



ယူနီကုဒ်ဖြင့်ဖတ်ရန်

ကလေးတစ်ယောက်လို ဆုံလည်ကုလားထိုင်မှာထိုင်ပြီးဆော့နေတဲ့ မေမေ့ကို မှတ်လောက်သားလောက်အောင် ချစ်ကျီစယ်ခဲ့တဲ့ နီလန်းရဲ့ ဗီဒီယို

Myanmar Season (3) မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ထိုပြိုင်ပွဲကနေတဆင့်ပဲ လူသိများကျော်ကြားလာခဲ့တဲ့ ချင်းတိုင်းရင်းသူ အဆိုတော်မလေး နီလန်းကို ထွေထွေထူးထူး မိတ်ဆက်ပေးဖို့ လိုမယ် မထင်ပါဘူး။ နီလန်းက ကံမကောင်းစွာနဲ့ပဲ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် အခုချိန်မှာတော့ ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဆိုပြီး နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ နီလန်းကတော့ Beauty Blogger တစ်ယောက်လည်းဖြစ်ပြီး သူမဝါသနာပါရာ လမ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ်လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။

နီလန်းကတော့ အလုပ်တွေများစွာကို လုပ်ကိုင်နေရပေမယ့် သူမရဲ့မိသားစုလေးအတွက်လည်း အချိန်အမြဲပေးပြီး အထူးသဖြင့် သူမရဲ့ မေမေကို ပျော်ရွှင်အောင်ထားတတ်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နီလန်းက ကလေးတစ်ယောက်လို ဆုံလည်ကုလားထိုင်မှာထိုင်ပြီးဆော့နေတဲ့ မေမေ့ကို “သူများထိုင်ခုံကို ဆော့နေတာ … မှတ်လောက်သားလောက်အောင် တစ်ခါလေး လှည့်ပေးလိုက်ပါတယ်။ မူးတာမူးတာဆို မျက်လုံးတောင် မဖွင့်ရဲတော့ဘူး 🤣 Just for fun 😇” ဆိုပြီး မေမေ့ကို ချစ်ကျီစယ်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးထားပါတယ်။

နီလန်းကတော့ နေမကောင်းဖြစ်ပြီး မကြာသေးခင်ကမှ ဆေးရုံကဆင်းလာတဲ့ မေမေ့ကို စိတ်ပျော်ရွှင်အောင်ထားပြီး အမြဲတမ်း အေးချမ်းစေဖို့ လိုလေသေးမရှိ ဂရုစိုက်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nilen – နီလန်း’s fb
Bilie – Cele Connections

error: Alert: Content is protected !!