



Source: Baby Maung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ညီမငယ်လေး သံစဉ်မောင်ရဲ့ အခန်းကအစ အစစအရာရာ လိုလေသေးမရှိ ဂရုစိုက်ပေးတဲ့ ဘေဘီမောင်

အနုပညာညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်နဲ့ သံစဉ်မောင်က ကျရာနေရာမှာ တာဝန်တွေကိုအသီးသီး ထမ်းဆောင်နေကြတဲ့ သူတွေဖြစ်ပါတယ်။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ ဘေဘီမောင်နဲ့ သံစဉ်မောင်က ညီအစ်မအရင်းတွေဖြစ်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေလိုပဲ ပေါင်းသင်းဆက်ဆံကြသူတွေ ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ ညီမဖြစ်သူ သံစဉ်မောင်အတွက် အစ်မကြီးအမိရာလည်းပီသသလို အနီးကပ်ဆုံးသူငယ်ချင်းကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

ညီမလေးကို အရမ်းချစ်ပြီး အစစအရာရာလိုလေသေးမရှိ ဂရုစိုက်တဲ့ ဘေဘီမောင်က ဒီကနေ့မှာလည်း သူမရဲ့ ညီမလေး ဘေဘီမောင်အတွက် သူမကိုယ်တိုင် ပြင်ဆင်ပေးထားတဲ့ အခန်းလေးကို ပြသလာပါတယ်။ ဘေဘီမောင်ကတော့ ညီမလေး သံစဉ်မောင်အတွက် အခန်းအပြင်အဆင်ကို သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ပေးထားတာကို ထုတ်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ မိသားစုရဲ့ သမီးကြီးပီပီ မိဘနှစ်ပါးအပြင် ညီမလေး၊ မောင်လေးတွေအတွက်လည်း အစစအရာရာ လိုလေသေးမရှိအောင် ထားသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အစ်မချစ်တာခံရတဲ့ သံစဉ်မောင်ကို အားကျနေကြမယ် ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Baby Maung’s fb
Bilie – Cele Connections

error: Alert: Content is protected !!