အေမနဲ့ အဖိုးအပါအဝင္ အိမ္သားေတြ Covid-19 ေရာဂါပိုးရိွေနတာေၾကာင့္ Hotel Quarantine ဝင္ေနရတယ္ဆိုတဲ့ ျမတ္နိုးေအး

ျမင္သူရင္ကို ေအးခ်မ္းေစတဲ့ အျပံဳးလွလွေလးေတြကို ပိုင္ဆိုင္ထားတဲ့ ျမတ္နိုးေအးကေတာ့ ရုပ္ရွင္နဲ့ ေၾကာ္ျငာေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း စတင္ၾကိဳးစားေနဆဲျဖစ္တဲ့ အနုပညာရွင္တစ္ေယာက္ပါပဲ။ တက္သစ္စ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ အလုပ္ေတြကို ဆက္တိုက္လုပ္ေနရျပီျဖစ္တဲ့ ျမတ္နိုးေအးက ဒီကေန့မွာေတာ့ အေမနဲ့ အဖိုးအပါအဝင္ အိမ္သားေတြ Covid-19 ေရာဂါပိုးရိွေနတာေၾကာင့္ Hotel Quarantine ဝင္ေနရတယ္ဆိုတဲ့အေၾကာင္းကို ပရိသတ္ေတြဆီ အသိေပးလာခဲ့ပါတယ္။

“ျမတ္ႏိုး ဒီရက္ပိုင္း social media မွာ active မျဖစ္တာ quarantine ဝင္ဖို႔ကိစၥေတြနဲ႔ အလုပ္ေတြရႈပ္ေနလို႔ပါ။ အိမ္မွာ အဖိုး oxygen က်တာကစၿပီး ေဆး႐ုံတင္တဲ့အခ်ိန္မွာ swab test ယူရေတာ့ အဖိုး positive result ထြက္ပါတယ္။ဒီေန႔ ၅ေယာက္ swab test ထပ္စစ္တဲ့အခ်ိန္မွာ မာမားအပါအဝင္ တူမေလးတစ္ေယာက္ရယ္ ေဘးအခန္းက cousin ေမာင္ေလးပါ positive ထပ္ထြက္ပါတယ္။ အခု ႏွစ္အိမ္လုံးရဲ႕ က်န္တဲ့မိသားစုဝင္ေတြေရာ negative ထြက္ထားတဲ့ ေယာင္းမနဲ႔ တူမေလးေရာအားလုံး Hotel Quarantine ဝင္ေနရပါတယ္။ ျမတ္ႏိုးတို႔ကေတာ့ ေနာက္သုံးရက္ေလာက္မွ စစ္ရမွာမို႔လို႔ ဒီရက္ပိုင္း ကိုယ့္ဘာကိုယ္ ပိုဂ႐ုစိုက္ၿပီးေနေနပါတယ္😇 လက္ခံၿပီးသား အလုပ္ေလးေတြကိုလဲ ျမတ္ႏိုးမဖ်က္ခ်င္ေတာ့ “work from Hotel ” လုပ္သြားပါမယ္ေနာ္”

“အားလုံးလဲ ပိုဂ႐ုစိုက္ၾကပါ ျမတ္ႏိုးတို႔မိသားစုဆို stay home လုပ္ေနတာ တစ္လေက်ာ္ေလာက္ရွိၿပီ ခုထိ ဘယ္ကဘယ္လို ကူးတယ္ဆိုတာ စဥ္းစားလို႔မရႏိုင္ေသးဘူး။ Virus က ကိုယ္နဲ႔ အနီးဆုံးကိုေရာက္လာခဲ့ၿပီ။ကိုယ္ခံအားနဲ႔ တိုက္ရမယ့္ ေရာဂါျဖစ္ေနေတာ့ အစားမ်ားမ်ားစားၿပီး အားရွိေအာင္ေနၾကပါေနာ္.. positive ျဖစ္ခဲ့လည္း recover ျပန္ျဖစ္ႏိုင္တယ္ဆိုတဲ့ စိတ္နဲ႔ပဲ strong ျဖစ္ေအာင္ ေနရပါတယ္💪 Take Care Everyone ❤️” ဆိုျပီးပရိသတ္ေတြကိုလည္း သတိေပးစကားေလး ဆိုထားပါတယ္။

