



ယူနီကုဒ်ဖြင့်ဖတ်ရန်

တိရစ္ဆာန်တွေနဲ့ နှစ်ယောက်တည်း အပြန်အလှန်စကားပြောတတ်တဲ့အကျင့်ကြောင့် ကိုယ့်ကိုကိုယ် ရူးနေတယ်လို့တောင် ထင်နေပြီဆိုတဲ့ ပိုင်တံခွန်

ရုပ်ရည်ချောမောသလို စကားပြောလည်း ပြေပြစ်လိမ္မာတဲ့ မင်းသားချော ပိုင်တံခွန်ကတော့ လူကြီး၊ လူငယ် ပရိသတ်မရွေးချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ကိုယ့်ကိုကိုယ်နှိမ်ချပြီးနေတတ်တာကြောင့် ထင်ပေါ်ကျော်ကြားပြီး တစ်နေ့တစ်ခြား လူချင်လူခင်ပေါများနေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်ပေမယ့် သာမာန်လူတစ်ယောက်အဖြစ်သာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်တာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။

ဒီကနေ့မှာတော့ ပိုင်တံခွန်က သူ့ရဲ့အချစ်ဆုံးကြောင်လေးနဲ့ “ဝတုတ်” နဲ့ အပြန်အလှန် စကားတွေပြောနေတဲ့ ဗီဒီယိုလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာပါတယ်။ ပိုင်တံခွန်ကတော့ ကြောင်ပြောတဲ့ အသံကို သူ့ဘာသာ အဆင်ပြေသလို ဘာသာပြန်ပြီး စကားတွေပြောနေတာကြောင့် ကိုယ့်ကိုကိုယ် ရူးနေပြီလို့တောင် အရွှန်းဖောက်လာခဲ့တာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အိမ်မှာလည်း ကြောင်၊ ခွေး၊ လိပ်၊ ငှက် စတဲ့ အကောင်လေးတွေကိုလည်း မွေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Takhon’s fb
Bilie – Cele Connections

error: Alert: Content is protected !!