




Source: Nilen’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချင်းဘာသာစကားတွေပြောပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အချွဲပိုနေကြတဲ့ နီလန်းတို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာဗီဒီယို

Myanmar Idol Season (3) ရဲ့ Top Ten ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချင်းမလေးနီလန်းက သူမရဲ့ စွဲဆောင်မှုရှိတဲ့ အသံကြည်ကြည်လေးကြောင့် ပရိသတ်တွေ အားပေးခြင်းခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ နီလန်းက သီချင်းဆိုတဲ့ အလုပ်နဲ့သာမက မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ်လဲ ရပ်တည်နေတာဖြစ်ပြီး အလုပ်တွေ မရပ်မနား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ နီလန်းကတော့ သူမဝါသနာပါရာ အလုပ်တွေကိုလုပ်ကိုင်ရင်း တစ်ကိုယ်တည်း Single တစ်ယောက်အဖြစ် မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေလျက်ရှိပါတယ်။

တစ်ကိုယ်တည်းသမားပီပီ မိဘနှစ်ပါးကို အချိန်ပေးပြီး ဂရုစိုက်ဖြစ်နေတဲ့ နီလန်းက မကြာခဏဆိုသလို သူမတို့ မိသားစုတွေရဲ့ ကြည်နူးစရာ အခိုက်အတန့်တွေကို မျှဝေပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း နီလန်းက ချင်းဘာသာစကားတွေပြောပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အချွဲပိုနေကြတဲ့ သူမတို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

နီလန်းရဲ့ မေမေကတော့ Brain Tumour ရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူထားခဲ့ရတာဖြစ်ပြီး မကြာသေးခင်ကမှ နေပြန်ကောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နီလန်းတို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေကိုကြည့်ပြီး ကြည်နူးနေမိကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nilen’s fb
Bilie – Cele Connections

error: Alert: Content is protected !!