“မင္းအဲ့ေလာက္တို႔ကို႐ိုင္းစိုင္းေနစရာမလိုဘူး” ဆိုျပီး ေနာက္ေျပာင္က်ီစယ္ခဲ့တဲ့ ဘဘရန္ပိုင္စိုးနဲ့ ေနာက္ဆံုးအမွတ္တရေတြကို သတိရေနတဲ့ ဝိုင္းလမင္းေအာင္

အသက္ငယ္ေပမယ့္ အႏုပညာပါရမီ မနည္းလွသူ အဆိုေတာ္ေလး ဝိုင္းလမင္းေအာင္ကေတာ့ ငယ္စဥ္ ကေလးဘဝကတည္းက ႏိုင္ငံေတာ္အဆင့္ ဆိုကေရးတီး အဆိုနဲ႔ အတီး ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ေ႐ႊတံဆိပ္ (၁၁) ခု၊ ေငြတံဆိပ္ (၉) ခုနဲ႔ ေၾကးတံဆိပ္ (၃) ဆုတို႔ကို ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ဂီတလမ္းေၾကာင္းအေပၚ ေလွ်ာက္လွမ္းေနဆဲ ျဖစ္တဲ့ ဝိုင္းလမင္းေအာင္ကေတာ့ ဒီကေန႔ ကြယ္လြန္သြားခဲ့တဲ့ သ႐ုပ္ေဆာင္၊ အဆိုေတာ္ ရန္ပိုင္စိုး ကြယ္လြန္သြားျခင္းနဲ႔ ပက္သတ္ၿပီး ေနာက္ဆုံးေတြ႕ဆုံစဥ္က အမွတ္တရကို အခုလိုပဲ ဝမ္းနည္းစြာ ေျပာျပလာပါတယ္။

“ဦးရန္ပိုင္စိုး ကြယ္လြန္သြားလို႔စိတ္မေကာင္းျဖစ္ရပါတယ္ခင္ဗ်ာ။ ဦးရန္ပိုင္စိုးနဲ႔အမွတ္တရ‌ေတြအမ်ားႀကီးပါ။ ကြၽန္ေတာ့ကအၿမဲလူႀကီးေတြကို႐ိုေသတဲ့အေနနဲ႔”ဟုတ္ကဲ့ဟုတ္ကဲ့ပါ ဟုတ္ကဲ့ပါဗ် “စသည္ျဖင့္အထပ္ထပ္အခါခါ႐ိုက်ိဴးစြာေျပာေလ့ရွိတာေၾကာင့္ အခု႐ုပ္ရွင္ႏွစ္တစ္ရာမွာဦးရန္ပိုင္စိုးနဲ႔ေတြ႕ေတာ့ ႐ိုေသစြာထုံစံအတိုင္းဟုတ္ကဲ့ဟုတ္ကဲ့ပါဗ်စသည္ျဖင့္အဲ့လိုေျပာေတာ့ ဦးရန္ပိုင္စိုးက (မင္းအဲ့ေလာက္တို႔ကို႐ိုင္းစိုင္းေနစရာမလိုဘူး)ဟုေနာက္‌ေျပာင္က်ီစယ္သြားေသးတယ္ေလ။ အခုေတာ့အဲ့စကားေလးေတြအဆုံးဘဘက ေက်ာခိုင္းသြားလို႔ ဘဘနဲ႔အလုပ္တြဲလုပ္ခဲ့တဲ့ေရေက်ာ္သီတင္းကြၽတ္ပြဲ‌ေတြနဲ႔အတူ မဂၤလာေဆာင္ဘိသိက္ပြဲမ်ားမွာေက်းဇူးရွိခဲ့ဖူးတာေၾကာင့္ဒီေနရာကေနကန္ေတာ့ရင္းဘဘေကာင္းရာသုဂတိလားပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္” ဆိုၿပီး ဝိုင္းလမင္းေအာင္က သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာဆိုထားပါတယ္။

