ေတာ္ရံုလူေတြ ပါးစပ္အေဟာင္းသားနဲ့ အံ့ၾသေလာက္ေစတဲ့အထိ ရတနာပစၥည္းေရာင္းခ်ျခင္းမွာ ဆန္းရိွလြန္းတဲ့ ထက္ထက္မိုးဦး

သရုပ္ေဆာင္ ထက္ထက္မိုးဦးကေတာ့ သူမရဲ့ ဘဝမွာ အနိမ့္အျမင့္ အတက္အက် မ်ိဳးစံုနဲ့ ၾကံဳေတြ့ခဲ့ရေပမယ့္ မေျပာင္းလဲတာတစ္ခုကေတာ့ သူမကိုခ်စ္ၾကတဲ့ ပရိသတ္ေတြရဲ့ ေမတၱာပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦး ကိုယ္တိုင္ကလည္း သူမရဲ့ ပရိသတ္တစ္ေယာက္ခ်င္းစီကို မိသားစုလို သေဘာထားၾကျပီး ပရိသတ္ေတြကလည္း ထက္ထက္မိုးဦးအေပၚ မေျပာင္းလဲတဲ့ အားေပးျခင္းေတြနဲ့ ခ်စ္ခင္ေနၾကတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း ထက္ထက္မိုးဦးက အနုပညာလႈပ္ရွားမႈေတြ ရပ္နားျပီး နာမည္ၾကီးရတနာပစၥည္းဆိုင္ေတြအတြက္ အြန္လိုင္းေပၚကေန Live လႊင့္ျပီး ေစ်းေရာင္းခ်ေပးေနတာပဲ ျဖစ္ပါတယ္။

ထက္ထက္မိုးဦးရယ္ဆိုတဲ့ နာမည္အရိွန္အဟုန္နဲ့ သူမရဲ့ ဆန္းကေတာ့ အခ်ိန္ေတြ ဘယ္ေလာက္ၾကာၾကာ ေျပာင္းလဲသြားျခင္းမရိွပါတယ္။ ဒီကေန့မွာလည္း ထက္ထက္မိုးဦးက “ရတနာ ရွိရာ ရတနာေတြလာၾကပါေစ။ ထက္ကေတာ့ ႏိုင္ငံတကာ အသိအမွတ္ျပဳ GIA စိန္ေတြ နဲ႔ လက္တစ္ဖက္ လုံးကို စိန္စီပစ္ေတာ့မယ္ကြာ။ သိမ္းငွက္သုံးေကာင္ နဲ႔ ထက္ High End luxury live sale မွာ GIA စိန္ေတြခ်ည္း 4 နာရီခြဲအတြင္း သိန္း 5000ေက်ာ္ဖိုး ေရာင္းရတာ အရမ္းေပ်ာ္တာပဲ။ ပရိသတ္ေတြကို အၿမဲေမတၱာပို႔ေပးေနပါတယ္။ ဒီေန႔ အရမ္းေပ်ာ္တာေနာ္” ဆိုျပီး သူမရဲ့ ေအာင္ျမင္မႈမွတ္တိုင္တစ္ခုကို မွတ္တမ္းတင္လာခဲ့ပါတယ္။

နာရီပိုင္းအတြင္းမွာတင္ တန္ဖိုးၾကီးလြန္းတဲ့ စိန္ထည္ပစၥည္းေတြကို သိန္းေထာင္ခ်ီေရာင္းခ်ဖို့ဆိုကေတာ့ တကယ့္ကို မလြယ္ကူတဲ့ ကိစၥတစ္ခုပါပဲ။ ဒါေပမယ့္ ထက္ထက္မိုးဦးကေတာ့ တကယ္ပဲလုပ္နိုင္ခဲ့ပါျပီေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တော်ရုံလူတွေ ပါးစပ်အဟောင်းသားနဲ့ အံ့သြလောက်စေတဲ့အထိ ရတနာပစ္စည်းရောင်းချခြင်းမှာ ဆန်းရှိလွန်းတဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ သူမရဲ့ ဘဝမှာ အနိမ့်အမြင့် အတက်အကျ မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပေမယ့် မပြောင်းလဲတာတစ်ခုကတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေရဲ့ မေတ္တာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦး ကိုယ်တိုင်ကလည်း သူမရဲ့ ပရိသတ်တစ်ယောက်ချင်းစီကို မိသားစုလို သဘောထားကြပြီး ပရိသတ်တွေကလည်း ထက်ထက်မိုးဦးအပေါ် မပြောင်းလဲတဲ့ အားပေးခြင်းတွေနဲ့ ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထက်ထက်မိုးဦးက အနုပညာလှုပ်ရှားမှုတွေ ရပ်နားပြီး နာမည်ကြီးရတနာပစ္စည်းဆိုင်တွေအတွက် အွန်လိုင်းပေါ်ကနေ Live လွှင့်ပြီး ဈေးရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးရယ်ဆိုတဲ့ နာမည်အရှိန်အဟုန်နဲ့ သူမရဲ့ ဆန်းကတော့ အချိန်တွေ ဘယ်လောက်ကြာကြာ ပြောင်းလဲသွားခြင်းမရှိပါတယ်။ ဒီကနေ့မှာလည်း ထက်ထက်မိုးဦးက “ရတနာ ရှိရာ ရတနာတွေလာကြပါစေ။ ထက်ကတော့ နိုင်ငံတကာ အသိအမှတ်ပြု GIA စိန်တွေ နဲ့ လက်တစ်ဖက် လုံးကို စိန်စီပစ်တော့မယ်ကွာ။ သိမ်းငှက်သုံးကောင် နဲ့ ထက် High End luxury live sale မှာ GIA စိန်တွေချည်း 4 နာရီခွဲအတွင်း သိန်း 5000ကျော်ဖိုး ရောင်းရတာ အရမ်းပျော်တာပဲ။ ပရိသတ်တွေကို အမြဲမေတ္တာပို့ပေးနေပါတယ်။ ဒီနေ့ အရမ်းပျော်တာနော်” ဆိုပြီး သူမရဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို မှတ်တမ်းတင်လာခဲ့ပါတယ်။

နာရီပိုင်းအတွင်းမှာတင် တန်ဖိုးကြီးလွန်းတဲ့ စိန်ထည်ပစ္စည်းတွေကို သိန်းထောင်ချီရောင်းချဖို့ဆိုကတော့ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် ထက်ထက်မိုးဦးကတော့ တကယ်ပဲလုပ်နိုင်ခဲ့ပါပြီနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!