ထက္ထက္မိုးဦးရဲ့ Live ကိုၾကည့္ျပီး အေယာင္အေယာင္အမွားမွားေတြျဖစ္ခဲ့ရပံုကို ရွက္စနိုးေလးေျပာလာတဲ့ မေအးေသာင္း

ျမန္မာဆန္တဲ့ က်က္သေရရွိရွိအလွတရားကို ပိုင္ဆိုင္ထားတယ္လို႔ ပရိသတ္ေတြအားလံုးက လက္ခံထားၾကတဲ့ မင္းသမီးေခ်ာေလး မေအးေသာင္းကေတာ့ က်ရာဇာတ္ရုပ္ကို ပီပီျပင္ျပင္ သရုပ္ေဆာင္ႏိုင္လြန္းလို႔ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိေနတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ မေအးေသာင္းက ရုပ္ရွင္ရိုက္ကူးျခင္းေတြအားလံုးကို ရပ္နားထားျပီး ေပါ့ေပါးပါးပါး ေၾကာ္ျငာရိုက္ကူးျခင္းေတြကိုသာ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ မေအးေသာင္းရဲ့ လႈပ္ရွားမႈတိုင္းကို ရင္ခုန္စြာနဲ့ ေစာင့္ၾကည့္အားေပးၾကတာပဲ ျဖစ္ပါတယ္။

အျမဲတမ္း ေပ်ာ္ေပ်ာ္ေနတတ္ျပီး ပြင့္လင္းလြန္းတဲ့ ေအးဝတ္ရည္ေသာင္းက ဒီကေန့မွာေတာ့ ထက္ထက္မိုးဦးရဲ့ Live ကိုၾကည့္ျပီး အေယာင္အေယာင္အမွားမွားေတြျဖစ္ခဲ့ရပံုကို ေျပာျပလာပါတယ္။ မေအးေသာင္းက “ရတနာဝယ္ႏိုင္တဲ့သူေတြအားက် ေရာင္းတဲ့သူကလည္းေတာ္လိုက္တာ.. Screenshot ႐ိုက္လိုက္ေနာ္လို႔ မထက္ေျပာေတာ့ ကိုယ္ပါလိုက္႐ိုက္မိ။ မသိရင္ဝယ္မွာက်ေနတာ။ ကြကိုယ္ျပန္ေတြးၿပီးရွက္😂😂😂” ဆိုျပီး သူမရဲ့ ျဖစ္ပံုကို ေျပာျပလာပါတယ္။

ေအးဝတ္ရည္ေသာင္းကေတာ့ ထက္ထက္မိုးဦးကို ခ်စ္ခင္သူတစ္ေယာက္ပီပီ ထက္ထက္မိုးဦး ေစ်းေရာင္းတဲ့ ပို့စ္ေတြကိုၾကည့္ျပီး အေယာင္ေယာင္အမွားမွားေတြ ျဖစ္ခဲ့ရပံုကို ေျပာျပလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးထဲမွာေရာ မေအးေသာင္းနဲ့ အျဖစ္ခ်င္းတူေတြ ရိွမလားေနာ္.. ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aye Thaung ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ထက်ထက်မိုးဦးရဲ့ Live ကိုကြည့်ပြီး အယောင်အယောင်အမှားမှားတွေဖြစ်ခဲ့ရပုံကို ရှက်စနိုးလေးပြောလာတဲ့ မအေးသောင်း

မြန်မာဆန်တဲ့ ကျက်သရေရှိရှိအလှတရားကို ပိုင်ဆိုင်ထားတယ်လို့ ပရိသတ်တွေအားလုံးက လက်ခံထားကြတဲ့ မင်းသမီးချောလေး မအေးသောင်းကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းလို့ အောင်မြင်မှုတွေများစွာ ရရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မအေးသောင်းက ရုပ်ရှင်ရိုက်ကူးခြင်းတွေအားလုံးကို ရပ်နားထားပြီး ပေါ့ပေါးပါးပါး ကြော်ငြာရိုက်ကူးခြင်းတွေကိုသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မအေးသောင်းရဲ့ လှုပ်ရှားမှုတိုင်းကို ရင်ခုန်စွာနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။

အမြဲတမ်း ပျော်ပျော်နေတတ်ပြီး ပွင့်လင်းလွန်းတဲ့ အေးဝတ်ရည်သောင်းက ဒီကနေ့မှာတော့ ထက်ထက်မိုးဦးရဲ့ Live ကိုကြည့်ပြီး အယောင်အယောင်အမှားမှားတွေဖြစ်ခဲ့ရပုံကို ပြောပြလာပါတယ်။ မအေးသောင်းက “ရတနာဝယ်နိုင်တဲ့သူတွေအားကျ ရောင်းတဲ့သူကလည်းတော်လိုက်တာ.. Screenshot ရိုက်လိုက်နော်လို့ မထက်ပြောတော့ ကိုယ်ပါလိုက်ရိုက်မိ။ မသိရင်ဝယ်မှာကျနေတာ။ ကွကိုယ်ပြန်တွေးပြီးရှက်😂😂😂” ဆိုပြီး သူမရဲ့ ဖြစ်ပုံကို ပြောပြလာပါတယ်။

အေးဝတ်ရည်သောင်းကတော့ ထက်ထက်မိုးဦးကို ချစ်ခင်သူတစ်ယောက်ပီပီ ထက်ထက်မိုးဦး ဈေးရောင်းတဲ့ ပို့စ်တွေကိုကြည့်ပြီး အယောင်ယောင်အမှားမှားတွေ ဖြစ်ခဲ့ရပုံကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော မအေးသောင်းနဲ့ အဖြစ်ချင်းတူတွေ ရှိမလားနော်.. ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Thaung ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!