စကၠန့္ပိုင္းေလာက္ပဲရိွတဲ့ ဗီဒီယိုေလးတစ္ပုဒ္မွာ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်တဲ့အထိ သရုပ္ေဆာင္ေကာင္းခဲ့တဲ့ ျဖဴျဖဴေထြး

အျမဲတမ္း ျပံဳးေနတတ္ျပီး သြက္လက္ဖ်က္လတ္လြန္းတဲ့ မိန္းကေလး ျဖဴျဖဴေထြးကို လူၾကီး၊ လူငယ္ ပရိသတ္တိုင္း ၾကိဳက္နွစ္သက္အားေပးၾကမယ္ ထင္ပါတယ္။ ျဖဴျဖဴေထြးကေတာ့ အနုပညာမ်ိဳးရိုးမရိွေပမယ့္ သူမရဲ့ ထူးျခားတဲ့ ပင္ကိုယ္ပါရမီေၾကာင့္ မထင္မွတ္ပဲ အနုပညာလမ္းေၾကာင္းေပၚကို ေရာက္ရိွလာခဲ့တာပဲ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးကေတာ့ အြန္လိုင္းဆယ္လီတစ္ေယာက္အျဖစ္ကေန အခုဆိုရင္ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာပါ ပါဝင္သရုပ္ေဆာင္ေနျပီျဖစ္တာကုိ ေတြ့ရပါတယ္။

သရုပ္ေဆာင္ပညာနဲ့ ပက္သတ္ျပီး ေသခ်ာသင္ယူဖူးျခင္းမရိွတဲ့ ျဖဴျဖဴေထြးကေတာ့ သူမရဲ့ အေသြးထဲ အသားထဲကေနျပီး အနုပညာေသြးေတြ စီးဆင္းေနတယ္လို့ ဆိုနိုင္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ျဖဴျဖဴေထြးက ထက္ယံရဲ့ “ခ်စ္လိုက္” သီခ်င္းေလးနဲ့ Tik Tok ဗီဒီယိုေလးတစ္ပုဒ္ကို ပရိသတ္ေတြအတြက္ မွ်ေဝေပးလာပါတယ္။ ျဖဴျဖဴေထြးက စကၠန့္ပိုင္းေလာက္စာပဲရိွတဲ့ ဗီဒီယိုေလးတစ္ပုဒ္မွာ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်တဲ့အထိ သရုပ္ေဆာင္ေကာင္းခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

ျဖဴျဖဴေထြးကေတာ့ အခုလည္း ေအာင္ျမင္တဲ့ လမ္းေၾကာင္းတစ္ခုေပၚေရာက္ရိွေနျပီျဖစ္ျပီး ေနာက္လည္း ဒီထက္မက ေအာင္ျမင္ဦးမယ့္ ရြက္ပုန္းသီးေလးတစ္ေယာက္ပါပဲ။ ပရိသတ္ၾကီးလည္း ျဖဴျဖဴေထြးရဲ့ ဗီဒီယိုေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

စက္ကန့်ပိုင်းလောက်ပဲရှိတဲ့ ဗီဒီယိုလေးတစ်ပုဒ်မှာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျတဲ့အထိ သရုပ်ဆောင်ကောင်းခဲ့တဲ့ ဖြူဖြူထွေး

အမြဲတမ်း ပြုံးနေတတ်ပြီး သွက်လက်ဖျက်လတ်လွန်းတဲ့ မိန်းကလေး ဖြူဖြူထွေးကို လူကြီး၊ လူငယ် ပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးကြမယ် ထင်ပါတယ်။ ဖြူဖြူထွေးကတော့ အနုပညာမျိုးရိုးမရှိပေမယ့် သူမရဲ့ ထူးခြားတဲ့ ပင်ကိုယ်ပါရမီကြောင့် မထင်မှတ်ပဲ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ်ကနေ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တာကို တွေ့ရပါတယ်။

သရုပ်ဆောင်ပညာနဲ့ ပက်သတ်ပြီး သေချာသင်ယူဖူးခြင်းမရှိတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ အသွေးထဲ အသားထဲကနေပြီး အနုပညာသွေးတွေ စီးဆင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဖြူဖြူထွေးက ထက်ယံရဲ့ “ချစ်လိုက်” သီချင်းလေးနဲ့ Tik Tok ဗီဒီယိုလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် မျှဝေပေးလာပါတယ်။ ဖြူဖြူထွေးက စက္ကန့်ပိုင်းလောက်စာပဲရှိတဲ့ ဗီဒီယိုလေးတစ်ပုဒ်မှာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျတဲ့အထိ သရုပ်ဆောင်ကောင်းခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖြူဖြူထွေးကတော့ အခုလည်း အောင်မြင်တဲ့ လမ်းကြောင်းတစ်ခုပေါ်ရောက်ရှိနေပြီဖြစ်ပြီး နောက်လည်း ဒီထက်မက အောင်မြင်ဦးမယ့် ရွက်ပုန်းသီးလေးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections

error: Alert: Content is protected !!