အေနေအးတယ္လို႔ ပရိသတ္ေတြထင္ၾကတဲ့ သည္းသစ္ေလးရဲ႕ တကယ့္ပုံစံကို ျပသလာတဲ့ ခ်စ္သုေဝရဲ့ ဗီဒီယို

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ နဲ႔ အဆိုေတာ္ ခ်စ္သုေဝက အႏုပညာဘက္မွာ ထူးခြၽန္ ႐ုံသာမက ပညာေရး မွာလည္း ထူးခြၽန္တဲ့ ဆရာဝန္မေလး တစ္ဦး ျဖစ္ပါတယ္။ သီခ်င္းဆိုေကာင္းသလို သ႐ုပ္ေဆာင္လည္းေတာ္တဲ့ ခ်စ္သုေဝကို ပရိသတ္ေတြက ဆယ္စုႏွစ္တစ္စုေက်ာ္တိုင္ အားေပးခ်စ္ခင္ေနၾကတာပဲ ျဖစ္ပါတယ္။ ခ်စ္သုေဝကလည္း အရင္ကေလာက္ အႏုပညာအလုပ္ေတြကို မလုပ္ျဖစ္ေတာ့ေပမယ့္လည္း ပရိသတ္ေတြက အရင္ကအတိုင္း အခ်စ္မေလ်ာ့ပဲ အားေပးေနၾကဆဲပဲ ျဖစ္ပါတယ္။

ခ်စ္သုေဝရဲ႕ သမီးအႁမႊာေလးေတြျဖစ္ၾကတဲ့ ေခတ္နဲ႔သစ္တို႔ကလည္း တစ္ေယာက္တစ္မ်ိဳးစီ ခ်စ္စရာေကာင္းလြန္းလို႔ပရိသတ္ေတြက အခ်စ္ပိုေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ခ်စ္သုေဝက အေနေအးတယ္လို႔ ပရိသတ္ေတြထင္ၾကတဲ့ သမီးငယ္ေလး “သစ္သစ္အေၾကာင္းကို ေခတ္ေခတ္ က သိပ္မေဆာ့ပဲ ေအးေဆးေလးေနတတ္တဲ့ကေလး ဆိုတာ သိတယ္ဟုတ္?😛ဘယ္လိုေအးေဆးေနလဲဆိုတာ ေမေမ့ရဲ႕You tube channel ” Chit Thu Wai’s diary” မွာ ၾကည့္ေနာ္” ဆိုျပီး ဒိုက္ဗာၾကီးေခါင္းစြပ္ျပီးေဆာ့ေနတဲ့ သမီးေလးရဲ့ ဗီဒီယိုေလးကို အခုလိုပဲ မွ်ေဝလာပါတယ္။

သစ္ေလးကေတာ့ ေခတ္ေလးေလာက္ သိပ္မေဆာ့တတ္တဲ့ ကေလးအျဖစ္ ပရိသတ္ေတြက သက္မွတ္ထားရာ အခုမွာေတာ့ ခ်စ္သုေဝက ပရိသတ္ေတြ ထင္ထားသလို မဟုတ္တဲ့အေၾကာင္း ျပသလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အနေအေးတယ်လို့ ပရိသတ်တွေထင်ကြတဲ့ သည်းသစ်လေးရဲ့ တကယ့်ပုံစံကို ပြသလာတဲ့ ချစ်သုဝေရဲ့ ဗီဒီယို

နိုင်ငံကျော် သရုပ်ဆောင် နဲ့ အဆိုတော် ချစ်သုဝေက အနုပညာဘက်မှာ ထူးချွန် ရုံသာမက ပညာရေး မှာလည်း ထူးချွန်တဲ့ ဆရာဝန်မလေး တစ်ဦး ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို သရုပ်ဆောင်လည်းတော်တဲ့ ချစ်သုဝေကို ပရိသတ်တွေက ဆယ်စုနှစ်တစ်စုကျော်တိုင် အားပေးချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေကလည်း အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေက အရင်ကအတိုင်း အချစ်မလျော့ပဲ အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

ချစ်သုဝေရဲ့ သမီးအမြွှာလေးတွေဖြစ်ကြတဲ့ ခေတ်နဲ့သစ်တို့ကလည်း တစ်ယောက်တစ်မျိုးစီ ချစ်စရာကောင်းလွန်းလို့ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက အနေအေးတယ်လို့ ပရိသတ်တွေထင်ကြတဲ့ သမီးငယ်လေး “သစ်သစ်အကြောင်းကို ခေတ်ခေတ် က သိပ်မဆော့ပဲ အေးဆေးလေးနေတတ်တဲ့ကလေး ဆိုတာ သိတယ်ဟုတ်?😛ဘယ်လိုအေးဆေးနေလဲဆိုတာ မေမေ့ရဲ့You tube channel ” Chit Thu Wai’s diary” မှာ ကြည့်နော်” ဆိုပြီး ဒိုက်ဗာကြီးခေါင်းစွပ်ပြီးဆော့နေတဲ့ သမီးလေးရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေလာပါတယ်။

သစ်လေးကတော့ ခေတ်လေးလောက် သိပ်မဆော့တတ်တဲ့ ကလေးအဖြစ် ပရိသတ်တွေက သက်မှတ်ထားရာ အခုမှာတော့ ချစ်သုဝေက ပရိသတ်တွေ ထင်ထားသလို မဟုတ်တဲ့အကြောင်း ပြသလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!