ေဖာင္ၾကီး ကိုဗစ္ကုသေရးမွာ တစ္လတိတိ တာဝန္ထမ္းေဆာင္မယ့္ သရုပ္ေဆာင္ ဆရာဝန္ ေမာင္

သရုပ္ေဆာင္ ေမာင္ကေတာ့ တူ၊ တူမေတြနဲ့ Hotel Quarantine ဝင္ေနရင္း Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ေမာင္က ဧရာဝတီစင္တာမွာ ေဆးကုသမႈခံယူခဲ့ရျပီး ေဆးရံုတက္ေနစဥ္ကာလမွာလည္း သူကိုယ္တိုင္ ဆရာဝန္တစ္ေယာက္ျဖစ္တာေၾကာင့္ ေဘးအနီးအနားက လူနာေတြအတြက္ သူတတ္ကၽြမ္းထားတဲ့ ေဆးပညာနဲ့ ကူညီေပးခဲ့တာမ်ိဳးေတြရိွခဲ့ပါတယ္။ လက္ရိွမွာ ေရာဂါကင္းစင္ျပီး အိမ္ျပန္ေရာက္ေနျပီျဖစ္တဲ့ ေမာင္က သူတတ္ေျမာက္ထားတဲ့ ေဆးပညာနဲ့ ေဖာင္ၾကီး ကိုဗစ္ကုသေရးမွာ တစ္လတိတိ တာဝန္ထမ္းေဆာင္သြားမယ့္အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“အမိန႔္စာမွာ ေဒါက္တာစိန္ၿဖိဳးလႈိင္ ပါလာပါၿပီ။ ေဖာင္ႀကီး covid ကုသေရးမွာ တလတိတိ တာဝန္ထမ္းေဆာင္ပါမယ္။ ကြၽန္ေတာ္တတ္ထားတဲ့ပညာနဲ႔ ခုလိုအခ်ိန္မွာ ပါဝင္ခြင့္ရတာကိုပဲဝမ္းသာပါတယ္။ ကြၽန္ေတာ္သာ ဆရာဝန္တေယာက္မဟုတ္ခဲ့ဘူး ငယ္႐ြယ္က်န္းမာတဲ့သူတေယာက္မဟုတ္ခဲ့ဘူးဆိုရင္ လုပ္ခ်င္ပါတယ္ဆိုတာေတာင္ လုပ္လို႔မရပါဘူး။ ကြၽန္ေတာ္ လုပ္ႏိုင္တယ္ လုပ္သင့္တယ္ လုပ္ရမယ့္ အလုပ္လို႔ခံယူထားပါတယ္။ ကြၽန္ေတာ္ခုလိုသြားမွာကို စိတ္ပူေပမယ့္ ကြၽန္ေတာ္ဆႏၵကိုလိုက္ေလ်ာၿပီး ခြင့္ျပဳေပးတဲ့ ပါးပါးနဲ႔ေမႀကီး၊ ၿပီးေတာ့ ကြၽန္ေတာ့္ အစ္မ ၅ ေယာက္နဲ႔ ရီရီ႕ ကိုလည္းေက်းဇူးတင္ပါတယ္။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေျပာျပလာပါတယ္။

ေမာင္ကေတာ့ ဆရာဝန္တစ္ေယာက္ျဖစ္ျပီး အနုပညာအလုပ္ေတြလုပ္စဥ္မွာ ဆရာဝန္အလုပ္ကို လက္လႊတ္ခဲ့ရျပီး အခုလို အနုပညာအလုပ္ေတြ ရပ္နားလိုက္ခ်ိန္မွာေတာ့ တရားဝင္ေဆးကုသခြင့္လိုင္စင္ကို ရရိွခဲ့ျပီမို့ ဆရာဝန္တစ္ေယာက္အျဖစ္ အလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေမာင္တစ္ေယာက္ ေဘးကင္းကင္းနဲ့ အလုပ္ေတြလုပ္နိုင္ဖို့ ဆုေတာင္းေပးၾကဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖောင်ကြီး ကိုဗစ်ကုသရေးမှာ တစ်လတိတိ တာဝန်ထမ်းဆောင်မယ့် သရုပ်ဆောင် ဆရာဝန် မောင်

သရုပ်ဆောင် မောင်ကတော့ တူ၊ တူမတွေနဲ့ Hotel Quarantine ဝင်နေရင်း Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မောင်က ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဆေးရုံတက်နေစဉ်ကာလမှာလည်း သူကိုယ်တိုင် ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ဘေးအနီးအနားက လူနာတွေအတွက် သူတတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့ ကူညီပေးခဲ့တာမျိုးတွေရှိခဲ့ပါတယ်။ လက်ရှိမှာ ရောဂါကင်းစင်ပြီး အိမ်ပြန်ရောက်နေပြီဖြစ်တဲ့ မောင်က သူတတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ဖောင်ကြီး ကိုဗစ်ကုသရေးမှာ တစ်လတိတိ တာဝန်ထမ်းဆောင်သွားမယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“အမိန့်စာမှာ ဒေါက်တာစိန်ဖြိုးလှိုင် ပါလာပါပြီ။ ဖောင်ကြီး covid ကုသရေးမှာ တလတိတိ တာဝန်ထမ်းဆောင်ပါမယ်။ ကျွန်တော်တတ်ထားတဲ့ပညာနဲ့ ခုလိုအချိန်မှာ ပါဝင်ခွင့်ရတာကိုပဲဝမ်းသာပါတယ်။ ကျွန်တော်သာ ဆရာဝန်တယောက်မဟုတ်ခဲ့ဘူး ငယ်ရွယ်ကျန်းမာတဲ့သူတယောက်မဟုတ်ခဲ့ဘူးဆိုရင် လုပ်ချင်ပါတယ်ဆိုတာတောင် လုပ်လို့မရပါဘူး။ ကျွန်တော် လုပ်နိုင်တယ် လုပ်သင့်တယ် လုပ်ရမယ့် အလုပ်လို့ခံယူထားပါတယ်။ ကျွန်တော်ခုလိုသွားမှာကို စိတ်ပူပေမယ့် ကျွန်တော်ဆန္ဒကိုလိုက်လျောပြီး ခွင့်ပြုပေးတဲ့ ပါးပါးနဲ့မေကြီး၊ ပြီးတော့ ကျွန်တော့် အစ်မ ၅ ယောက်နဲ့ ရီရီ့ ကိုလည်းကျေးဇူးတင်ပါတယ်။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြလာပါတယ်။

မောင်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေလုပ်စဉ်မှာ ဆရာဝန်အလုပ်ကို လက်လွှတ်ခဲ့ရပြီး အခုလို အနုပညာအလုပ်တွေ ရပ်နားလိုက်ချိန်မှာတော့ တရားဝင်ဆေးကုသခွင့်လိုင်စင်ကို ရရှိခဲ့ပြီမို့ ဆရာဝန်တစ်ယောက်အဖြစ် အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မောင်တစ်ယောက် ဘေးကင်းကင်းနဲ့ အလုပ်တွေလုပ်နိုင်ဖို့ ဆုတောင်းပေးကြဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections

error: Alert: Content is protected !!