ျမတ္နိုးေအးကေတာ့ Hotel Quarantine ဝင္ေနရေပမယ့္ လက္ခံထားတဲ့ အလုပ္ေတြကို ဆက္လက္လုပ္ကိုင္သြားမွာျဖစ္ျပီး ပရိသတ္ေတြနဲ့လည္း အဆက္အသြယ္ အရမ္းၾကီး ျပတ္ေတာက္သြားတာမ်ိဳးမျဖစ္ေအာင္ စီမံေနမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ျမတ္နိုးေအးတစ္ေယာက္ ေဆးစစ္ခ်က္အေျဖ ေကာင္းမြန္ဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 

Source: Myat Noe Aye’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အမေနဲ့ အဖိုးအပါအဝင် အိမ်သားတွေ Covid-19 ရောဂါပိုးရှိနေတာကြောင့် Hotel Quarantine ဝင်နေရတယ်ဆိုတဲ့ မြတ်နိုးအေး

မြင်သူရင်ကို အေးချမ်းစေတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မြတ်နိုးအေးကတော့ ရုပ်ရှင်နဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ရင်း စတင်ကြိုးစားနေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အလုပ်တွေကို ဆက်တိုက်လုပ်နေရပြီဖြစ်တဲ့ မြတ်နိုးအေးက ဒီကနေ့မှာတော့ အမေနဲ့ အဖိုးအပါအဝင် အိမ်သားတွေ Covid-19 ရောဂါပိုးရှိနေတာကြောင့် Hotel Quarantine ဝင်နေရတယ်ဆိုတဲ့အကြောင်းကို ပရိသတ်တွေဆီ အသိပေးလာခဲ့ပါတယ်။

“မြတ်နိုး ဒီရက်ပိုင်း social media မှာ active မဖြစ်တာ quarantine ဝင်ဖို့ကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေလို့ပါ။ အိမ်မှာ အဖိုး oxygen ကျတာကစပြီး ဆေးရုံတင်တဲ့အချိန်မှာ swab test ယူရတော့ အဖိုး positive result ထွက်ပါတယ်။ဒီနေ့ ၅ယောက် swab test ထပ်စစ်တဲ့အချိန်မှာ မာမားအပါအဝင် တူမလေးတစ်ယောက်ရယ် ဘေးအခန်းက cousin မောင်လေးပါ positive ထပ်ထွက်ပါတယ်။ အခု နှစ်အိမ်လုံးရဲ့ ကျန်တဲ့မိသားစုဝင်တွေရော negative ထွက်ထားတဲ့ ယောင်းမနဲ့ တူမလေးရောအားလုံး Hotel Quarantine ဝင်နေရပါတယ်။ မြတ်နိုးတို့ကတော့ နောက်သုံးရက်လောက်မှ စစ်ရမှာမို့လို့ ဒီရက်ပိုင်း ကိုယ့်ဘာကိုယ် ပိုဂရုစိုက်ပြီးနေနေပါတယ်😇 လက်ခံပြီးသား အလုပ်လေးတွေကိုလဲ မြတ်နိုးမဖျက်ချင်တော့ “work from Hotel ” လုပ်သွားပါမယ်နော်”

“အားလုံးလဲ ပိုဂရုစိုက်ကြပါ မြတ်နိုးတို့မိသားစုဆို stay home လုပ်နေတာ တစ်လကျော်လောက်ရှိပြီ ခုထိ ဘယ်ကဘယ်လို ကူးတယ်ဆိုတာ စဉ်းစားလို့မရနိုင်သေးဘူး။ Virus က ကိုယ်နဲ့ အနီးဆုံးကိုရောက်လာခဲ့ပြီ။ကိုယ်ခံအားနဲ့ တိုက်ရမယ့် ရောဂါဖြစ်နေတော့ အစားများများစားပြီး အားရှိအောင်နေကြပါနော်.. positive ဖြစ်ခဲ့လည်း recover ပြန်ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ပဲ strong ဖြစ်အောင် နေရပါတယ်💪 Take Care Everyone ❤️” ဆိုပြီးပရိသတ်တွေကိုလည်း သတိပေးစကားလေး ဆိုထားပါတယ်။

မြတ်နိုးအေးကတော့ Hotel Quarantine ဝင်နေရပေမယ့် လက်ခံထားတဲ့ အလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီး ပရိသတ်တွေနဲ့လည်း အဆက်အသွယ် အရမ်းကြီး ပြတ်တောက်သွားတာမျိုးမဖြစ်အောင် စီမံနေမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မြတ်နိုးအေးတစ်ယောက် ဆေးစစ်ချက်အဖြေ ကောင်းမွန်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Myat Noe Aye’s fb
Bilie – Cele Connections

error: Alert: Content is protected !!