



ယူနီကုဒ်ဖြင့်ဖတ်ရန်

နာမည်နဲ့ ကျော်ကြားမှုတွေကို ဘေးချိတ်ပြီး Covid-19 လူနာတွေရှိရာ အင်းယားစင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ စိုင်းစည်တွမ်ခမ်း

ရှမ်းတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ စိုင်းစည်တွမ်ခမ်းကတော့ တည်ကြည်တဲ့ အပြုံးတွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းစည်တွမ်ခမ်းကတော့ ဆရာဝန်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေလျက်ရှိရာ အလုပ်နှစ်ခုကို သင့်တင့်မျှတအောင် လုပ်ကိုင်နေလျက်ရှိပါတယ်။ စိုင်းစည်တွမ်ခမ်းကတော့ အနုပညာအလုပ်တွေကို အများကြီးမလုပ်ကိုင်ပေမယ့် ပရိသတ်တွေကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးနေကြဆဲ ဖြစ်ပါတယ်။

လက်ရှိ အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာတော့ စိုင်းစည်တွမ်ခမ်းက သူကျွမ်းကျင်တတ်မြောက်ထားတဲ့ ပညာရပ်နဲ့ ပြည်သူတွေကို အကျိုးပြုနိုင်ဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ စိုင်းစည်တွမ်ခမ်းကတော့ နာမည်နဲ့ ကျော်ကြားမှုတွေကို ဘေးချိတ်ပြီး Covid-19 လူနာတွေရှိရာ အင်းယားစင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေလျက်ရှိတာကို အခုလိုပဲ တွေ့ရပါတယ်။

စိုင်းစည်တွမ်ခမ်းကတော့ ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးရင်း သူတတ်မြောက်ထားတဲ့ ပညာရပ်တွေကို အသုံးချနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း စိုင်းစည်တွမ်ခမ်းတစ်ယောက် ဘေးအန္တရာယ်ကင်းကင်းနဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Si Tom Kham’s fb
Bilie – Cele Connections

error: Alert: Content is protected !!