ေဆးရံုေပၚမွာ ေနာက္ဆံမတင္းပဲေနနိုင္ေအာင္ အစစအရာရာတာဝန္ေက်ၾကတဲ့ နာကူအသင္းသားေတြေၾကာင့္ ပီတိမ်က္ရည္က်မိတယ္ဆိုတဲ့ ေက်ာ္သူ

မင္းသားၾကီး ေက်ာ္သူကေတာ့ ကိုယ္က်ိဳးကို မငဲ့ကြက္ပဲ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္ရင္းနဲ့ Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။ ေက်ာ္သူက လက္ရိွမွာေတာ့ ေဆးရံုေပၚမွာ ေဆးကုသမႈခံယူေနရတာျဖစ္ျပီး စိတ္ေရာလူပါ ျပည့္ျပည့္ဝဝ အနားယူေနရတာ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေက်ာ္သူက ေဆးရံုေပၚမွာ ေနာက္ဆံမတင္းပဲေနနိုင္ေအာင္ အစစအရာရာတာဝန္ေက်ၾကတဲ့ နာကူအသင္းသားေတြေၾကာင့္ ပီတိမ်က္ရည္က်မိေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

“ဒီလိုအခ်ိန္မွာ ဒီလိုစာမ်ိဳးတက္လာတာ ေတြ႕မိေတာ့ ဝမ္းသာမိတယ္၊ ပီတိျဖစ္မိတယ္၊ မ်က္ရည္က်မိတယ္ သားတို႔ေရ…။ “ၿပီးခဲ့တဲ့ ၁၈ရက္ေန႔ ည၁၂ခြဲက ကြၽန္မအေဒၚကဖ်ားၿပီးဗိုက္ထဲကေနလို႔မရဘူးလို႔ေအာ္ တကိုယ္လုံးလည္းတုန္ေနေတာ့ အေရးေပၚ Ambulance ကိုဖုန္းဆက္ပါတယ္။ ကြၽန္မ ဆက္တဲ့ ph list ေတြလည္း ss ျပလို႔ရပါတယ္။ ၿမိဳ႕နယ္ၾကက္ေျခနီဖုန္းေတြ မကိုင္ပါဘူး။ အဲ့တာနဲ႔ ကိုယ္ဖုန္းနံပတ္သိတဲ့ ကူညီေပးႏိုင္မယ္လို႔ထင္တဲ့ လူႀကီးတခ်ိဳ႕ကိုလည္းဆက္ပါ။ တယ္။ တစ္ေယာက္ကဖုန္းပိတ္ထားပါတယ္။ တစ္ေယာက္က ဖုန္းဝင္ၿပီးျပန္ခ်ပါတယ္။ ကြၽန္မ တို႔ေမာင္ႏွမေတြနီးစပ္ရာ ဖုန္းေတြအကုန္လိုက္ေခၚတာ ေနာက္ဆုံး ဦးေက်ာ္သူရဲ႕နာေရးကူညီမႈအသင္း Ambulance က လာေခၚေပးပါတယ္။”

