ေဖာင္ၾကီးမွာတာဝန္က်ေနတဲ့ ခ်စ္သူေမာင္ကို နာမည္ေျပာင္အသစ္ေလးေပးျပီး ကင္ပြန္းတပ္ခဲ့တဲ့ ရီရီပြင့္ျဖဴ

သရုပ္ေဆာင္ ေမာင္ကေတာ့ ဗီဒီယိုဇာတ္ကားေတြ ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ပရိသတ္အားေပးမႈကို ရရိွခဲ့သူတစ္ေယာက္ပါပဲ။ ေမာင့္လိုပဲ ရီရီပြင့္ျဖဴကလည္း ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ နွစ္အေတာ္ၾကာေအာင္ ပါဝင္သရုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေမာင္နဲ့ ရီရီပြင့္ျဖဴတို့နွစ္ေယာက္စလံုးက အနုပညာေလာကကေန လံုးဝအနားယူလိုက္ျပီး သာမာန္လူေတြအတိုင္းသာ ေနထိုင္ေနၾကလ်က္ရိွတာကို ေတြ့ရပါတယ္။

သရုပ္ေဆာင္ေဟာင္းတစ္ေယာက္ျဖစ္သလို ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ ေမာင္ကေတာ့ လက္ရိွမွာ သူကြ်မ္းက်င္တတ္ေျမာက္ထားတဲ့ ေဆးပညာနဲ့ Covid-19 လူနာေတြကို ကုသေပးဖို့ ေဖာင္ၾကီးမွာ တာဝန္ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။ တစ္လတာေလာက္ ခြဲခြာရမယ့္ ေမာင္နဲ့ ရီရီပြင့္ျဖဴတို့ ခ်စ္သူနွစ္ေယာက္က တယ္လီဖုန္းနဲ့ပဲ အဆက္အသြယ္လုပ္ေနၾကတာျဖစ္ျပီး ရီရီပြင့္ျဖဴကေတာ့ သူ့ရဲ့ခ်စ္သူကို “ေဖာင္ၾကီးက ေမာင္ၾကီး” ဆိုျပီးေတာင္ နာမည္ေျပာင္အသစ္ေလး ေပးခဲ့တာပဲ ျဖစ္ပါတယ္။

ေမာင္ကေတာ့ ေဖာင္ၾကီးမွာ တစ္လတာမွ် တာဝန္ထမ္းေဆာင္ရမွာျဖစ္ျပီး ရီရီပြင့္ျဖဴကလည္း ေမာင့္အတြက္ လိုအပ္တာမွန္သမွ်ကို အေဝးကေန ျဖည့္စည္းေပးရင္း အစစအရာရာ လိုေလေသးမရိွ ကူညီေပးေနလ်က္ရိွပါတယ္။ ပရိသတ္ၾကီးလည္း ေဖာင္ၾကီးေရာက္မွ နာမည္ေျပာင္အသစ္ရသြားတဲ့ ေမာင့္အျဖစ္ကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yi Yi Pwint Phyu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖောင်ကြီးမှာတာဝန်ကျနေတဲ့ ချစ်သူမောင်ကို နာမည်ပြောင်အသစ်လေးပေးပြီး ကင်ပွန်းတပ်ခဲ့တဲ့ ရီရီပွင့်ဖြူ

သရုပ်ဆောင် မောင်ကတော့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပါပဲ။ မောင့်လိုပဲ ရီရီပွင့်ဖြူကလည်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ နှစ်အတော်ကြာအောင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်စလုံးက အနုပညာလောကကနေ လုံးဝအနားယူလိုက်ပြီး သာမာန်လူတွေအတိုင်းသာ နေထိုင်နေကြလျက်ရှိတာကို တွေ့ရပါတယ်။

သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်သလို ဆရာဝန်တစ်ယောက်ဖြစ်တဲ့ မောင်ကတော့ လက်ရှိမှာ သူကျွမ်းကျင်တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ Covid-19 လူနာတွေကို ကုသပေးဖို့ ဖောင်ကြီးမှာ တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ တစ်လတာလောက် ခွဲခွာရမယ့် မောင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်က တယ်လီဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်နေကြတာဖြစ်ပြီး ရီရီပွင့်ဖြူကတော့ သူ့ရဲ့ချစ်သူကို “ဖောင်ကြီးက မောင်ကြီး” ဆိုပြီးတောင် နာမည်ပြောင်အသစ်လေး ပေးခဲ့တာပဲ ဖြစ်ပါတယ်။

မောင်ကတော့ ဖောင်ကြီးမှာ တစ်လတာမျှ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ရီရီပွင့်ဖြူကလည်း မောင့်အတွက် လိုအပ်တာမှန်သမျှကို အဝေးကနေ ဖြည့်စည်းပေးရင်း အစစအရာရာ လိုလေသေးမရှိ ကူညီပေးနေလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း ဖောင်ကြီးရောက်မှ နာမည်ပြောင်အသစ်ရသွားတဲ့ မောင့်အဖြစ်ကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yi Yi Pwint Phyu’s fb
Bilie – Cele Connections

error: Alert: Content is protected !!