



ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကြယ်ကလေးရဲ့ကောင်းကင်” ဇာတ်လမ်းတွဲထဲက ပေါက်စီလေးနဲ့ ပြန်လည်ဆုံတွေ့ပြီး ပရိသတ်တွေအတွက် ချစ်စရာဗီဒီယိုလေးကို မျှဝေပေးလာတဲ့ ပိုးကြာဖြူခင်

မျက်လုံး၊ မျက်ခုံး လှလှလေးနဲ့ အရမ်းလှတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်အတိုင်း စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်နိုင်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပိုးကြာဖြူခင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းက ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို ရရှိပြီး သူမရဲ့ ဇာတ်ကောင်နာမည်လေးတွေကလည်း ထင်ကျန်ရစ်စေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးကြာဖြူခင်က “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ အဏ္ဏဝါမုန်းဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က သူမရဲ့အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ကြယ်ကလေးရဲ့ကောင်းကင်” ဇာတ်လမ်းတွဲထဲက ပေါက်စီလေးနဲ့ ပြန်လည်ဆုံတွေ့ခဲ့တဲ့ အမှတ်တရလေးတွေကို ပရိသတ်တွေကို မျှဝေလာပါတယ်။ ပိုးကြာဖြူခင်က ပေါက်စီလေးနဲ့တွေတုန်းလေး ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ပိုးကြာဖြူခင်ကတော့ “ကြယ်ကလေးရဲ့ကောင်းကင်” ဇာတ်လမ်းတွဲထဲမှာ ချစ်ပန်းဝေဆိုတဲ့ ဇာတ်ကောင်နေရာကနေ ကလေးသရုပ်ဆောင် ပေါက်စီလေးနဲ့ ဇာတ်ဝင်ခန်းတော်တော်များများမှာ အတူတူ သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်တို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections

error: Alert: Content is protected !!