အမည္မေဖာ္လိုသူ အလွဴရွင္ဆီက ေဖာင္ေဒးရွင္းအတြက္ အလွဴေငြ သိန္း (၂၀၀) က်ပ္တိတိ လက္ခံရရိွခဲ့တယ္ဆိုတဲ့ ေျပတီဦး

နိုင္ငံေက်ာ္ အနုပညာရွင္မ်ားျဖစ္တဲ့ အကယ္ဒမီ ေျပတီဦးနဲ့ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္တို့က အနုပညာလုပ္ငန္းေတြမွာထူးခၽြန္သလို စိတ္သေဘာထားျပည့္ဝတဲ့ ဇနွီးေမာင္နွံ ျဖစ္ပါတယ္။ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္က ေျပတီဦး ပညာေရးေဖာင္ေဒးရွင္းကို တည္ေထာင္ထားျပီး ပညာသင္ရန္ အခက္အခဲျဖစ္ေနတဲ့ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြကို ပညာသင္စရိတ္ ေထာက္ပံ့ေပးေနတာပဲ ျဖစ္ပါတယ္။ လက္ရိွ ကိုဗစ္ကာလမွေတာ့ ေျပတီဦးရဲ့ ေဖာင္ေဒးရွင္းက ပညာသင္စရိတ္ေထာက္ပံ့ေပးတာမ်ိဳးသာမကပဲ Covid-19 ထိန္းခ်ဳပ္ကာကြယ္ ကုသေရးလုပ္ငန္းစဥ္မ်ားကိုလည္း တစ္ဖက္တစ္လမ္းကေန ေထာက္ပံ့လွဴဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။

ေျပတီဦးတို့ မိသားစုရဲ့ မတည္ေငြနဲ့တကြ (၇) ရက္သားသမီး အလွဴရွင္မ်ားရဲ့ လွဴဒါန္းေငြေတြနဲ့ လည္ပတ္ေနတဲ့ ေျပတီဦးေဖာင္ေဒးရွင္းက အလွဴေငြ သိန္း (၂၀၀) က်ပ္တည္းကို တစ္ခါတည္း ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ထုိအေၾကာင္းနဲ့ ပက္သတ္ျပီး ေဖာင္ေဒးရွင္းရဲ့ ဥကၠဌျဖစ္သူ ေျပတီဦးက “ခုလိုအစစ အရာရာခက္ခဲေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ေျပတီဦးပညာေရးေဖာင္ေဒးရွင္းအတြက္ အလႉေငြ သိန္း၂၀၀ က်ပ္တိတိကို လာေရာက္လႉဒါန္းသြားေသာ အမည္မေဖၚလိုသည့္ အလႉရွင္မိသားစုအား ေက်းဇူးအထူးတင္ရွိပါသည္။ 🙏🙏🙏🙏🙏” ဆိုျပီး ဝမ္းသာစြာ မွ်ေဝထားပါတယ္။

ေျပတီဦးရဲ့ ေဖာင္ေဒးရွင္းကေတာ့ ရရိွသမွ် အလွဴေငြေတြနဲ့ အမွန္တကယ္ လိုအပ္ေနတဲ့ ေနရာေတြကို ခြဲေဝလွဴဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ အလွဴရွင္ မိသားစုလည္း အစစအရာရာ တိုးတက္ၾကီးပြားျပီး ဒီထက္မက လွဴနိုင္တန္းနိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Pyay Ti Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အမည်မဖော်လိုသူ အလှူရှင်ဆီက ဖောင်ဒေးရှင်းအတွက် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိ လက်ခံရရှိခဲ့တယ်ဆိုတဲ့ ပြေတီဦး

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့က အနုပညာလုပ်ငန်းတွေမှာထူးချွန်သလို စိတ်သဘောထားပြည့်ဝတဲ့ ဇနှီးမောင်နှံ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ပညာသင်ရန် အခက်အခဲဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှတော့ ပြေတီဦးရဲ့ ဖောင်ဒေးရှင်းက ပညာသင်စရိတ်ထောက်ပံ့ပေးတာမျိုးသာမကပဲ Covid-19 ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းစဉ်များကိုလည်း တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

ပြေတီဦးတို့ မိသားစုရဲ့ မတည်ငွေနဲ့တကွ (၇) ရက်သားသမီး အလှူရှင်များရဲ့ လှူဒါန်းငွေတွေနဲ့ လည်ပတ်နေတဲ့ ပြေတီဦးဖောင်ဒေးရှင်းက အလှူငွေ သိန်း (၂၀၀) ကျပ်တည်းကို တစ်ခါတည်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ပြေတီဦးက “ခုလိုအစစ အရာရာခက်ခဲနေတဲ့အချိန်မှာ ကျွန်တော်တို့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းအတွက် အလှူငွေ သိန်း၂၀၀ ကျပ်တိတိကို လာရောက်လှူဒါန်းသွားသော အမည်မဖေါ်လိုသည့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ရှိပါသည်။ 🙏🙏🙏🙏🙏” ဆိုပြီး ဝမ်းသာစွာ မျှဝေထားပါတယ်။

ပြေတီဦးရဲ့ ဖောင်ဒေးရှင်းကတော့ ရရှိသမျှ အလှူငွေတွေနဲ့ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ခွဲဝေလှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ အလှူရှင် မိသားစုလည်း အစစအရာရာ တိုးတက်ကြီးပွားပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Pyay Ti Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!