ေယာက္ဖျဖစ္သူ ေမာင္ရဲ့ နာမည္ရင္းနဲ့ ပက္သတ္ျပီး ရိွခဲ့ဖူးတဲ့ ရာဇဝင္ေတြကို ဟာသလုပ္ေျပာျပလာတဲ့ နႏၵာလိႈင္ရဲ့ခင္ပြန္း ကိုေဇသီဟ

သရုပ္ေဆာင္ နႏၵာလိႈင္ကေတာ့ အနုပညာေလာကမွာ အားေပးသူ ပရိသတ္အခိုင္အမာနဲ့ ေအာင္ျမင္မႈရရိွခဲ့သလို အိမ္ေထာင္ေရးနဲ့ ပက္သတ္ရင္လည္း ကံေကာင္းလွသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ နႏၵာလိႈင္ရဲ့ တစ္ဦးတည္းေသာ ေမာင္အငယ္ဆံုးေလး ေမာင္နဲ့ ခင္ပြန္းျဖစ္သူ ကိုေဇသီဟတို့ကလည္း အရမ္းကို သင့္ျမတ္ၾကျပီး တစ္ေယာက္နဲ့တစ္ေယာက္ စစေနာက္ေနာက္ရိွၾကတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း နႏၵာလိႈင္ရဲ့ အိမ္ေထာင္ေရး မိသားစုေရးက ပကာသနေတြကင္းရွင္းျပီး ေပ်ာ္စရာအတိရိွတာကို ပရိသတ္ၾကီးလည္း သတိထားမိၾကမယ္ ထင္ပါတယ္။

ဒီကေန့မွာေတာ့ နႏၵာလိႈင္ရဲ့ ခင္ပြန္း ကုိေဇသီဟက သရုပ္ေဆာင္ ေမာင္ရဲ့ နာမည္နဲ့ ပက္သတ္ျပီး “ေဒါက္တာ စိန္ .. ဗီဒီယိုမင္းသားလုပ္ေတာ့ လူတိုင္း ရင္းႏွီးၿပီး ေခၚရခက္တဲ့ နာမည္ေပးခဲ့တယ္။ ေမာင္..’ အပ်ိဳေပါက္ေလးေတြ မရဲတရဲ ေခၚခဲ့ရတဲ့ ဒီနာမည္ ရဲ႕ ေက်ာင္း နာမည္ကလဲ ၾကည့္ပါဦး။ စိန္ၿဖိဳးလႈိင္ ၾကားလိုက္တဲ့ လူတိုင္း ေနာက္တစ္ခါ ျပန္ေမးၿပီး ပါးစပ္က ႐ြတ္ၾကည့္ရေအာင္ နာမည္ခပ္ဆန္းဆန္း ခပ္စိမ္းစိမ္းႀကီး။အခုေခၚၾကျပန္ၿပီ။ ေဒါက္တာစိန္ တဲ့ ဒီအေၾကာင္းေတာ့ ထူးထူးျခားျခားထပ္မေျပာေတာ့ဘူး။ သူငယ္ခ်င္းေတြကေတာ့ စိန္စိမ္ လို႔ပဲ ေခၚၾကမွာပါ။ အရမ္း စိမ္ ႏိုင္သူႀကီးဆိုတာ သူငယ္ခ်င္းအရင္းႀကီးေတြ တညီတၫြတ္ထဲ ေထာက္ခံမွာ ေသခ်ာတယ္။”

“သူ႔အမ နဲ႔ စႀကိဳက္တုန္းက သူ႔နာမည္ကို သူ႔အမက မိတ္ဆက္ေပးေတာ့ ဒီလို ေတြးခဲ့မိေသးတယ္။ စိန္ၿဖိဳးလႈိင္ဆိုတဲ့ နာမည္ မွားေနလားလို႔။ သူအေဖနာမည္က ဦးခ်ိန္လႈိင္ ပဲဟာ။ ခ်ိန္ၿဖိဳးလႈိင္ ပဲျဖစ္ရမွာ လို႔ေတြးမိေသးတယ္။ ခ်ိန္ၿဖိဳးလႈိင္ လို႔ နာမည္ေပးလိုက္တာကို အမွတ္မွားၾကၿပီး စိန္ၿဖိဳးလႈိင္ ျဖစ္သြားတာ ဟုတ္မဟုတ္ ေသခ်ာ ေမးဦးမယ္။ေဒါက္တာစိမ္ (သို႔) ခ်ိန္ၿဖိဳးလႈိင္ ေရဂုဏ္ယူပါတယ္။ ေဖာင္ႀကီးဆင္း ေဒါက္စိန္ ျဖစ္သြားၿပီေပါ့။ေလာေလာဆယ္ ေတြ႕တဲ့ ပုံက ( ေဖာင္ႀကီးဆင္း )ေနလို႔ Crop လုပ္တာ လက္လြန္သြားတယ္။ Sorry …..” ဆိုျပီး ေယာက္ဖျဖစ္သူကို စေနာက္လာခဲ့ပါတယ္။

