သိန္းဆယ္နဲ့ခ်ီတဲ့ Branded ပစၥည္းေတြကို ဘယ္ကမွန္းမသိလက္ေဆာင္ရခဲ့လို့ ခ်စ္သူဆီကေတာင္ စိတ္ေကာက္ခံေနရတဲ့ ေဇရဲထက္

သ႐ုပ္ေဆာင္ မင္းသားေခ်ာေလး ေဇရဲထက္က အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာခ်ိန္ကစၿပီး အခုခ်ိန္ထိ နာမည္ပ်က္မရွိပဲ ေအာင္ျမင္စြာ ရပ္တည္ေနသူတစ္ဦးပါပဲ။ ေဇရဲထက္က သူ႔ရဲ့သ႐ုပ္ေဆာင္ေကာင္းမွုေၾကာင့္ ဗီဒီယိုဇာတ္ကား ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရၿပီး လက္ရွိမွာေတာ့့ အနုပညာအလုပ္ေတြနဲ့ အနည္းငယ္ အဆက္အသြယ္ ျပတ္ေတာက္ေနခဲ့ျပီ ျဖစ္ပါတယ္။ ေဇရဲထက္ကေတာ့ အရင္ကလို ဇာတ္ကားေတြ မရိုက္ျဖစ္ေတာ့ေပမယ့္ သူ့ကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ ေဇရဲထက္ရဲ့ လႈပ္ရွားမႈတိုင္းကို စိတ္ဝင္စားေနၾကဆဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေဇရဲထက္က သိန္းဆယ္နဲ့ခ်ီတဲ့ တန္ဖိုးၾကီးပစၥည္းေတြကို ဘယ္ကမွန္းမသိလက္ေဆာင္ရခဲ့လို့ ခ်စ္သူဆီက စိတ္ေကာက္ခံေနရတယ္ဆိုျပီး အခုလိုပဲ ေျပာလာတာကို ေတြ့ရပါတယ္။ “Woow. My birthday present surprise ဘယ္သူလည္းဟင္ သိခ်င္ အားးး သိန္း ဆယ္ေက်ာ္တယ္ေလ. Very very happy. ေစတနာေကာင္းကံေကာင္းတယ္တဲ့ အခုလို covidမွာ ေစတနာထားၿပီးပို႔ေပးတဲ့ ဘယ္သူမွန္းမသိတဲ့လူ က်န္းမာခ်မ္းသာပါေစ 🙏🙏🙏 အႀကိဳ surpriseနဲ႔တူ.. ပစၥည္းပို႔တာ ဘယ္သူမွန္းမသိ စိတ္ခုန္တာကတပိုင္း piggy 🐷 က ပြားတာကတပိုင္းနဲ႔ ဝက္ျဖစ္ေအာင္စားေနမယ္ဒါပဲ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားလာတာပဲ ျဖစ္ပါတယ္။

ေဇရဲထက္ကေတာ့ သူကိုယ္တိုင္လည္း နာမည္ၾကီး Branded ပစၥည္းေတြကို စုေဆာင္းတတ္သူျဖစ္ျပီး လက္ေဆာင္ေပးတဲ့သူကလည္း ေဇရဲထက္ၾကိဳက္တတ္တဲ့ အသံုးအေဆာင္ေတြကိုခ်ည္း ေရြးခ်ယ္ျပီး ပို့ေပးခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ကံေကာင္းလြန္းလွတဲ့ ေဇရဲထက္ကို ၾကည့္ျပီး အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zay Ye Htet’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သိန်းဆယ်နဲ့ချီတဲ့ Branded ပစ္စည်းတွေကို ဘယ်ကမှန်းမသိလက်ဆောင်ရခဲ့လို့ ချစ်သူဆီကတောင် စိတ်ကောက်ခံနေရတဲ့ ဇေရဲထက်

သရုပ်ဆောင် မင်းသားချောလေး ဇေရဲထက်က အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်ကစပြီး အခုချိန်ထိ နာမည်ပျက်မရှိပဲ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦးပါပဲ။ ဇေရဲထက်က သူ့ရဲ့သရုပ်ဆောင်ကောင်းမှုကြောင့် ဗီဒီယိုဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီ ဖြစ်ပါတယ်။ ဇေရဲထက်ကတော့ အရင်ကလို ဇာတ်ကားတွေ မရိုက်ဖြစ်တော့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ ဇေရဲထက်ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဇေရဲထက်က သိန်းဆယ်နဲ့ချီတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဘယ်ကမှန်းမသိလက်ဆောင်ရခဲ့လို့ ချစ်သူဆီက စိတ်ကောက်ခံနေရတယ်ဆိုပြီး အခုလိုပဲ ပြောလာတာကို တွေ့ရပါတယ်။ “Woow. My birthday present surprise ဘယ်သူလည်းဟင် သိချင် အားးး သိန်း ဆယ်ကျော်တယ်လေ. Very very happy. စေတနာကောင်းကံကောင်းတယ်တဲ့ အခုလို covidမှာ စေတနာထားပြီးပို့ပေးတဲ့ ဘယ်သူမှန်းမသိတဲ့လူ ကျန်းမာချမ်းသာပါစေ 🙏🙏🙏 အကြို surpriseနဲ့တူ.. ပစ္စည်းပို့တာ ဘယ်သူမှန်းမသိ စိတ်ခုန်တာကတပိုင်း piggy 🐷 က ပွားတာကတပိုင်းနဲ့ ဝက်ဖြစ်အောင်စားနေမယ်ဒါပဲ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာတာပဲ ဖြစ်ပါတယ်။

ဇေရဲထက်ကတော့ သူကိုယ်တိုင်လည်း နာမည်ကြီး Branded ပစ္စည်းတွေကို စုဆောင်းတတ်သူဖြစ်ပြီး လက်ဆောင်ပေးတဲ့သူကလည်း ဇေရဲထက်ကြိုက်တတ်တဲ့ အသုံးအဆောင်တွေကိုချည်း ရွေးချယ်ပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကံကောင်းလွန်းလှတဲ့ ဇေရဲထက်ကို ကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zay Ye Htet’s fb
Bilie – Cele Connections

error: Alert: Content is protected !!