



ယူနီကုဒ်ဖြင့်ဖတ်ရန်

ကုမ္ပဏီရဲ့ Managing Director အဖြစ်ကနေ ကားဒရိုင်ဘာဘဝကို နေ့ချင်းညချင်းရောက်သွားခဲ့တဲ့ သူ့ရဲ့ဝမ်းနည်းစရာအဖြစ်ကို ပြောပြလာတဲ့ Ah Boy

လူငယ်ကြိုက်အဆိုတော် Ah Boy က လက်ရှိမှာတော့ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို ပိုင်ဆိုင်ထားပြီး သာယာလှပတဲ့ နေ့ရက်လေးတွေကို ကုန်ဆုံးနေတာပါ။ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ဇနီးဖြစ်သူ မြတ်ရတနာကျော်နဲ့ အတူတူ စိတ်ဝင်စားဖွယ် ဗီဒီယို Vlog လေးတွေကို မျှဝေတတ်တဲ့ Ah Boy ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းတဲ့ Ah Boy တို့ ဇနီးမောင်နှံကတော့ အသက်အရွယ်ကွာခြားပေမယ့် တစ်ယောက်နဲ့တစ်ယောက် စစနောက်နောက်နဲ့ အရမ်းချစ်ကြတာကို ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။

ဒီကနေ့မှာတော့ Ah Boy က ကုမ္ပဏီရဲ့ Managing Director အဖြစ်ကနေ ကားဒရိုင်ဘာဘဝကို နေ့ချင်းညချင်းရောက်သွားခဲ့တဲ့ သူ့ရဲ့ဝမ်းနည်းစရာအဖြစ်ကို အခုလိုပဲ ပြောပြလာပါတယ်။ Ah Boy က “ဒီ Covid ကြီးမဖြစ်ခင်တုန်းကတော့ ကိုယ်တွေက ရုံးမှာ MD (Managing Director) ပေါ့… အခု Second Wave ဖြစ်လို့ Stay Home ကာလ အိမ်မှာလည်း MD ပဲ… (Myat Driver) ပါ။ 🙂” ဆိုပြီး အရွှန်းဖောက်ပြောလာခဲ့ပါတယ်။

Ah Boy ကတော့ လက်ရှိမှာ ချစ်ဇနီးလေးအလုပ်တွေကို အနောက်ကနေ ပံ့ပိုးပေးနေလျက်ရှိပြီး သွားလေရာကိုလည်း မငြီးမငြူ လိုက်ပို့ပေးရင်း အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Managing Director အဖြစ်ကနေ ကားဒရိုင်ဘာဘဝကို ရောက်ရှိသွားတဲ့ Ah Boy ရဲ့အဖြစ်ကို သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Phyo Tun’s fb
Bilie – Cele Connections

error: Alert: Content is protected !!