Source: Moeset Wine’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ကိုယ့်ကိုကိုယ် နာမည်ကြီးထမင်းငတ်ဖြစ်နေမှန်း အခုမှသိရတယ်ဆိုတဲ့ မိုးစက်ဝိုင်
မြင့်မားတဲ့အရပ်နဲ့ ချိုသာတဲ့ အပြုံလေးတွေရဲ့ပိုင်ရှင် မိုးစက်ဝိုင်ကတော့ Miss Universe Myanmar (2013) ဆုရှင်တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ကျော်ကြားလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အလှမယ်ဖြစ်ပေမယ့် မိုးစက်ဝိုင်က သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ပြီးခဲ့တဲ့လပိုင်းကတော့ “ကြယ်မရှိတဲ့ကောင်းကင်” ချစ်ကြည်ရေးဇာတ်ကားကြီးမှာ ဆရာဝန်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ မိုးစက်ဝိုင်က လက်ရှိမှာလည်း တရားရင်ဆိုင်နေရတာဖြစ်ပြီး ပရိသတ်အာရုံစိုက်ခံနေရသူ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိုးစက်ဝိုင်က သူမရဲ့အကြောင်းနဲ့ ပက်သတ်ပြီး “😳😂😅😁😞 ခုမှပဲ ကိုယ်ကိုယ်ကို သိတော့တယ်။ တကယ်တော့ နာမည်ကြီးထမင်းငတ်ဖြစ်နေပါလား” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။
မိုးစက်ဝိုင်ကတော့ ဘာကို ရည်ရွယ်ပြီးပြောထားမှန်းမသိပေမယ့် ပရိသတ်တွေကတော့ မိုးစက်ဝိုင်ရဲ့ စကားအပေါ် စိတ်ဝင်တစားရှိနေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Moeset Wine’s fb
Bilie – Cele Connections