အနုပညာသမား အနုပညာလုပ္တာအေပၚ “သာကူး” လို့ ေခါင္းစဥ္တပ္ ေဝဖန္သူေတြကို တံု့ျပန္ေျပာဆိုလာတဲ့ ေနမ်ိဳးေအာင္

မင္းသား ေနမ်ိဳးေအာင္ကေတာ့ သူ့ရဲ့ အနုပညာသက္တမ္းတစ္ေလွ်ာက္ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမ်ားစြာကို ရုိက္ကူးခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေနမ်ိဳးေအာင္က အသက္အရြယ္တစ္ခု ေရာက္ရိွလာခ်ိန္မွာေတာ့ အနုပညာလုပ္ငန္းေတြထက္ မိသားစုနဲ့အတူတူ အခ်ိန္ေတြ ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ရက္သတၱပတ္အတြင္းမွာေတာ့ ေနမ်ိဳးေအာင္က”ေခတ္ဝန္ကိုထမ္း ေခတ္လမ္းကိုေလွ်ာက္” ဆုိတဲ့ ဇာတ္လမ္းတိုေလးမွာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ထိုဇာတ္လမ္းရဲ့ ေနာက္ဆက္တြဲအျဖစ္ “သာကူး” လို့ ေခါင္းစဥ္တပ္ ေဝဖန္မႈတစ္ခ်ိဳ့ရိွခဲ့တာပဲ ျဖစ္ပါတယ္။

ထိုကိစၥနဲ့ ပက္သတ္ျပီး ေနမ်ိဳးေအာင္က “အႏုပညာသမားအႏုပညာလုပ္တာ ဘာမွားလို႔ဝိုင္းဆဲတာလဲမသိဘူး။ သာကူးရေအာင္လည္းဘယ္သူမွတစ္ျပားတစ္က်ပ္လာမေပးဘူး။ ႏွစ္တိုင္းတပ္မေတာ္ကား႐ိုက္တယ္။ NLD ကတစ္ေယာက္မွလာမဆဲဘူး။ NLD ကားခုတစ္ခါပဲ႐ိုက္ဘူးတယ္။ အားလုံးဝိုင္းဆဲၾကတယ္။ အဲ့တာဘာျဖစ္လို႔လဲနားမလည္.. ကြၽန္ေတာ့္အေဖက စစ္သား ၇ လပိုင္းကမွေသသြားတာ ညီ ၂ ေယာက္ကခုလက္ရွိစစ္တပ္ထဲမွာပါဗ်” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျဖရွင္းလာခဲ့ပါတယ္။

ေနမ်ိဳးေအာင္ကေတာ့ အနုပညာသမားပီပီ က်ရာဇာတ္ရုပ္အတိုင္း ေျပာဆို သရုပ္ေဆာင္ရမွာ သူ့ရဲ့တာဝန္တစ္ခုပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အနုပညာသမားတစ္ေယာက္ျဖစ္တဲ့ ေနမ်ိဳးေအာင္ကို နားလည္ၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Myo Aung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အနုပညာသမား အနုပညာလုပ်တာအပေါ် “သာကူး” လို့ ခေါင်းစဉ်တပ် ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုလာတဲ့ နေမျိုးအောင်

မင်းသား နေမျိုးအောင်ကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နေမျိုးအောင်က အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာတော့ နေမျိုးအောင်က”ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” ဆိုတဲ့ ဇာတ်လမ်းတိုလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ နောက်ဆက်တွဲအဖြစ် “သာကူး” လို့ ခေါင်းစဉ်တပ် ဝေဖန်မှုတစ်ချို့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး နေမျိုးအောင်က “အနုပညာသမားအနုပညာလုပ်တာ ဘာမှားလို့ဝိုင်းဆဲတာလဲမသိဘူး။ သာကူးရအောင်လည်းဘယ်သူမှတစ်ပြားတစ်ကျပ်လာမပေးဘူး။ နှစ်တိုင်းတပ်မတော်ကားရိုက်တယ်။ NLD ကတစ်ယောက်မှလာမဆဲဘူး။ NLD ကားခုတစ်ခါပဲရိုက်ဘူးတယ်။ အားလုံးဝိုင်းဆဲကြတယ်။ အဲ့တာဘာဖြစ်လို့လဲနားမလည်.. ကျွန်တော့်အဖေက စစ်သား ၇ လပိုင်းကမှသေသွားတာ ညီ ၂ ယောက်ကခုလက်ရှိစစ်တပ်ထဲမှာပါဗျ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖြေရှင်းလာခဲ့ပါတယ်။

နေမျိုးအောင်ကတော့ အနုပညာသမားပီပီ ကျရာဇာတ်ရုပ်အတိုင်း ပြောဆို သရုပ်ဆောင်ရမှာ သူ့ရဲ့တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အနုပညာသမားတစ်ယောက်ဖြစ်တဲ့ နေမျိုးအောင်ကို နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Myo Aung’s fb
Bilie – Cele Connections

error: Alert: Content is protected !!