မိသားစုအစီအစဥ္တစ္ခုရိုက္ကူးျပီး အလွဴေငြေတြရွာထားခဲ့လို့သာ Second Waveမွာ ေဖာင္ေဒးရွင္းအတြက္ ခံသာတယ္လို့ ပြင့္ပြင့္လင္းလင္းေျပာလာတဲ့ ခ်စ္သုေဝ

အဆိုေတာ္ လင္းလင္းနဲ့ ခ်စ္သုေဝတို့ ဇနီးေမာင္နွံကေတာ့ စိတ္တူကိုယ္တူနဲ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္သလို အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္ေနသူေတြလည္း ျဖစ္ပါတယ္။ လင္းလင္းနဲ့ ခ်စ္သုေဝတို့က သမီးေလးေတြနာမည္နဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကိုတည္ေထာင္ထားျပီး အလွဴရွင္ေတြနဲ့အတူတူ လိုအပ္ေနတဲ့ေနရာေလးေတြကို ျဖည့္စြက္လွဴဒါန္းေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ခ်စ္သုေဝက ေခတ္သစ္ေဖာင္ေဒးရွင္းနဲ့ လုပ္ေဆာင္ခ်က္ေတြကို ရွင္းျပလာျပီး မိသားစုအစီအစဥ္တစ္ခုရိုက္ကူးျပီး အလွဴေငြေတြရွာထားခဲ့လို့သာ Second Wave ကို ခံသာတယ္လို့ ပြင့္ပြင့္လင္းလင္းေျပာလာတာပဲ ျဖစ္ပါတယ္။

“တကယ့္ေျမျပင္က ကိုယ့္ က်န္းမာေရးဝန္ထမ္းေတြ ဘယ္သို႔ ဘယ္ပုံ ႐ုန္းၾကရတယ္ဆိုတာ ေတြးၾကည့္႐ုံနဲ႔ HSဆင္းတဲ့ဘဝတန္းေျပးျမင္မိသလိုပါပဲ။ ခုခ်ိန္ကေတာ့ပိုတာေပါ့ ဆရာ၊ ဆရာမ အတန္းေဖာ္၊ သူငယ္ခ်င္း၊ အငယ္ ဘယ္သူ႔ဆီကၾကားၾကား လိုအပ္ခ်က္ေတြအနည္းနဲ႔အမ်ား..ဘာေၾကာင့္ဆို မာယာမ်ားတဲ့ ဒီ covidကို ခ်ဥ္းကပ္ၾကရတာကိုး။ ေဆးလည္းကုရ လူနာေစာင့္မရွိတဲ့လူနာေတြအေပၚ လည္းကူရ မေတြးလိုက္တဲ့လိုအပ္ခ်က္ေတြကလည္းလုပ္ရင္းကိုင္ရင္းေပၚလာရနဲ႔ အကုန္လုံးလုပ္ၾကရတာ။ ဒါ့ေၾကာင့္ ေန႔တိုင္းေမး ေန႔တိုင္းလိုတာျဖည့္၊ NOGH isolation wardေတြ လိုတာေတြ တတ္ႏိုင္တာေတြ ျဖည့္ေနတုန္း အသစ္ျပင္ေနတဲ့ ICUကိုျဖည့္ေနတုန္း deep cleanအတြက္ သန္႔ရွင္းေရးကို ဝန္ထမ္းေတြေရာ သူနာျပဳ ေတြေရာ ဆရာဝန္ေတြေရာ ဝိုင္းၾကဝန္းၾကမယ္ဆိုေတာ့ ေဖာင္ေဒးရွင္းကေနတာဝန္ယူၿပီး Deep cleansing n disinfection serviceကို ဌါးရမ္းလႉေပးျဖစ္ခဲ့တယ္။ volunteer ေတြလည္းေမာေနၿပီမို႔လားေနာ္။ ၿပီးေတာ့ေဆး႐ုံရဲ႕ သန္႔ရွင္းေရးဟာ ဒီလိုပဲ စနစ္တက်ျဖစ္သင့္တာမို႔ လႉျဖစ္ခဲ့တယ္။”

