



ယူနီကုဒ်ဖြင့်ဖတ်ရန်

လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကြား ပင်ပန်းဝမ်းနည်းလွန်းလို့ ညဘက်တောင် ကောင်းကောင်းအိပ်မပျော်ဘူးဆိုတဲ့ သံစဉ်မောင်

သရုပ်ဆောင် သံစဉ်မောင်ကတော့ လူတကာ အာရုံစိုက်ခံရပြီး မင်းသမီးတစ်ယောက်ပီပီ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့်လည်း ပရိသတ်အာရုံစိုက်ခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ သံစဉ်မောင်က သူမရဲ့ ချစ်သူဟောင်း နဲ့ ပြဿနာတွေ တစ်ကြော့ပြန်ဖြစ်ပေါ်နေတဲ့အခါ သူမရဲ့ မိသားစုအသိုင်းအဝိုင်းအတွက် ထိခိုက်နစ်နာခဲ့ရသလို သူမအတွက်လည်း မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်နေတာကြောင့် တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၂၁) ရက်နေ့မှာလည်း သံစဉ်မောင်ရဲ့အစ်မ ဘေဘီမောင်ကလည်း စိတ်ဆိုးဒေါသဖြစ်ကာ Live လွှင့်ပြီး ဖြေရှင်းခဲ့သလို ညီအစ်မနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတာပဲ ဖြစ်ပါတယ်။ သံစဉ်မောင်ကတော့ လက်ရှိပြဿနာတွေကြားမှာ ပင်ပန်းဝမ်းနည်းလွန်းလို့ မနက်မိုးခင်းခါနီးထိတောင် အိပ်မပျော်တဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

သံစဉ်မောင်ကတော့ အနေအေးသူတစ်ယောက်ဖြစ်ပြီး အခုလိုကိစ္စတွေဖြစ်ပေါ်လာချိန်မှာ သူမကိုယ်သူမထက် မိသားစုတွေကို ထိခိုက်နစ်နာခဲ့တာကြောင့် ပိုပြီး ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။ သံစဉ်မောင်တစ်ယောက် ခံစားနေရတဲ့ ခံစားမှုဝေဒနာတွေကနေ အမြန်ဆုံး သက်သာပါစေနော်။ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Than Sin Maung’s fb
Bilie – Cele Connections

error: Alert: Content is protected !!