ေဂဟာက ဝန္ထမ္းေလးေတြဆီက မေျပာပဲရတဲ့ သိတတ္မႈတစ္ခုေၾကာင့္ ၾကည္နူးပီတိျဖစ္ေနရတဲ့ ခိုင္နွင္းေဝ

တစ္ခ်ိန္က ပရိသတ္ေတြရဲ႕ အသည္းစြဲ မင္းသမီေလး ခိုင္ႏွင္းေဝက ကိုယ္က်ိဳးကိုမၾကည့္ပဲ ျပည္သူ႔အက်ိဳးျပဳ လုပ္ငန္းေတြကို စြမ္းစြမ္းတမံ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက ပရဟိတလုပ္ငန္းေတြနဲ႔ မိဘမဲ့ကေလးငယ္ေလးမ်ားအတြက္လည္း ေဂဟာေလး ဖြင့္လွစ္ထားျပီး တစ္ဖက္မွာလည္း မိသားစုအတြက္ ဦးေဆာင္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဆင္းေရာ အခ်င္းပါျပည့္စံုတဲ့ ခိုင္နွင္းေဝကေတာ့ သူမရဲ့ ဝန္ထမ္းေတြအတြက္လည္း ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ျပီး ယံုၾကည္အားထားျခင္းခံရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

ဒီကေန့မွာေတာ့ ခိုင္နွင္းေဝက သူမရဲ့ ဝန္ထမ္းေတြဆီက သီတင္းကြ်န္ကန္ေတာ့ခံခဲ့ရတဲ့အေၾကာင္းကို “ဒီေန႔ ရင္ထဲၾကည္ႏူးမႈပီတိေလးေတြျဖစ္ရတဲ့ေန႔ေလးေပါ့။ ကြ်န္မ ဝန္ထမ္းေလးေတြ က်မကို ကန္ေတာ့ၾကတယ္။ ႏွစ္တိုင္း မဲေဖာက္ေပးေနက် ဒီႏွစ္ေတာ့ မေဖာက္ေပးႏိုင္ဘူး။ မုန္႔ဖိုးပဲ ေပးႏိုင္ခ့ဲတယ္။ ဝန္ထမ္းေတြထဲမွာ ကြ်န္မထက္အသက္ႀကီးလို႔ ကြ်န္မကို ကန္ေတာ့တဲ့အထဲမပါတဲ့ဝန္ထမ္းေတြကလဲ ကြ်န္မကိုသူတို႔တတ္ႏိုင္တဲ့လက္ေဆာင္ေလးဝယ္ေပးၾကတယ္..ကန္ေတာ့တယ္ဆို တာ ကြ်န္မတို႔ ျမန္မာလူမ်ိဳးေတြရဲ႕ သီတင္းကၽြတ္ အေလ့အထေလးပါ။ ကြ်န္မတို႔ရဲ ့ ေမတၱာေတြဖလွယ္ၾကတဲ့ ေန႔ေလးတစ္ေန႔ပါပဲရွင္..🙏🏼🙏🏼🙏🏼” ဆိုျပီး သူမရဲ့ ပီတိေလးကို မွ်ေဝေပးလာပါတယ္။

ခိုင္နွင္းေဝကေတာ့ ေဂဟာက ဝန္ထမ္းေတြဆီက မေျပာပဲရတဲ့ သိတတ္မႈတစ္ခုေၾကာင့္ ၾကည္နူးပီတိျဖစ္ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခိုင္နွင္းေဝနဲ့ သူမရဲ့ ဝန္ထမ္းေတြရဲ့ အျပန္အလွန္ေမတၱာကိုၾကည့္ျပီး ၾကည္နူးေနမိမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဂေဟာက ဝန်ထမ်းလေးတွေဆီက မပြောပဲရတဲ့ သိတတ်မှုတစ်ခုကြောင့် ကြည်နူးပီတိဖြစ်နေရတဲ့ ခိုင်နှင်းဝေ

တစ်ချိန်က ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီလေး ခိုင်နှင်းဝေက ကိုယ်ကျိုးကိုမကြည့်ပဲ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေနဲ့ မိဘမဲ့ကလေးငယ်လေးများအတွက်လည်း ဂေဟာလေး ဖွင့်လှစ်ထားပြီး တစ်ဖက်မှာလည်း မိသားစုအတွက် ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကတော့ သူမရဲ့ ဝန်ထမ်းတွေအတွက်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ယုံကြည်အားထားခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ ဝန်ထမ်းတွေဆီက သီတင်းကျွန်ကန်တော့ခံခဲ့ရတဲ့အကြောင်းကို “ဒီနေ့ ရင်ထဲကြည်နူးမှုပီတိလေးတွေဖြစ်ရတဲ့နေ့လေးပေါ့။ ကျွန်မ ဝန်ထမ်းလေးတွေ ကျမကို ကန်တော့ကြတယ်။ နှစ်တိုင်း မဲဖောက်ပေးနေကျ ဒီနှစ်တော့ မဖောက်ပေးနိုင်ဘူး။ မုန့်ဖိုးပဲ ပေးနိုင်ခဲ့တယ်။ ဝန်ထမ်းတွေထဲမှာ ကျွန်မထက်အသက်ကြီးလို့ ကျွန်မကို ကန်တော့တဲ့အထဲမပါတဲ့ဝန်ထမ်းတွေကလဲ ကျွန်မကိုသူတို့တတ်နိုင်တဲ့လက်ဆောင်လေးဝယ်ပေးကြတယ်..ကန်တော့တယ်ဆို တာ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ သီတင်းကျွတ် အလေ့အထလေးပါ။ ကျွန်မတို့ရဲ့ မေတ္တာတွေဖလှယ်ကြတဲ့ နေ့လေးတစ်နေ့ပါပဲရှင်..🙏🏼🙏🏼🙏🏼” ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေပေးလာပါတယ်။

ခိုင်နှင်းဝေကတော့ ဂေဟာက ဝန်ထမ်းတွေဆီက မပြောပဲရတဲ့ သိတတ်မှုတစ်ခုကြောင့် ကြည်နူးပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေနဲ့ သူမရဲ့ ဝန်ထမ်းတွေရဲ့ အပြန်အလှန်မေတ္တာကိုကြည့်ပြီး ကြည်နူးနေမိမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!