“ဖိစီးမႉေတြမ်ားေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ လူနာေတြအတြက္ သန္းရွင္းသပ္ရပ္တဲ့ဝန္းက်င္ေလးလိုတယ္ေလေနာ္။ ေနာက္ခံတပ္တစ္ခု အဆင္သင့္ေစဖို႔ တဖက္တစ္လမ္းက ကူႏိုင္ခဲ့ၿပီ။ အရမ္းကိုစိတ္ခ်မ္းသာမိလို႔ အလႉရွင္ေတြ လည္းစိတ္ခ်မ္းသာေအာင္ေဝမွ်လိုက္ပါတယ္ေနာ္။ ႏိုင္သေလာက္အလႉေတြလည္းထည့္ဝင္ၾကပါလို႔ အားနာစြာ ထပ္ႏိုးေဆာ္ခ်င္ပါေသးတယ္။ 2nd wave ႐ိုက္ခ်က္ျပင္းတယ္ မိသားစု program ေလး႐ိုက္ၿပီး အလႉေငြေတြရွာထားခဲ့လို႔သာ ခံသာတယ္။ ခုအရင္ အလႉေငြစုထားတာေတြ နဲ႔လႉေနရတာ သိန္း 700ေက်ာ္ၿပီ။ စုစုေပါင္း2nd. Waveမွာ လႉဒါန္းၿပီးစီးတာ သိန္း 1700ေက်ာ္ပါၿပီ။ အလႉရွင္ ေတြကိုလည္းသိပ္ကိုေက်းဇူးတင္တာပဲ။ ေခတ္က်ပ္ထဲ အလႉေတြခုထိလည္းမပ်က္လႉၾကလို႔🙏🙏” ဆိုျပီး ေျပာလာပါတယ္။

ခ်စ္သုေဝကေတာ့ ရုပ္သံလိုင္းတစ္ခုနဲ့ ခ်ိတ္ဆက္ျပီး ေခတ္သစ္ကမၻာဆိုတဲ့ အစီအစဥ္တစ္ခုကို ရိုက္ကူးခဲ့တာ ျဖစ္ျပီး ထိုအစီအစဥ္မွရရိွတဲ့ ေငြေၾကးေတြကို ကိုယ္က်ိဳးအတြက္ သံုးစြဲျခင္းမျပဳပဲ ေဖာင္ေဒးရွင္းအတြက္သာ ထည့္ဝင္အသံုးျပဳခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိသားစုအစီအစဉ်တစ်ခုရိုက်ကူးပြီး အလှူငွေတွေရှာထားခဲ့လို့သာ Second Waveမှာ ဖောင်ဒေးရှင်းအတွက် ခံသာတယ်လို့ ပွင့်ပွင့်လင်းလင်းပြောလာတဲ့ ချစ်သုဝေ

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်သလို အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသူတွေလည်း ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့က သမီးလေးတွေနာမည်နဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး အလှူရှင်တွေနဲ့အတူတူ လိုအပ်နေတဲ့နေရာလေးတွေကို ဖြည့်စွက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြလာပြီး မိသားစုအစီအစဉ်တစ်ခုရိုက်ကူးပြီး အလှူငွေတွေရှာထားခဲ့လို့သာ Second Wave ကို ခံသာတယ်လို့ ပွင့်ပွင့်လင်းလင်းပြောလာတာပဲ ဖြစ်ပါတယ်။

