တစ္ေန့တစ္ေန့ ဝက္ဝက္ကြဲေရာင္းေနရတဲ့ သူငယ္ခ်င္း ပြင့္နဒီေမာင္ရဲ့ စားေသာက္လုပ္ငန္းအတြက္ လုပ္အားေပးကူညီေပးခဲ့တဲ့ ဘုန္းလွ်ံ

သရုပ္ေဆာင္ ဘုန္းလွ်ံကေတာ့ ျပီးခဲ့တဲ့ ဧျပီလ (၁၇) ရက္ေန့က သူ့ရဲ့အျပစ္ေတြအားလံုးကို ေဆးေၾကာျပီး အခုဆိုရင္ သူ့ရဲ့အလုပ္ေတြကို ျပန္လည္လုပ္ကိုင္ျပီး ပံုမွန္ဘဝမွာ အေျခခ်ေနထိုင္ေနျပီပဲ ျဖစ္ပါတယ္။ ဘုန္းလွ်ံက သူဝါသနာပါ ျမတ္နိုးတဲ့ အနုပညာလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္သြားမွာျဖစ္ျပီး လက္ရိွမွာေတာ့ သူ့ရဲ့ ဇနီးေလာင္းနဲ့အတူတူ စားေသာက္ကုန္လုပ္ငန္းတစ္ခုကို တစ္နိုင္တစ္ပိုင္ လုပ္ကိုင္ေနလ်က္ရိွပါတယ္။ အားလံုးနဲ့ (၇) နွစ္ေလာက္ အဆက္အသြယ္ ျပတ္ေတာက္သြားေပမယ့္ လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းေတြနဲ့ အရင္ကအတိုင္း အခင္အမင္မျပတ္ရိွေနဆဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း ဘုန္းလွ်ံက သူ့ရဲ့ ငယ္သူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့ သရုပ္ေဆာင္ ပြင့္နဒီေမာင္ဆီကို သြားေရာက္လည္ပတ္ခဲ့တဲ့အေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “ပိုးအိတို႔ရဲ႕ဝက္သားတုတ္ထိုး..ျပင္ဆင္မႈအေျခအေနကို..စစ္ကူသြားေပးေသာအခါ☺☺☺အကယ္ကိုေစတနာထားၿပီးႀကိဳးစားပန္းစားလုပ္ေနေသာပိုးအိကို.ေရလည္ခ်ီးက်ဴးတယ္ကြာ…👍👍👏👏👏👏ဒီထက္မကပိုေရာင္းရပါေစ…” ဆိုျပီး သူငယ္ခ်င္းနွစ္ေယာက္ရဲ့ ပံုရိပ္ေတြကို ျပသလာပါတယ္။

ဘုန္းလွ်ံကေတာ့ တစ္ေန့တစ္ေန့ ဝက္ဝက္ကြဲေရာင္းေနရတဲ့ သူငယ္ခ်င္း ပြင့္နဒီေမာင္ရဲ့ စားေသာက္လုပ္ငန္းအတြက္ လုပ္အားေပးကူညီေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သူငယ္ခ်င္းနွစ္ေယာက္ရဲ့ ပံုရိပ္ေလးေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Bhone Hlyan’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်နေ့တစ်နေ့ ဝက်ဝက်ကွဲရောင်းနေရတဲ့ သူငယ်ချင်း ပွင့်နဒီမောင်ရဲ့ စားသောက်လုပ်ငန်းအတွက် လုပ်အားပေးကူညီပေးခဲ့တဲ့ ဘုန်းလျှံ

သရုပ်ဆောင် ဘုန်းလျှံကတော့ ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက်နေ့က သူ့ရဲ့အပြစ်တွေအားလုံးကို ဆေးကြောပြီး အခုဆိုရင် သူ့ရဲ့အလုပ်တွေကို ပြန်လည်လုပ်ကိုင်ပြီး ပုံမှန်ဘဝမှာ အခြေချနေထိုင်နေပြီပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက သူဝါသနာပါ မြတ်နိုးတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ ဇနီးလောင်းနဲ့အတူတူ စားသောက်ကုန်လုပ်ငန်းတစ်ခုကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေလျက်ရှိပါတယ်။ အားလုံးနဲ့ (၇) နှစ်လောက် အဆက်အသွယ် ပြတ်တောက်သွားပေမယ့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ အရင်ကအတိုင်း အခင်အမင်မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ဘုန်းလျှံက သူ့ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ပွင့်နဒီမောင်ဆီကို သွားရောက်လည်ပတ်ခဲ့တဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။ “ပိုးအိတို့ရဲ့ဝက်သားတုတ်ထိုး..ပြင်ဆင်မှုအခြေအနေကို..စစ်ကူသွားပေးသောအခါ☺☺☺အကယ်ကိုစေတနာထားပြီးကြိုးစားပန်းစားလုပ်နေသောပိုးအိကို.ရေလည်ချီးကျူးတယ်ကွာ…👍👍👏👏👏👏ဒီထက်မကပိုရောင်းရပါစေ…” ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်တွေကို ပြသလာပါတယ်။

ဘုန်းလျှံကတော့ တစ်နေ့တစ်နေ့ ဝက်ဝက်ကွဲရောင်းနေရတဲ့ သူငယ်ချင်း ပွင့်နဒီမောင်ရဲ့ စားသောက်လုပ်ငန်းအတွက် လုပ်အားပေးကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Bhone Hlyan’s fb
Bilie – Cele Connections

error: Alert: Content is protected !!