စိတ္ပူေနၾကတဲ့ ပရိသတ္ေတြအတြက္ ဦးေက်ာ္သူနဲ့ သူ့ရဲ့ လက္ရိွက်န္းမာေရးအေျခအေနကို ေျပာျပလာတဲ့ ထြန္းကိုကို
|FACE of MYANMAR 2013 Winner ဆုရွင္တစ္ေယာက္ျဖစ္တဲ့ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ ထြန္းကိုကိုကို မိန္းကေလးတိုင္း သဲသဲလႈပ္ႀကိဳက္ၾကမယ္ ထင္ပါတယ္။ ထြန္းကိုကိုက သူ႔ရဲ႕ ႐ုပ္ရည္ေၾကာင့္သာမကပဲ ပရဟိတစိတ္အျပည့္နဲ႔ အရာရာကို ကူညီေဆာင္႐ြက္ေပးတတ္တဲ့ စိတ္ထားေၾကာင့္လည္း လူသိမ်ား ေက်ာ္ၾကားသူတစ္ေယာက္ ျဖစ္ပါတယ္။
ရန္ကုန္ နာေရးကူညီမႈအသင္း ရဲ့ အသင္းသားတစ္ေယာက္ျဖစ္တဲ့ ထြန္းကိုကိုကေတာ့ လက္ရိွမွာ Covid-19 ေရာဂါပိုးရိွေနတဲ့ ဥကၠဌၾကီး ေက်ာ္သူကို အနီးကပ္ေစာင့္ေရွာက္ဖို့ ေဆးစစ္ခ်က္အေျဖမသိရေသးခင္မွာပဲ ေဆးရံုတက္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ထြန္းကိုကိုက စိတ္ပူေနၾကတဲ့ ပရိသတ္ေတြအတြက္ ဦးေက်ာ္သူနဲ့ သူ့ရဲ့ လက္ရိွက်န္းမာေရး
အေျခအေနကို “ဦးေမာင္ေရာ ကြၽန္ေတာ္ေရာ ႏွစ္ေယာက္လံုး ေနေကာင္းပါတယ္ ခင္ဗ်ာ 🙏🙏🙏” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အသိေပးလာခဲ့ပါတယ္။
ထြန္းကိုကိုကေတာ့ ေလးစားခ်စ္ခင္ရတဲ့ ဆရာသမားအတြက္ အနစ္နာခံတတ္တဲ့ စိတ္ထားေၾကာင့္ ပရိသတ္ေတြ ခ်ီးက်ဴးျခင္းခံေနရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ထြန္းကိုကိုနဲ့ ဦးေက်ာ္သူတို့ အျမန္ဆံုးေဆးရံုက ဆင္းနိုင္ဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Yanpaing Tunko ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် ဦးကျော်သူနဲ့ သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ထွန်းကိုကို
FACE of MYANMAR 2013 Winner ဆုရှင်တစ်ယောက်ဖြစ်တဲ့ မော်ဒယ်၊ သရုပ်ဆောင် ထွန်းကိုကိုကို မိန်းကလေးတိုင်း သဲသဲလှုပ်ကြိုက်ကြမယ် ထင်ပါတယ်။ ထွန်းကိုကိုက သူ့ရဲ့ ရုပ်ရည်ကြောင့်သာမကပဲ ပရဟိတစိတ်အပြည့်နဲ့ အရာရာကို ကူညီဆောင်ရွက်ပေးတတ်တဲ့ စိတ်ထားကြောင့်လည်း လူသိများ ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။
ရန်ကုန် နာရေးကူညီမှုအသင်း ရဲ့ အသင်းသားတစ်ယောက်ဖြစ်တဲ့ ထွန်းကိုကိုကတော့ လက်ရှိမှာ Covid-19 ရောဂါပိုးရှိနေတဲ့ ဥက္ကဌကြီး ကျော်သူကို အနီးကပ်စောင့်ရှောက်ဖို့ ဆေးစစ်ချက်အဖြေမသိရသေးခင်မှာပဲ ဆေးရုံတက်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထွန်းကိုကိုက စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် ဦးကျော်သူနဲ့ သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို “ဦးမောင်ရော ကျွန်တော်ရော နှစ်ယောက်လုံး နေကောင်းပါတယ် ခင်ဗျာ 🙏🙏🙏” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်။
ထွန်းကိုကိုကတော့ လေးစားချစ်ခင်ရတဲ့ ဆရာသမားအတွက် အနစ်နာခံတတ်တဲ့ စိတ်ထားကြောင့် ပရိသတ်တွေ ချီးကျူးခြင်းခံနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထွန်းကိုကိုနဲ့ ဦးကျော်သူတို့ အမြန်ဆုံးဆေးရုံက ဆင်းနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Yanpaing Tunko ‘s fb
Bilie – Cele Connections