မင္းသမီးျဖစ္ၿပီး ဓာတ္ပုံ႐ိုက္ရင္ Effect ပိတယ္လို႔ ေျပာတဲ့သူေတြရဲ႕ ေဝဖန္မႈေတြကို ေလးစားေၾကာင္း ျပသခဲ့တဲ့ ျမတ္ႏိုးေအး

ျမင္သူတိုင္း ေအးခ်မ္းေလာက္တဲ့ အၿပဳံးခ်ိဳခ်ိဳေလးေတြရဲ႕ပိုင္ရွင္ သ႐ုပ္ေဆာင္ ျမတ္ႏိုးေအးကေတာ့ “ည”၊ “သူစိမ္းအိမ္” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြေနတဆင့္ ေက်ာ္ၾကားလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ႐ိုး႐ိုးရွင္းရွင္းဆိုေပမယ့္ လူငယ္ဆန္တဲ့ စတိုင္လ္ ဒီဇိုင္းနဲ႔ ျမတ္ႏိုးေအးက လက္ရွိ ေယာက်ာ္ေလး၊ မိန္းကေလး ပရိသတ္ေတြရဲ႕ ပါးစပ္ျဖားမွာ ေရပန္းစားသူေလးတစ္ေယာက္ပါပဲ။ ျမတ္ႏိုးေအးကလည္း တက္သစ္စသ႐ုပ္ေဆာင္တစ္ေယာက္ပီပီ အလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ေနလ်က္ရွိၿပီး ပရိသတ္ေတြအတြက္ မတူညီတဲ့ ခံစားမႈရသေတြကို ေပးစြမ္းႏိုင္ဖို႔ ႀကိဳးစားေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ျမတ္ႏိုးေအးက မင္းသမီးျဖစ္ၿပီး ဓာတ္ပုံ႐ိုက္ရင္ Effect ပိတယ္လို႔ ေျပာတဲ့သူေတြရဲ႕ ေဝဖန္မႈေတြကို ေလးစားလိုက္နာေၾကာင္း ေျပာလာပါတယ္။ “I don’t mind showing my bare face / filterless photos too 😇 ပုံမွန္ဆို ျမတ္ႏိုးက photo edit ေတြေလ့လာေနေတာ့ ဓာတ္ပုံတင္ရင္ color ေတြ ထင္းထင္းေလးေတြ နဲ႔ (ေျပာရရင္ေတာ့ filter မ်ားတဲ့ပုံ) တင္တာမ်ားတာေပါ့ေလ 😃 မွတ္မွတ္ရရ first covid stay home တဲ့အခ်ိန္ကေန ဒီေန႔အထိ ျမတ္ႏိုး personal account မွာ ေန႔တိုင္း အိမ္မွာ photoshoot လုပ္သမွ် ပုံေတြ edit ၿပီး ၁ ရက္ကို ေလးပုံတြဲ (4 grids ) trend လုပ္ၿပီး တင္လာခဲ့တာ ခုဆို 6 လ ေက်ာ္ၿပီေပါ့ေလ ( မ်က္စိေနာက္ေစခဲ့တဲ့ သူေတြကိုလည္း ေဆာရီးပါ ) ✌🏻”

“အဲ့လိုတင္ေတာ့ ပို႔စ္ေတြေအာက္မွာ filter အမ်ားႀကီးသုံးလို႔တို႔/ effect ပိတယ္ တို႔/ ကိုယ့္နဂို႐ုပ္ေလးလဲ ျပပါဦးတို႔/ မ်ိဳးစုံေပါ့ေလ ေျပာၾကလို႔ ခု ဘာမွ edit မလုပ္တဲ့ မ်က္ႏွာေျပာင္ selfies ေလးေတြ ပဲ တင္လိုက္ပါတယ္ေနာ္ ❣️ ဘယ္ေလာက္ေတာင္ bare face လဲဆို မ်က္ႏွာေတာင္ မသစ္ရေသးပါဘူးရွင္ 😆” ဆိုၿပီး သူမရဲ႕ မ်က္ႏွာေျပာင္ပုံရိပ္ေလးေတြကို မွ်ေဝလာပါတယ္။