ေမာင္နဲ့ ကိုေဇသီဟတို့ကေတာ့ သမီးေယာက္ဖေတြဆိုေပမယ့္ တကယ့္ ညီအစ္ကိုအရင္းေတြထက္ေတာင္ ခ်စ္ၾကတာ ပရိသတ္ၾကီးလည္း သိျပီးသား ျဖစ္မွာပါ။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zay Thiha’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ယောက်ဖဖြစ်သူ မောင်ရဲ့ နာမည်ရင်းနဲ့ ပက်သတ်ပြီး ရှိခဲ့ဖူးတဲ့ ရာဇဝင်တွေကို ဟာသလုပ်ပြောပြလာတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း ကိုဇေသီဟ

သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အနုပညာလောကမှာ အားပေးသူ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိခဲ့သလို အိမ်ထောင်ရေးနဲ့ ပက်သတ်ရင်လည်း ကံကောင်းလှသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ တစ်ဦးတည်းသော မောင်အငယ်ဆုံးလေး မောင်နဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟတို့ကလည်း အရမ်းကို သင့်မြတ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် စစနောက်နောက်ရှိကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နန္ဒာလှိုင်ရဲ့ အိမ်ထောင်ရေး မိသားစုရေးက ပကာသနတွေကင်းရှင်းပြီး ပျော်စရာအတိရှိတာကို ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။

ဒီကနေ့မှာတော့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း ကိုဇေသီဟက သရုပ်ဆောင် မောင်ရဲ့ နာမည်နဲ့ ပက်သတ်ပြီး “ဒေါက်တာ စိန် .. ဗီဒီယိုမင်းသားလုပ်တော့ လူတိုင်း ရင်းနှီးပြီး ခေါ်ရခက်တဲ့ နာမည်ပေးခဲ့တယ်။ မောင်..’ အပျိုပေါက်လေးတွေ မရဲတရဲ ခေါ်ခဲ့ရတဲ့ ဒီနာမည် ရဲ့ ကျောင်း နာမည်ကလဲ ကြည့်ပါဦး။ စိန်ဖြိုးလှိုင် ကြားလိုက်တဲ့ လူတိုင်း နောက်တစ်ခါ ပြန်မေးပြီး ပါးစပ်က ရွတ်ကြည့်ရအောင် နာမည်ခပ်ဆန်းဆန်း ခပ်စိမ်းစိမ်းကြီး။အခုခေါ်ကြပြန်ပြီ။ ဒေါက်တာစိန် တဲ့ ဒီအကြောင်းတော့ ထူးထူးခြားခြားထပ်မပြောတော့ဘူး။ သူငယ်ချင်းတွေကတော့ စိန်စိမ် လို့ပဲ ခေါ်ကြမှာပါ။ အရမ်း စိမ် နိုင်သူကြီးဆိုတာ သူငယ်ချင်းအရင်းကြီးတွေ တညီတညွတ်ထဲ ထောက်ခံမှာ သေချာတယ်။”

“သူ့အမ နဲ့ စကြိုက်တုန်းက သူ့နာမည်ကို သူ့အမက မိတ်ဆက်ပေးတော့ ဒီလို တွေးခဲ့မိသေးတယ်။ စိန်ဖြိုးလှိုင်ဆိုတဲ့ နာမည် မှားနေလားလို့။ သူအဖေနာမည်က ဦးချိန်လှိုင် ပဲဟာ။ ချိန်ဖြိုးလှိုင် ပဲဖြစ်ရမှာ လို့တွေးမိသေးတယ်။ ချိန်ဖြိုးလှိုင် လို့ နာမည်ပေးလိုက်တာကို အမှတ်မှားကြပြီး စိန်ဖြိုးလှိုင် ဖြစ်သွားတာ ဟုတ်မဟုတ် သေချာ မေးဦးမယ်။ဒေါက်တာစိမ် (သို့) ချိန်ဖြိုးလှိုင် ရေ
ဂုဏ်ယူပါတယ်။ ဖောင်ကြီးဆင်း ဒေါက်စိန် ဖြစ်သွားပြီပေါ့။လောလောဆယ် တွေ့တဲ့ ပုံက ( ဖောင်ကြီးဆင်း )နေလို့ Crop လုပ်တာ လက်လွန်သွားတယ်။ Sorry …..” ဆိုပြီး ယောက်ဖဖြစ်သူကို စနောက်လာခဲ့ပါတယ်။

မောင်နဲ့ ကိုဇေသီဟတို့ကတော့ သမီးယောက်ဖတွေဆိုပေမယ့် တကယ့် ညီအစ်ကိုအရင်းတွေထက်တောင် ချစ်ကြတာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zay Thiha’s fb
Bilie – Cele Connections

error: Alert: Content is protected !!