“တကယ့်မြေပြင်က ကိုယ့် ကျန်းမာရေးဝန်ထမ်းတွေ ဘယ်သို့ ဘယ်ပုံ ရုန်းကြရတယ်ဆိုတာ တွေးကြည့်ရုံနဲ့ HSဆင်းတဲ့ဘဝတန်းပြေးမြင်မိသလိုပါပဲ။ ခုချိန်ကတော့ပိုတာပေါ့ ဆရာ၊ ဆရာမ အတန်းဖော်၊ သူငယ်ချင်း၊ အငယ် ဘယ်သူ့ဆီကကြားကြား လိုအပ်ချက်တွေအနည်းနဲ့အများ..ဘာကြောင့်ဆို မာယာများတဲ့ ဒီ covidကို ချဉ်းကပ်ကြရတာကိုး။ ဆေးလည်းကုရ လူနာစောင့်မရှိတဲ့လူနာတွေအပေါ် လည်းကူရ မတွေးလိုက်တဲ့လိုအပ်ချက်တွေကလည်းလုပ်ရင်းကိုင်ရင်းပေါ်လာရနဲ့ အကုန်လုံးလုပ်ကြရတာ။ ဒါ့ကြောင့် နေ့တိုင်းမေး နေ့တိုင်းလိုတာဖြည့်၊ NOGH isolation wardတွေ လိုတာတွေ တတ်နိုင်တာတွေ ဖြည့်နေတုန်း အသစ်ပြင်နေတဲ့ ICUကိုဖြည့်နေတုန်း deep cleanအတွက် သန့်ရှင်းရေးကို ဝန်ထမ်းတွေရော သူနာပြု တွေရော ဆရာဝန်တွေရော ဝိုင်းကြဝန်းကြမယ်ဆိုတော့ ဖောင်ဒေးရှင်းကနေတာဝန်ယူပြီး Deep cleansing n disinfection serviceကို ဌါးရမ်းလှူပေးဖြစ်ခဲ့တယ်။ volunteer တွေလည်းမောနေပြီမို့လားနော်။ ပြီးတော့ဆေးရုံရဲ့ သန့်ရှင်းရေးဟာ ဒီလိုပဲ စနစ်တကျဖြစ်သင့်တာမို့ လှူဖြစ်ခဲ့တယ်။”

“ဖိစီးမှူတွေများနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လူနာတွေအတွက် သန်းရှင်းသပ်ရပ်တဲ့ဝန်းကျင်လေးလိုတယ်လေနော်။ နောက်ခံတပ်တစ်ခု အဆင်သင့်စေဖို့ တဖက်တစ်လမ်းက ကူနိုင်ခဲ့ပြီ။ အရမ်းကိုစိတ်ချမ်းသာမိလို့ အလှူရှင်တွေ လည်းစိတ်ချမ်းသာအောင်ဝေမျှလိုက်ပါတယ်နော်။ နိုင်သလောက်အလှူတွေလည်းထည့်ဝင်ကြပါလို့ အားနာစွာ ထပ်နိုးဆော်ချင်ပါသေးတယ်။ 2nd wave ရိုက်ချက်ပြင်းတယ် မိသားစု program လေးရိုက်ပြီး အလှူငွေတွေရှာထားခဲ့လို့သာ ခံသာတယ်။ ခုအရင် အလှူငွေစုထားတာတွေ နဲ့လှူနေရတာ သိန်း 700ကျော်ပြီ။ စုစုပေါင်း2nd. Waveမှာ လှူဒါန်းပြီးစီးတာ သိန်း 1700ကျော်ပါပြီ။ အလှူရှင် တွေကိုလည်းသိပ်ကိုကျေးဇူးတင်တာပဲ။ ခေတ်ကျပ်ထဲ အလှူတွေခုထိလည်းမပျက်လှူကြလို့🙏🙏” ဆိုပြီး ပြောလာပါတယ်။

ချစ်သုဝေကတော့ ရုပ်သံလိုင်းတစ်ခုနဲ့ ချိတ်ဆက်ပြီး ခေတ်သစ်ကမ္ဘာဆိုတဲ့ အစီအစဉ်တစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး ထိုအစီအစဉ်မှရရှိတဲ့ ငွေကြေးတွေကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုပဲ ဖောင်ဒေးရှင်းအတွက်သာ ထည့်ဝင်အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!