



Source: G Vocals’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မပြန်တာတစ်လကြာပြီဆိုပေမယ့် (၂၁) နှစ်ပြည့်မွေးနေ့မှာ အိမ်ပြန်ပြီး မိဘနှစ်ပါးနဲ့အတူတူ ပျော်စရာအချိန်တွေကုန်ဆုံးခဲ့တဲ့ G

သရုပ်ဆောင်နဲ့ အဆိုတော် ထွန်းအိန္ဒြာရဲ့တူမချော ဖြစ်သလို၊ ရတနာဆိုင်ပိုင်ရှင်ကြီးရဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ သက်ရတနာကျော်ဝင်းကတော့ G ဆိုတဲ့ နာမည်လေးနဲ့ The Voice Myanmar Season (3) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာကြောင့် ပရိသတ်တွေ သတိထားမိခြင်းကို ပိုမိုခံခဲ့ရတာ ဖြစ်ပါတယ်။ G က အခုဆိုရင် The Voice Myanmar ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သလို ကိုဗစ်ကာလမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း သူမရဲ့ နာမည်နဲ့ ဂုဏ်သတင်းတွေကို ဘေးချိတ်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ကတော့ G ရဲ့ အသက် (၂၁) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ G က စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေရတာမို့ မိသားစုနဲ့ ခွဲခွာနေတာ တစ်လကျော်ကြာပြီဆိုပေမယ့် သူမရဲ့ မွေးနေ့ညလေးမှာတော့ အိမ်ကိုပြန်ပြီး မိဘနှစ်ပါးနဲ့ အတူတူ မွေးနေ့ကိတ်လေးခွဲပြီး ဖြတ်သန်းခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် G တို့ မိသားစုဝင်တွေရဲ့ ပျော်စရာ အမှတ်တရတွေကို မျှဝေပေးလိုက်ပါတယ်နော်။

G ဖခင်ကတော့ နာမည်ကြီး ရတနာဆိုင်ပိုင်ရှင်ဖြစ်ပြီး G မိခင်ကတော့ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့် G ကတော့ သာမာန်မိန်းကလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး G အတွက် မွေးနေ့ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: G Vocals’s fb
Bilie – Cele Connections

error: Alert: Content is protected !!