“ဒီေနရာမွာ အဓိက highlight လုပ္ခ်င္တာ ဒီအသင္းအဖြဲ႕ရဲ႕ေစတနာတရားပါ။ ကြၽန္မတို႔အိမ္ကို ၫႊန္ေတာ့ကြၽန္မထူပူေနတာနဲ႔ လမ္းၫႊန္တာဘယ္ညာေကြ႕မွားၫႊန္မိေတာ့ အေဝးႀကီးကေန ျပန္လွည့္လာရလည္း ကြၽန္မကို တစက္ကေလးမွစိတ္မရွည္တာမရွိခဲ့သလို ကားဘီးေပါက္သြားလို႔ အစ္မေရကြၽန္ေတာ္တို႔ကိုေစာင့္ေပးပါခင္ဗ် ခ်က္ခ်င္းလာပါမယ္ခင္ဗ် အားနာပါတယ္ ဆိုၿပီး သူတို႔ကေတာင္ျပန္ေတာင္းပန္ေသးတာပါ။ အိမ္ေရာက္ေတာ့လည္း အေဒၚကမ်က္မျမင္မို႔လို႔ အေပၚထပ္ကေန သယ္ေပးရသလိုေဆး႐ုံေရာက္တဲ့အထိလည္း ေအာက္ဆီဂ်င္အိုးအနားေနရာခ် ေအာက္ဆီဂ်င္ေသခ်ာေပးၿပီးမွစိတ္ခ်ရမွ သူတို႔ျပန္သြားၾကတာပါ။ ေစတနာကိုေက်းဇူးတင္လို႔မုန္႔ဖိုးယူသြားပါေမာင္ေလးရယ္ဆိုတာလည္း လုံးဝလက္မခံပါဘူး။ အဲ့ဒီ့မွာ ကြၽန္မသေဘာေပါက္မိတာ တကယ့္ပရဟိတစိတ္စစ္စစ္ေတြကိုပါ။ ဦးေက်ာ္သူရဲ႕ပရဟိတ ဟာ ဘာလို႔ လူေတြကအသိအမွတ္ျပဳခံရသလဲဆိုတာ ကြၽန္မေသခ်ာနားလည္သြားတာပါ။ တကယ္အေရးႀကဳံလာတဲ့အခါ ေစတနာတကယ္မွန္တဲ့ ပရဟိတအဖြဲ႕ကိုသာ ဆက္သြယ္ႏိုင္ဖို႔ အေရးႀကီးတာပါ။ မဟုတ္ရင္ ကြၽန္မလို နာရီဝက္ေလာက္ ဖုန္းေတြေလွ်ာက္ဆက္ၿပီး အ႐ူးလိုျဖစ္သြားမွာစိုးလို႔ပါ ” ဆိုျပီ း သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ျပန္လည္မွ်ေဝလာပါတယ္။

ေက်ာ္သူကေတာ့ နာေရးကူညီမႈအသင္းသားေတြေၾကာင့္ အသက္အႏၱရာယ္စိုးရိမ္စရာကေန လြတ္ေျမာက္သြားတဲ့ လူနာရွင္အမ်ိဳးသမီးရဲ့ ပို့စ္ကို ျပန္လည္ကူးယူျပီး ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆေးရုံပေါ်မှာ နောက်ဆံမတင်းပဲနေနိုင်အောင် အစစအရာရာတာဝန်ကျေကြတဲ့ နာကူအသင်းသားတွေကြောင့် ပီတိမျက်ရည်ကျမိတယ်ဆိုတဲ့ ကျော်သူ

မင်းသားကြီး ကျော်သူကတော့ ကိုယ်ကျိုးကို မငဲ့ကွက်ပဲ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရင်းနဲ့ Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကျော်သူက လက်ရှိမှာတော့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး စိတ်ရောလူပါ ပြည့်ပြည့်ဝဝ အနားယူနေရတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက ဆေးရုံပေါ်မှာ နောက်ဆံမတင်းပဲနေနိုင်အောင် အစစအရာရာတာဝန်ကျေကြတဲ့ နာကူအသင်းသားတွေကြောင့် ပီတိမျက်ရည်ကျမိကြောင်း အခုလိုပဲ ပြောလာပါတယ်။