သ႐ုပ္ေဆာင္ အဆိုေတာ္ႀကီး ရန္ပိုင္စိုးကေတာ့ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းကမွ ျမန္မာ့႐ုပ္ရွင္ ႏွစ္ (၁၀၀) ျပည့္မွာ ပါဝင္ေဖ်ာ္ေျဖေပးခဲ့ၿပီး ဒီေန႔မွာေတာ့ ကြယ္လြန္သြားရွာတဲ့အတြက္ အႏုပညာေလာကတစ္ခုလုံးက စိတ္မေကာင္းဝမ္းနည္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wine Lamin Aung ဝိုင္းလမင္းေအာင္’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မင်းအဲ့လောက်တို့ကိုရိုင်းစိုင်းနေစရာမလိုဘူး” ဆိုပြီး နောက်ပြောင်ကျီစယ်ခဲ့တဲ့ ဘဘရန်ပိုင်စိုးနဲ့ နောက်ဆုံးအမှတ်တရတွေကို သတိရနေတဲ့ ဝိုင်းလမင်းအောင်

အသက်ငယ်ပေမယ့် အနုပညာပါရမီ မနည်းလှသူ အဆိုတော်လေး ဝိုင်းလမင်းအောင်ကတော့ ငယ်စဉ် ကလေးဘဝကတည်းက နိုင်ငံတော်အဆင့် ဆိုကရေးတီး အဆိုနဲ့ အတီး ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၁၁) ခု၊ ငွေတံဆိပ် (၉) ခုနဲ့ ကြေးတံဆိပ် (၃) ဆုတို့ကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဂီတလမ်းကြောင်းအပေါ် လျှောက်လှမ်းနေဆဲ ဖြစ်တဲ့ ဝိုင်းလမင်းအောင်ကတော့ ဒီကနေ့ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော် ရန်ပိုင်စိုး ကွယ်လွန်သွားခြင်းနဲ့ ပက်သတ်ပြီး နောက်ဆုံးတွေ့ဆုံစဉ်က အမှတ်တရကို အခုလိုပဲ ဝမ်းနည်းစွာ ပြောပြလာပါတယ်။

“ဦးရန်ပိုင်စိုး ကွယ်လွန်သွားလို့စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ။ ဦးရန်ပိုင်စိုးနဲ့အမှတ်တရ‌တွေအများကြီးပါ။ ကျွန်တော့ကအမြဲလူကြီးတွေကိုရိုသေတဲ့အနေနဲ့”ဟုတ်ကဲ့ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဗျ “စသည်ဖြင့်အထပ်ထပ်အခါခါရိုကျိူးစွာပြောလေ့ရှိတာကြောင့် အခုရုပ်ရှင်နှစ်တစ်ရာမှာဦးရန်ပိုင်စိုးနဲ့တွေ့တော့ ရိုသေစွာထုံစံအတိုင်းဟုတ်ကဲ့ဟုတ်ကဲ့ပါဗျစသည်ဖြင့်အဲ့လိုပြောတော့ ဦးရန်ပိုင်စိုးက (မင်းအဲ့လောက်တို့ကိုရိုင်းစိုင်းနေစရာမလိုဘူး)ဟုနောက်‌ပြောင်ကျီစယ်သွားသေးတယ်လေ။ အခုတော့အဲ့စကားလေးတွေအဆုံးဘဘက ကျောခိုင်းသွားလို့ ဘဘနဲ့အလုပ်တွဲလုပ်ခဲ့တဲ့ရေကျော်သီတင်းကျွတ်ပွဲ‌တွေနဲ့အတူ မင်္ဂလာဆောင်ဘိသိက်ပွဲများမှာကျေးဇူးရှိခဲ့ဖူးတာကြောင့်ဒီနေရာကနေကန်တော့ရင်းဘဘကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်” ဆိုပြီး ဝိုင်းလမင်းအောင်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

သရုပ်ဆောင် အဆိုတော်ကြီး ရန်ပိုင်စိုးကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကမှ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်မှာ ပါဝင်ဖျော်ဖြေပေးခဲ့ပြီး ဒီနေ့မှာတော့ ကွယ်လွန်သွားရှာတဲ့အတွက် အနုပညာလောကတစ်ခုလုံးက စိတ်မကောင်းဝမ်းနည်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wine Lamin Aung ဝိုင်းလမင်းအောင်’s fb
Bilie – Cele Connections

error: Alert: Content is protected !!