ျမတ္ႏိုးေအးကေတာ့ လူငယ္တစ္ေယာက္ပီပီ Trend ျဖစ္ေနတဲ့ ဓာတ္ပုံ႐ိုက္ကူးေနတာေၾကာင့္ အေရာင္မ်ားတဲ့ ဓာတ္ပုံေတြကို တင္ေလ့ရွိေပမယ့္ သူမရဲ႕ မူရင္း႐ုပ္ရည္ကိုလည္း ျပသဖို႔ ဝန္မေလးသူတစ္ေယာက္ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Myat Noe Aye – ျမတ္ႏိုးေအး’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းသမီးဖြစ်ပြီး ဓာတ်ပုံရိုက်ရင် Effect ပိတယ်လို့ ပြောတဲ့သူတွေရဲ့ ဝေဖန်မှုတွေကို လေးစားကြောင်း ပြသခဲ့တဲ့ မြတ်နိုးအေး

မြင်သူတိုင်း အေးချမ်းလောက်တဲ့ အပြုံးချိုချိုလေးတွေရဲ့ပိုင်ရှင် သရုပ်ဆောင် မြတ်နိုးအေးကတော့ “ည”၊ “သူစိမ်းအိမ်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနေတဆင့် ကျော်ကြားလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းဆိုပေမယ့် လူငယ်ဆန်တဲ့ စတိုင်လ် ဒီဇိုင်းနဲ့ မြတ်နိုးအေးက လက်ရှိ ယောကျာ်လေး၊ မိန်းကလေး ပရိသတ်တွေရဲ့ ပါးစပ်ဖြားမှာ ရေပန်းစားသူလေးတစ်ယောက်ပါပဲ။ မြတ်နိုးအေးကလည်း တက်သစ်စသရုပ်ဆောင်တစ်ယောက်ပီပီ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေလျက်ရှိပြီး ပရိသတ်တွေအတွက် မတူညီတဲ့ ခံစားမှုရသတွေကို ပေးစွမ်းနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြတ်နိုးအေးက မင်းသမီးဖြစ်ပြီး ဓာတ်ပုံရိုက်ရင် Effect ပိတယ်လို့ ပြောတဲ့သူတွေရဲ့ ဝေဖန်မှုတွေကို လေးစားလိုက်နာကြောင်း ပြောလာပါတယ်။ “I don’t mind showing my bare face / filterless photos too 😇 ပုံမှန်ဆို မြတ်နိုးက photo edit တွေလေ့လာနေတော့ ဓာတ်ပုံတင်ရင် color တွေ ထင်းထင်းလေးတွေ နဲ့ (ပြောရရင်တော့ filter များတဲ့ပုံ) တင်တာများတာပေါ့လေ 😃 မှတ်မှတ်ရရ first covid stay home တဲ့အချိန်ကနေ ဒီနေ့အထိ မြတ်နိုး personal account မှာ နေ့တိုင်း အိမ်မှာ photoshoot လုပ်သမျှ ပုံတွေ edit ပြီး ၁ ရက်ကို လေးပုံတွဲ (4 grids ) trend လုပ်ပြီး တင်လာခဲ့တာ ခုဆို 6 လ ကျော်ပြီပေါ့လေ ( မျက်စိနောက်စေခဲ့တဲ့ သူတွေကိုလည်း ဆောရီးပါ ) ✌🏻”

“အဲ့လိုတင်တော့ ပို့စ်တွေအောက်မှာ filter အများကြီးသုံးလို့တို့/ effect ပိတယ် တို့/ ကိုယ့်နဂိုရုပ်လေးလဲ ပြပါဦးတို့/ မျိုးစုံပေါ့လေ ပြောကြလို့ ခု ဘာမှ edit မလုပ်တဲ့ မျက်နှာပြောင် selfies လေးတွေ ပဲ တင်လိုက်ပါတယ်နော် ❣️ ဘယ်လောက်တောင် bare face လဲဆို မျက်နှာတောင် မသစ်ရသေးပါဘူးရှင် 😆” ဆိုပြီး သူမရဲ့ မျက်နှာပြောင်ပုံရိပ်လေးတွေကို မျှဝေလာပါတယ်။

မြတ်နိုးအေးကတော့ လူငယ်တစ်ယောက်ပီပီ Trend ဖြစ်နေတဲ့ ဓာတ်ပုံရိုက်ကူးနေတာကြောင့် အရောင်များတဲ့ ဓာတ်ပုံတွေကို တင်လေ့ရှိပေမယ့် သူမရဲ့ မူရင်းရုပ်ရည်ကိုလည်း ပြသဖို့ ဝန်မလေးသူတစ်ယောက် ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Myat Noe Aye – မြတ်နိုးအေး’s fb
Bilie – Cele Connections

error: Alert: Content is protected !!