“ဒီလိုအချိန်မှာ ဒီလိုစာမျိုးတက်လာတာ တွေ့မိတော့ ဝမ်းသာမိတယ်၊ ပီတိဖြစ်မိတယ်၊ မျက်ရည်ကျမိတယ် သားတို့ရေ…။ “ပြီးခဲ့တဲ့ ၁၈ရက်နေ့ ည၁၂ခွဲက ကျွန်မအဒေါ်ကဖျားပြီးဗိုက်ထဲကနေလို့မရဘူးလို့အော် တကိုယ်လုံးလည်းတုန်နေတော့ အရေးပေါ် Ambulance ကိုဖုန်းဆက်ပါတယ်။ ကျွန်မ ဆက်တဲ့ ph list တွေလည်း ss ပြလို့ရပါတယ်။ မြို့နယ်ကြက်ခြေနီဖုန်းတွေ မကိုင်ပါဘူး။ အဲ့တာနဲ့ ကိုယ်ဖုန်းနံပတ်သိတဲ့ ကူညီပေးနိုင်မယ်လို့ထင်တဲ့ လူကြီးတချို့ကိုလည်းဆက်ပါ။ တယ်။ တစ်ယောက်ကဖုန်းပိတ်ထားပါတယ်။ တစ်ယောက်က ဖုန်းဝင်ပြီးပြန်ချပါတယ်။ ကျွန်မ တို့မောင်နှမတွေနီးစပ်ရာ ဖုန်းတွေအကုန်လိုက်ခေါ်တာ နောက်ဆုံး ဦးကျော်သူရဲ့နာရေးကူညီမှုအသင်း Ambulance က လာခေါ်ပေးပါတယ်။”

“ဒီနေရာမှာ အဓိက highlight လုပ်ချင်တာ ဒီအသင်းအဖွဲ့ရဲ့စေတနာတရားပါ။ ကျွန်မတို့အိမ်ကို ညွှန်တော့ကျွန်မထူပူနေတာနဲ့ လမ်းညွှန်တာဘယ်ညာကွေ့မှားညွှန်မိတော့ အဝေးကြီးကနေ ပြန်လှည့်လာရလည်း ကျွန်မကို တစက်ကလေးမှစိတ်မရှည်တာမရှိခဲ့သလို ကားဘီးပေါက်သွားလို့ အစ်မရေကျွန်တော်တို့ကိုစောင့်ပေးပါခင်ဗျ ချက်ချင်းလာပါမယ်ခင်ဗျ အားနာပါတယ် ဆိုပြီး သူတို့ကတောင်ပြန်တောင်းပန်သေးတာပါ။ အိမ်ရောက်တော့လည်း အဒေါ်ကမျက်မမြင်မို့လို့ အပေါ်ထပ်ကနေ သယ်ပေးရသလိုဆေးရုံရောက်တဲ့အထိလည်း အောက်ဆီဂျင်အိုးအနားနေရာချ အောက်ဆီဂျင်သေချာပေးပြီးမှစိတ်ချရမှ သူတို့ပြန်သွားကြတာပါ။ စေတနာကိုကျေးဇူးတင်လို့မုန့်ဖိုးယူသွားပါမောင်လေးရယ်ဆိုတာလည်း လုံးဝလက်မခံပါဘူး။ အဲ့ဒီ့မှာ ကျွန်မသဘောပေါက်မိတာ တကယ့်ပရဟိတစိတ်စစ်စစ်တွေကိုပါ။ ဦးကျော်သူရဲ့ပရဟိတ ဟာ ဘာလို့ လူတွေကအသိအမှတ်ပြုခံရသလဲဆိုတာ ကျွန်မသေချာနားလည်သွားတာပါ။ တကယ်အရေးကြုံလာတဲ့အခါ စေတနာတကယ်မှန်တဲ့ ပရဟိတအဖွဲ့ကိုသာ ဆက်သွယ်နိုင်ဖို့ အရေးကြီးတာပါ။ မဟုတ်ရင် ကျွန်မလို နာရီဝက်လောက် ဖုန်းတွေလျှောက်ဆက်ပြီး အရူးလိုဖြစ်သွားမှာစိုးလို့ပါ ” ဆိုပြီ း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြန်လည်မျှဝေလာပါတယ်။

ကျော်သူကတော့ နာရေးကူညီမှုအသင်းသားတွေကြောင့် အသက်အန္တရာယ်စိုးရိမ်စရာကနေ လွတ်မြောက်သွားတဲ့ လူနာရှင်အမျိုးသမီးရဲ့ ပို့စ်ကို ပြန်လည်ကူးယူပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!