မာန္ေအာင္ျမိဳ့က ထြက္ခြာလာတာၾကာျပီဆိုေပမယ့္ ပညာသင္ၾကားေပးဖူးတဲ့ ေက်ာင္းဆရာ၊ ဆရာမေတြရဲ့ ဂုဏ္ေက်းဇူးကို မေမ့ေလ်ာ့တဲ့ ေနတိုးရဲ့ အျပဳအမူ

မင္းသားေခ်ာ ေနတိုးကေတာ့ ရခိုင္ျပည္နယ္ မာန္ေအာင္ျမိဳ့မွာ ေမြးဖြားခဲ့တဲ့ ရခိုင္တိုင္းရင္းသားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနတိုးက ခ်မ္းသာတဲ့မိသားစု မ်ိဳးရိုးကေန ေပါက္ဖြားလာခဲ့ျပီး အသက္ (၁၉) နွစ္အရြယ္မွာ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ဇင္မင္းဆိုတဲ့ နာမည္နဲ့ အနုပညာအလုပ္ေတြလုပ္ကိုင္ခဲ့တဲ့ ေနတိုးက အစပိုင္းမွာေတာ့ မေအာင္ျမင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သရုပ္ေဆာင္ေနတိုးအျဖစ္ တစ္ရိွန္ထိုးေအာင္ျမင္လာျပီး အနုပညာေလာကမွာ ထိပ္ဆံုးကေန ရပ္တည္ေနနိုင္ျပီပဲ ျဖစ္ပါတယ္။

ေအာင္ျမင္မႈေတြ သိမ္းၾကံဳးရရိွေနတဲ့ ထိပ္တန္းမင္းသားေနတိုးကေတာ့ ေအာင္ျမင္မႈအေပၚ ေထာင္လႊားျခင္းမရိွပဲ သူ့ရဲ့ ပံုစံေလးအတိုင္း ရိုးရိုးရွင္းရွင္းသာ ေနတတ္တာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ေနတိုးက သူ့ရဲ့ မာန္ေအာင္ျမိဳ့ အထက္တန္းေက်ာင္းက သခ်ၤာဆရာကို မေမ့မေလ်ာ့ပဲ ေငြက်ပ္ (၃) သိန္းက်ပ္ ဂါရဝျပဳကန္ေတာ့ခဲ့တာကို ေတြ့ရပါတယ္။

ေနတိုးကေတာ့ လူကသာ ရန္ကုန္ျမိဳ့ၾကီးကိုေရာက္ရိွေနေပမယ့္ သူ့ရဲ့ စိတ္ကေတာ့ မာန္ေအာင္ျမိဳ့ေလးမွာရိွေနျပီး စာသင္ေပးခဲ့တဲ့ ဆရာ၊ ဆရာမေတြအျပင္ သူငယ္ခ်င္းေတြကုိ သတိရေနမွာ ေသခ်ာပါတယ္။ ပရိသတ္ၾကီးလည္း ေက်းဇူးသိတတ္ျပီး ဘဝမေမ့တဲ့ ေနတိုးကို ပိုလို့ေတာင္ ေလးစားသြားၾကျပီ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Rakhine R Prince’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မာန်အောင်မြို့က ထွက်ခွာလာတာကြာပြီဆိုပေမယ့် ပညာသင်ကြားပေးဖူးတဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးကို မမေ့လျော့တဲ့ နေတိုးရဲ့ အပြုအမူ

မင်းသားချော နေတိုးကတော့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးက ချမ်းသာတဲ့မိသားစု မျိုးရိုးကနေ ပေါက်ဖွားလာခဲ့ပြီး အသက် (၁၉) နှစ်အရွယ်မှာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ဇင်မင်းဆိုတဲ့ နာမည်နဲ့ အနုပညာအလုပ်တွေလုပ်ကိုင်ခဲ့တဲ့ နေတိုးက အစပိုင်းမှာတော့ မအောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သရုပ်ဆောင်နေတိုးအဖြစ် တစ်ရှိန်ထိုးအောင်မြင်လာပြီး အနုပညာလောကမှာ ထိပ်ဆုံးကနေ ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။

အောင်မြင်မှုတွေ သိမ်းကြုံးရရှိနေတဲ့ ထိပ်တန်းမင်းသားနေတိုးကတော့ အောင်မြင်မှုအပေါ် ထောင်လွှားခြင်းမရှိပဲ သူ့ရဲ့ ပုံစံလေးအတိုင်း ရိုးရိုးရှင်းရှင်းသာ နေတတ်တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နေတိုးက သူ့ရဲ့ မာန်အောင်မြို့ အထက်တန်းကျောင်းက သင်္ချာဆရာကို မမေ့မလျော့ပဲ ငွေကျပ် (၃) သိန်းကျပ် ဂါရဝပြုကန်တော့ခဲ့တာကို တွေ့ရပါတယ်။

နေတိုးကတော့ လူကသာ ရန်ကုန်မြို့ကြီးကိုရောက်ရှိနေပေမယ့် သူ့ရဲ့ စိတ်ကတော့ မာန်အောင်မြို့လေးမှာရှိနေပြီး စာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေအပြင် သူငယ်ချင်းတွေကို သတိရနေမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ကျေးဇူးသိတတ်ပြီး ဘဝမမေ့တဲ့ နေတိုးကို ပိုလို့တောင် လေးစားသွားကြပြီ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Rakhine R Prince’s fb
Bilie – Cele Connections

error: Alert: Content is protected !!