UK နိုင္ငံနဲ့ စပိန္နိုင္ငံတို့က ရုပ္ရွင္ပြဲေတာ္နွစ္ခုမွာ ျပသဖို့ ေရြးခ်ယ္ခံထားရတဲ့ ဒါရိုက္တာဏၾကီးရဲ့ “မီ” ရုပ္ရွင္ဇာတ္ကားၾကီး

ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္မွာ ရံုတင္ျပသခဲ့တဲ့ “မီ” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ မူရင္းဇာတ္လမ္းျဖစ္တဲ့ စာေရးဆရာမၾကည္ေအးရဲ့ လက္ရာေကာင္းတစ္ခုျဖစ္ျပီး ဒါရိုက္တာဏၾကီးက ရုပ္ရွင္အျဖစ္ ျပန္လည္အသက္သြင္းလိုက္ခ်ိန္မွာေတာ့ ပရိသတ္အားေပးမႈကို ရရိွပုိင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ “မီ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ဒါရုိက္တာ ဏၾကီးေရာ၊ ေခါင္းေဆာင္မင္းသမီးျဖစ္သူ ပိုင္ျဖိဳးသုပါ အကယ္ဒမီထူးခၽြန္ဆုၾကီးေတြနဲ့ လြဲေခ်ာ္ခဲ့ရေပမယ့္ နိုင္ငံတကာမွာေတာ့ ျပသခြင့္ရရိွခဲ့ျပီး ျမန္မာ့ရုပ္ရွင္ကို ျမန္မာပန္းပြင့္ေစခဲ့တာပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း “မီ” ရုပ္ရွင္ဇာတ္ကားