Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
Live လွှင့်ဈေးရောင်းကြသလိုမျိုး ဆရာဝန်တွေလိုအပ်တဲ့ ဆေးဝါးပစ္စည်းအစုံကို အလှူလေးကောက်လိုက်ချင်တယ်ဆိုတဲ့ စိတ်ကူးလေးကို ပြောပြလာတဲ့ ချစ်သုဝေ
ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေ၊ ပရဟိတအလုပ်တွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက အွန်လိုင်းမှာ ခေတ်စားနေတဲ့ Live လွှင့်ဈေးရောင်းကြသလိုမျိုး ဆရာဝန်တွေလိုအပ်တဲ့ ဆေးဝါးပစ္စည်းအစုံကို အလှူလေးကောက်လိုက်ချင်တယ်ဆိုတဲ့ စိတ်ကူးလေးကို အခုလိုပဲ ပြောပြလာပါတယ်။
“😎 ဒေါ် trezaကို live saleတွေလာလာ ဌါးကြလို့။ he he ခုချိန် စိတ်ထဲမယ် ဝယ်ပြီးလှူချင်နေတဲ့ စက်တွေ ရယ် ဆေးပစ္စည်းတွေရယ်ပဲရှိနေလို့ တွေးမိတာလေးပါ။ “ဆရာဝန်တွေလိုတဲ့ စက်တွေရယ်၊ protective equipmentsတွေရယ်၊ လိုသမျှပစ္စည်းအစုံ liveလေးလွှင့် donation လေးကောက်ပစ်လိုက်ချင်ပါဘိ🤣 He..he ဒါလေးကတော့ ဘယ် wardအတွက် ပါ လှူလိုက်ရင် ဆရာဝန် ရော လူနာရေ ဘယ်လိုတွေ အဆင်ပြေသွားကြမှာပါ။ ဘယ်လောက်ကျတာပါ။ ဘယ်သူလှူချင်လဲ?Confirm နော် cb လာပါ ငွေလွှဲဝင်ပါပြီ သာဓုပါ နောက်ထပ်ပစ္စည်းလေးတွေဆက်ကြည့်ပါ သဒ္ဒါပေါက်ရင် ဆက်လှူပါ။ ဟာ..အလုအယက်တွေ လှူကြ။ စိတ်ကူးနဲ့တော့ အလှူတွေရလိုက်တာ။ ဆရာဝန်တွေလည်းအဆင်ပြေ။ လူနာတွေလည်းအဆင်ပြေ 😛😝အဟေးဟေး ပျော်စရာကြီးနော် အလှူတွေအများကြီးရရင်။ ခုတော့ အလှူအဝင်တွေကနည်း လှူနေရတာတွေများသထက်များ..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။
ချစ်သုဝေကတော့ လက်ရှိခေတ်စားနေတဲ့ အရာလေးနဲ့ သူမလုပ်ချင်တဲ့ စိတ်ကူးလေးကို ရိုးရိုးလေး စိတ်ကူးယဉ်ပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Chit Thu Wai’s fb
Bilie – Cele Connections
error: Alert: Content is protected !!