



Source: Wai Lar Ri’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သေမတတ်အလုပ်တွေ ကြိုးစားနေတာတောင် ခက်ခဲလွန်းနေတဲ့ဘဝကြီးကို ဖြတ်သန်းနေရသေးတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ဝေလာရီ

“နှင်းဆီ” ဇာတ်လမ်းတွဲမှာ မော်မော်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်အားပေးခြင်းကို ခံခဲ့ရတဲ့ မွန်မလေး ဝေလာရီကတော့ အသက်ငယ်ပေမယ့် လူကြီးတစ်ယောက်လို ရင့်ကျက်သူလေးတစ်ယောက် ဖြစ်ပါတယ်။ ဝေလာရီကတော့ သူမဝါသနာပါရာ အနုပညာလောကမှာ အောင်မြင်ဖို့ ကြိုးစားနေသလို တစ်ဖက်မှာလည်း မိသားစုရဲ့ စားဝတ်နေရေးကို တစ်နိုင်တစ်ပိုင် ထမ်းဆောင်ရင်း အလုပ်တွေကို နေ့ရောညပါ လုပ်ကိုင်နေရှာသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဝေလာရီက သေမတတ်အလုပ်တွေ ကြိုးစားနေတာတောင် ခက်ခဲလွန်းနေတဲ့ဘဝကြီးကို ဖြတ်သန်းနေရသေးတယ်ဆိုပြီး “ခက်ခဲလွန်းတဲ့ ဘဝကြီး အလုပ်တွေ ဒီလောက်များလို့ သေမတတ်ကြိုးစားနေတာတောင် ဖုန်းကပျက်တယ်။ ပုံတွေ ငါ့အမှတ်တရလေးတွေ ဘယ်တော့မှ လွယ်လွယ်မရ၊ ခက်ခက်ခဲခဲ ကြိုးစားမှရတဲ့ ငါ့ဘဝ။ လောကဓံ နင်ငါ့ကို အရမ်းစမ်းတယ်နော်..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် Story မှာ ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဝေလာရီကတော့ အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ ဖေ့စ်ဘုတ်ကနေ ညသန်းခေါင်အထိ ဈေးရောင်းရင်း အလုပ်တွေ ကြိုးစားလုပ်ကိုင်နေသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး မိသားစုအပေါ် သိတတ်တဲ့ ဝေလာရီလေး ဆန္ဒနဲ့ဘဝ ထပ်တူကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Lar Ri’s fb
Bilie – Cele Connections

error: Alert: Content is protected !!