန်ဆုံး ဆေးရုံကဆင်းဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!