အားတဲ့အခ်ိန္ေလးမွာ ရုပ္ရွင္ဇာတ္လမ္းတြဲေတြ ၾကည့္ရလြန္းလို့ က်န္းမာေရးကိုပါ ထိခိုက္လာျပီျဖစ္ေၾကာင္း ရင္ဖြင့္လာတဲ့ အိျႏၵာေက်ာ္ဇင္

အူဝဲလို့ ပရိသတ္ေတြ ခ်စ္စနိုးနဲ့ေခၚၾကတဲ့ မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္က အလွမယ္တစ္ေယာက္အျဖစ္ အနုပညာေလာကထဲကို ဝင္ေရာက္ခဲ့ျပီး ေၾကာ္ျငာေတြ၊ သီခ်င္းဗီစီဒီေတြမွာ လက္မလည္ေအာင္ သရုပ္ေဆာင္နိုင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က သူမရဲ့ အနုပညာသက္တမ္း နွစ္နွစ္ဆယ္ေက်ာ္အတြင္းမွာ အကယ္ဒမီဆုၾကီး နွစ္ဆုတိတိရရိွပိုင္ဆိုင္ခဲ့ျပီး (၂၀၁၈) ခုနွစ္မွာလည္း Myanmar’s Pride Award ဆုၾကီးကို ရရိွပို္င္ဆိုင္နိုင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ အိျႏၵာေက်ာ္ဇင္က အနုပညာလႈပ္ရွားမႈေတြအားလံုး ရပ္နားထားျပီး ေနအိမ္မွာပဲ မိသားစုနဲ့ အနားယူေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ အိျႏၵာေက်ာ္ဇင္က သူမကို လြမ္းေနၾကတဲ့ ပရိသတ္ေတြအတြက္ အမွတ္တရဓာတ္ပံုေလးေတြကို တင္ေပးရင္း “ဪ… တေန႔တေန႔ ႐ုပ္ရွင္ေတြဇာတ္လမ္းတြဲေတြၾကည့္ၾကည့္ၿပီး မအားဘူး ကြၽန္မလဲ😁 မ်ကိစိေတြလဲ ေဝဝါး, အိပ္ေရးေတြလဲပ်က္,ႀကီးေပါင္းေတြလဲတက္ေနၿပီလားေတာင္မသိ😌 ဒီေန႔ေတာ့ ပုံေလးလဲမတင္တာၾကာၿပီဆိုၿပီး မိုင္စစ္ရဲ႕ Vivid ဆိုင္ကေနၿပီး အသစ္ထြက္တဲ့ ready to wear အက်ႌေလးေတြထဲက တစ္ထည္ယူဝတ္လိုက္ၿပီး စိတ္လိုလက္ရ ဓါတ္ပုံေလး႐ိုက္တင္လိုက္ပါတယ္လို႔😉🧡ဪ အာ့မ်ိဳး အက်ႌေလးဝတ္ခ်င္ရင္ အဆင္စုံ ဆိုဒ္စုံ VIVID Fashion TASTE မွာရွိတယ္ေနာ္..” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

အိျႏၵာေက်ာ္ဇင္ကေတာ့ ရုပ္ရွင္ရိုက္ကူးမႈေတြကို ရပ္နားထားခဲ့တာ (၆) လေက်ာ္ရိွျပီျဖစ္ျပီး ရိွတဲ့အခ်ိန္ေလးကို သူမလုပ္ခ်င္တာေလးေတြလုပ္ရင္း ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အားတဲ့အချိန်လေးမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကြည့်ရလွန်းလို့ ကျန်းမာရေးကိုပါ ထိခိုက်လာပြီဖြစ်ကြောင်း ရင်ဖွင့်လာတဲ့ အိန္ဒြာကျော်ဇင်

အူဝဲလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်က အလှမယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး ကြော်ငြာတွေ၊ သီချင်းဗီစီဒီတွေမှာ လက်မလည်အောင် သရုပ်ဆောင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သူမရဲ့ အနုပညာသက်တမ်း နှစ်နှစ်ဆယ်ကျော်အတွင်းမှာ အကယ်ဒမီဆုကြီး နှစ်ဆုတိတိရရှိပိုင်ဆိုင်ခဲ့ပြီး (၂၀၁၈) ခုနှစ်မှာလည်း Myanmar’s Pride Award ဆုကြီးကို ရရှိပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်က အနုပညာလှုပ်ရှားမှုတွေအားလုံး ရပ်နားထားပြီး နေအိမ်မှာပဲ မိသားစုနဲ့ အနားယူနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် အမှတ်တရဓာတ်ပုံလေးတွေကို တင်ပေးရင်း “ဪ… တနေ့တနေ့ ရုပ်ရှင်တွေဇာတ်လမ်းတွဲတွေကြည့်ကြည့်ပြီး မအားဘူး ကျွန်မလဲ😁 မျကိစိတွေလဲ ဝေဝါး, အိပ်ရေးတွေလဲပျက်,ကြီးပေါင်းတွေလဲတက်နေပြီလားတောင်မသိ😌 ဒီနေ့တော့ ပုံလေးလဲမတင်တာကြာပြီဆိုပြီး မိုင်စစ်ရဲ့ Vivid ဆိုင်ကနေပြီး အသစ်ထွက်တဲ့ ready to wear အင်္ကျီလေးတွေထဲက တစ်ထည်ယူဝတ်လိုက်ပြီး စိတ်လိုလက်ရ ဓါတ်ပုံလေးရိုက်တင်လိုက်ပါတယ်လို့😉🧡ဪ အာ့မျိုး အင်္ကျီလေးဝတ်ချင်ရင် အဆင်စုံ ဆိုဒ်စုံ VIVID Fashion TASTE မှာရှိတယ်နော်..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားခဲ့တာ (၆) လကျော်ရှိပြီဖြစ်ပြီး ရှိတဲ့အချိန်လေးကို သူမလုပ်ချင်တာလေးတွေလုပ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

error: Alert: Content is protected !!