



ယူနီကုဒ်ဖြင့်ဖတ်ရန်

ထက်ထက်မိုးဦးဆီကနေ သိန်း (၁၅၀) တန် နားဆွဲလေး ဝယ်ယူအားပေးပြီး ချစ်တဲ့အကြောင်းတွေ သက်သေပြခဲ့တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း သူမကို သတိထားမိပြီး အားပေးလက်ခံကြတာကို တွေ့ရပါတယ်။

ကိုယ်တိုင်ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပေမယ့် စီနီယာအစ်ကို အစ်မတွေအပေါ်လည်း လေးစားချစ်ခင်မှုအပြည့်ရှိတဲ့ ဝတ်မှုံရွှေရည်က ဒီတစ်ခေါက်မှာလည်း သရုပ်ဆောင် ထက်ထက်မိုးဦး Live လွှင့်ပြီး ရောင်းပေးတဲ့ သိန်း (၁၅၀) တန် နားဆွဲလေးကို ဝယ်ယူအားပေးခဲ့ပါတယ်။ နားဆွဲလေးရဲ့ မူလတန်ဖိုးကတော့ သိန်း (၁၈၀) ရှိပြီး ထက်ထက်မိုးဦးရဲ့ လျှော့လျှော့ပေါ့ပေါ့ပြောဆိုမှုတွေကြောင့် ဝတ်မှုံရွှေရည်က သိန်း (၃၀) လောက်သက်သာပြီး ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ထက်ထက်မိုးဦးဆီကနေ သိန်း (၁၅၀) တန် နားဆွဲလေး ဝယ်ယူအားပေးပြီး ချစ်တဲ့အကြောင်းတွေ သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်ကလည်း ဝတ်မှုံရွှေရည်ကို ချစ်တဲ့အတွက် ဆိုင်ရှင်ကို ဈေးတွေလျှော့ခိုင်းခဲ့တာ ပရိသတ်ကြီးမျက်မြင်ပါပဲနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!