လာဆဲၾကတဲ့သူေတြအေပၚ ျပန္မရိုင္းစိုင္းပဲ ဥပကၡာျပဳထားဖို့ အမာခံ Fan ေတြကို သတိေပးလာတဲ့ ေဆာင္းယြန္းစံ

သရုပ္ေဆာင္ ေဆာင္းယြန္းစံကေတာ့ ခ်စ္စရာေကာင္းျပီး အေနေအသူေလးတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ ခ်စ္ခင္အားေပးျခင္းကို ခံေနရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းစံက လက္ရိွမွာေတာ့ သူမနဲ့ မဆိုင္တဲ့ ကိစၥအေပၚ မနာလိုသူေတြရဲ့ ေဝဖန္ဆဲဆိုျခင္းကို ျပင္းျပင္းထန္ထန္ ခံေနရတာပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းစံကလည္း သူမကို ဆဲဆိုေနၾကသူေတြကို တံု့ျပန္ျခင္းမရိွေတာ့သလို သူမရဲ့ Fan ေတြကိုလည္း ဥပကၡာျပဳထားဖို့ သတိေပးလာခဲ့ပါတယ္။

“ေဆာင္းယြန္းေၾကာင့္ အေျပာခံ အဆဲခံေနရတဲ့ ေဆာင္း Fans ေတြကို အရမ္းအားနာပါတယ္။ သူတို့ ေျပာခ်င္တာေျပာၾကပါေစ.. ျပန္မေျပာၾကပါနဲ့ေတာ့။ ေဆာင္းေၾကာင့္ အဆဲခံေနရတာေတြျမင္တိုင္း စိတ္မေကာင္းဘူး။ အခ်ိန္တန္ရင္ အမွန္တရားေပၚလာမွာပါ။ ဒါေတြကလည္း ျပီးသြားမွာပါ။ ေဆာင္းကိုခ်စ္ရင္ ခ်စ္တဲ့အေၾကာင္းပဲေရးပါ။ ဘယ္သူေတြလာဆဲဆဲ neglect လုပ္လိုက္ပါ။ ေဆာင္းယြန္း Fans ေတြက မဆဲတတ္ဘူး။ မရိုင္းဘူး ဆိုတာနဲ့ပဲ ဂုဏ္ယူခ်င္တယ္ေနာ္။ ခ်စ္ရင္ စကားနားေထာင္ပါ အသဲတို့.. ခ်စ္တယ္ေနာ္” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ Story မွာ ေျပာလာတာပဲ ျဖစ္ပါတယ္။

ေဆာင္းယြန္းစံကေတာ့ သူမကိုယ္တိုင္လည္း ဝင္မပါခဲ့တဲ့ ကိစၥမွာ အေျပာအဆိုခံခဲ့ရတာျဖစ္ျပီး အထင္လြဲခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းစံေျပာသလိုပဲ အခ်ိန္တန္ရင္ ဒါေတြက ျပီးဆံုးသြားမွာပါေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Saung Yoon San’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လာဆဲကြတဲ့သူတွေအပေါ် ပြန်မရိုင်းစိုင်းပဲ ဥပက္ခာပြုထားဖို့ အမာခံ Fan တွေကို သတိပေးလာတဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ချစ်စရာကောင်းပြီး အနေအေသူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ ချစ်ခင်အားပေးခြင်းကို ခံနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံက လက်ရှိမှာတော့ သူမနဲ့ မဆိုင်တဲ့ ကိစ္စအပေါ် မနာလိုသူတွေရဲ့ ဝေဖန်ဆဲဆိုခြင်းကို ပြင်းပြင်းထန်ထန် ခံနေရတာပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံကလည်း သူမကို ဆဲဆိုနေကြသူတွေကို တုံ့ပြန်ခြင်းမရှိတော့သလို သူမရဲ့ Fan တွေကိုလည်း ဥပက္ခာပြုထားဖို့ သတိပေးလာခဲ့ပါတယ်။

“ဆောင်းယွန်းကြောင့် အပြောခံ အဆဲခံနေရတဲ့ ဆောင်း Fans တွေကို အရမ်းအားနာပါတယ်။ သူတို့ ပြောချင်တာပြောကြပါစေ.. ပြန်မပြောကြပါနဲ့တော့။ ဆောင်းကြောင့် အဆဲခံနေရတာတွေမြင်တိုင်း စိတ်မကောင်းဘူး။ အချိန်တန်ရင် အမှန်တရားပေါ်လာမှာပါ။ ဒါတွေကလည်း ပြီးသွားမှာပါ။ ဆောင်းကိုချစ်ရင် ချစ်တဲ့အကြောင်းပဲရေးပါ။ ဘယ်သူတွေလာဆဲဆဲ neglect လုပ်လိုက်ပါ။ ဆောင်းယွန်း Fans တွေက မဆဲတတ်ဘူး။ မရိုင်းဘူး ဆိုတာနဲ့ပဲ ဂုဏ်ယူချင်တယ်နော်။ ချစ်ရင် စကားနားထောင်ပါ အသဲတို့.. ချစ်တယ်နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် Story မှာ ပြောလာတာပဲ ဖြစ်ပါတယ်။

ဆောင်းယွန်းစံကတော့ သူမကိုယ်တိုင်လည်း ဝင်မပါခဲ့တဲ့ ကိစ္စမှာ အပြောအဆိုခံခဲ့ရတာဖြစ်ပြီး အထင်လွဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံပြောသလိုပဲ အချိန်တန်ရင် ဒါတွေက ပြီးဆုံးသွားမှာပါနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Saung Yoon San’s fb
Bilie – Cele Connections

error: Alert: Content is protected !!