




ယူနီကုဒ်ဖြင့်ဖတ်ရန်

အစ်မ ဘေဘီမောင်ရဲ့ အဖြေတစ်ခုကို စောင့်နေပါတယ်ဆိုပြီး ဝမ်းနည်းမျက်ရည်တွေနဲ့ Live လွှင့်လာခဲ့တဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ပွင့်ပွင့်လင်းလင်းရှိပြီး စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆောင်းယွန်းစံကတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သူမအကြောင်းကိုသာ မျှဝေပေးလေ့ရှိပြီး ဘယ်သူ့ကိစ္စကိုမှ ကောင်းသည် ဆိုးသည် ဝေဖန်တတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဒီကနေ့မှာတော့ ဆောင်းယွန်းစံက သူမရဲ့ ပို့စ်အောက်မှာ လာရောက်ဆဲဆိုနေကြသူတွေရှိတာကြောင့် ဖြစ်ကြောင်းကုန်စင်ကို ဖြေရှင်းလာခဲ့ပါတယ်။

ဆောင်းယွန်းစံနဲ့ ခင်မင်ရင်းနှီးသူဖြစ်တဲ့ နေဒွေးနဲ့ ချစ်သူဟောင်း သံစဉ်မောင်တို့ရဲ့ ကိစ္စကြောင့် ကြားထဲကနေ မဆီမဆိုင် အဆဲခံနေရတာဖြစ်ပြီး သူမအနေနဲ့ ထိုပြဿနာတွေကြားမှာ ဘာမှမပက်သတ်ကြောင်း ပြောလာပါတယ်။ သံစဉ်မောင်ရဲ့အစ်မ ဘေဘီမောင်ကလည်း သူမရဲ့ ဖေ့စ်ဘုတ် Live မှာ နေဒွေးဘက်က ေ-ာင်မတွေဆိုပြီး ပြောခဲ့တာကြောင့် ထိုစကားနဲ့ ပက်သတ်ပြီး ဆောင်းယွန်းစံက ဘေဘီမောင်ရဲ့ အဖြေတစ်ခုကို စောင့်နေပါတယ်ဆိုပြီး ဝမ်းနည်းမျက်ရည်တွေနဲ့ Live လွှင့်လာခဲ့တာကို တွေ့ရပါတယ်။

ဆောင်းယွန်းစံအနေနဲ့ နေဒွေးနဲ့ သံစဉ်မောင်တို့ရဲ့ ပြဿနာကို သေချာမသိပေမယ့် သူမအကောင့်မှာ လာရောက်ဆဲဆိုနေကြတာတွေကြောင့် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ ဆောင်းယွန်းစံရဲ့ မေးခွန်းအပေါ် ဘာမှတုံ့ပြန်မှုမရှိသေးတာကို တွေ့ရပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Saung Yoon San ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!