ကိုယ္တိုင္ဆြဲထားတဲ့ ပန္းခ်ီကားမ်ားနဲ့ ကိုဗစ္ထိန္းခ်ဳပ္ကုသေရးရန္ပံုေငြအတြက္ လွဴဒါန္းၾကမယ့္ အနုပညာရွင္မ်ား

(၂၀၁၉) ခုနွစ္မွာ စတင္ျဖစ္ပြားခဲ့တဲ့ Covid-19 ေရာဂါပိုးကေတာ့ ကမၻာ့နိုင္ငံအသီးသီးမွာ ကူးစက္ပ်ံ့ပြားခဲ့ျပီး ျမန္မာနိုင္ငံအတြင္းမွာလည္း ေတာ္ေတာ္ၾကီးကို ပ်ံ့နွံ့ေနျပီ ျဖစ္ပါတယ္။ ကိုဗစ္ကာလမွာ စီးပြားေရးေတြလည္း ၾကပ္တည္းခဲ့ျပီး လုပ္ငန္းရွင္မ်ားကအစ သာမာန္လက္လုပ္လက္စားျပည္သူေတြအထိ ရိုက္ခတ္ခံေနရတာပဲ ျဖစ္ပါတယ္။ အနုပညာရွင္မ်ားအေနနဲ့လည္း Covid-19 ထိန္းခ်ဳပ္ကာကြယ္ကုသေရးလုပ္ငန္းစဥ္မ်ားအတြက္ တတ္နိုင္သေလာက္ ကူညီလွဴဒါန္းမႈေတြျပဳလုပ္ေနၾကျပီး စိတ္ေရာ လူပါ စြမ္းစြမ္းတမံ ေဆာင္ရြက္ေပးေနၾကတာပဲ ျဖစ္ပါတယ္။

ဒီတစ္ခါမွာလည္း ပန္းခ်ီဆရာၾကီး ဦးဝင္းေဖ၊ ပန္းခ်ီဦးစိုးမိုး၊ ကိုေနမ်ိဳးေဆး၊ ဦးမ်ိဳးမင္း(ရင္တြင္းျဖစ္)၊ ကိုေအာင္မင္းသိမ္း၊ ဦးသုခမိန္လႈိင္၊ ဦးျမင့္မိုးေအာင္၊ အ႐ိုး၊ ကိုေပါက္၊ ကိုဂ်ီလတ္၊ က်ားေပါက္၊ အိျႏၵာေက်ာ္ဇင္၊ ဆန္းထြဋ္၊ ပိုင္တံခြန္ နဲ့ အိျႏၵာေက်ာ္ဇင္ရဲ့ သမီးေလး ေျပသုျဒာတို့က သူတို့ကိုယ္တိုင္ဆြဲထားတဲ့ ပန္းခ်ီကားေတြကို ေရာင္းခ်ျပီး ကိုဗစ္ကုသေရးရန္ပံုေငြအတြက္ လွဴဒါန္းမွာျဖစ္ေၾကာင္း King 7 Dynasty က ကိုေဝမင္းေမာင္က သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝလာပါတယ္။

အနုပညာရွင္မ်ားကေတာ့ သူတို့ တတ္ေျမာက္တဲ့ ပန္းခ်ီပညာကို ျပန္လည္အသံုးခ်ျပီး ကိုဗစ္ထိန္းခ်ဳပ္ေရးကုသေရးရန္ပံုေငြအတြက္ လွဴဒါန္းသြားမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wai Minn Maung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားများနဲ့ ကိုဗစ်ထိန်းချုပ်ကုသရေးရန်ပုံငွေအတွက် လှူဒါန်းကြမယ့် အနုပညာရှင်များ

(၂၀၁၉) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ Covid-19 ရောဂါပိုးကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပျံ့ပွားခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း တော်တော်ကြီးကို ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ စီးပွားရေးတွေလည်း ကြပ်တည်းခဲ့ပြီး လုပ်ငန်းရှင်များကအစ သာမာန်လက်လုပ်လက်စားပြည်သူတွေအထိ ရိုက်ခတ်ခံနေရတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်များအနေနဲ့လည်း Covid-19 ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းစဉ်များအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းမှုတွေပြုလုပ်နေကြပြီး စိတ်ရော လူပါ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေကြတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ပန်းချီဆရာကြီး ဦးဝင်းဖေ၊ ပန်းချီဦးစိုးမိုး၊ ကိုနေမျိုးဆေး၊ ဦးမျိုးမင်း(ရင်တွင်းဖြစ်)၊ ကိုအောင်မင်းသိမ်း၊ ဦးသုခမိန်လှိုင်၊ ဦးမြင့်မိုးအောင်၊ အရိုး၊ ကိုပေါက်၊ ကိုဂျီလတ်၊ ကျားပေါက်၊ အိန္ဒြာကျော်ဇင်၊ ဆန်းထွဋ်၊ ပိုင်တံခွန် နဲ့ အိန္ဒြာကျော်ဇင်ရဲ့ သမီးလေး ပြေသုဒြာတို့က သူတို့ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားတွေကို ရောင်းချပြီး ကိုဗစ်ကုသရေးရန်ပုံငွေအတွက် လှူဒါန်းမှာဖြစ်ကြောင်း King 7 Dynasty က ကိုဝေမင်းမောင်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

အနုပညာရှင်များကတော့ သူတို့ တတ်မြောက်တဲ့ ပန်းချီပညာကို ပြန်လည်အသုံးချပြီး ကိုဗစ်ထိန်းချုပ်ရေးကုသရေးရန်ပုံငွေအတွက် လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Minn Maung’s fb
Bilie – Cele Connections

error: Alert: Content is protected !!