



Source: San Thit La’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မိသားစုအပေါ်ဂရုစိုက်ပြီး တာဝန်ကျေပေးလွန်းတဲ့ ခင်ပွန်းကို တန်ဖိုးအရှိဆုံးသော မွေးနေ့လက်ဆောင်လေးပေးခဲ့တဲ့ ဆန်းသစ်လ

အဆိုတော်ကြီး မေရွက်ဝါရဲ့ သမီးဖြစ်သူ ဆန်းသစ်လကတော့ မိခင်ဖြစ်သူထက်သာလွန်တဲ့ အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဆန်းသစ်လကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ခဏတာအဆက်အသွယ် ပြတ်တောက်နေပြီး လက်ရှိမှာလည်း သမီးလေးကို မွေးဖွားထားတာ မကြာသေးတာမို့ မိသားစုလေးကိုသာ အချိန်ပေး ဂရုစိုက်နေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ကတော့ ဆန်းသစ်လရဲ့ခင်ပွန်း ကိုဝင်းမြတ်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဆန်းသစ်လကတော့ ခင်ပွန်းဖြစ်သူအတွက် “Happy Birthday a chit ya sone Ko😘❤မိန်းမ နဲ့ သမီးလေးအတွက် ခင်ပွန်းကောင်း ဖခင်ကောင်းအဖြစ်ရှိပေးပြီး ချစ်ပေးဂရုစိုက်ပေး တာဝန်ကျေပေးလွန်းတဲ့ကို😍 ကို့ရည်ရွယ်ချက် အိပ်မက်တွေ အမြန်ဆုံးအကောင်အထည်ဖော် အောင်မြင်ပါစေ😍 ကျန်းကျန်းမာမာနဲ့ ကိုချစ်တဲ့ကို့ဝါသနာလေးတွေနဲ့အတူ အမြဲပျော်ရွှင်ပါစေ😍 မိန်းမနဲ့သမီးလေးအနားမှာလည်း အမြဲအတူရှိပေးနိုင်ပါစေနော်😍 အရမ်းချစ်တယ်ကိုရေ😘❤❤❤ 💗ဒီနှစ်အတွက်မွေးနေ့လက်ဆောင်လေးကိုတော့ ကိုနဲ့ မွေးနံရော မွေးရက်ရောတူတဲ့ ချစ်စရာသမီးလေးကိုပဲ လက်ဆောင်ပေးလိုက်ပြီနော်💗👨‍👩‍👧” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မွေးနေ့ဆုတောင်း တောင်းပေးခဲ့ပါတယ်။

ဆန်းသစ်လကတော့ သူမရဲ့ မိဘ၊ ခင်ပွန်းတို့အပြင် အခုဆိုရင် ချစ်ရတဲ့ သမီးလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်နေပြီမို့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ဆန်းသစ်လတို့ မိသားစုလေး ဒီထက်မက ပျော်ရွှင်အေးချမ်းမှုတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: San Thit La’s fb
Bilie – Cele Connections

error: Alert: Content is protected !!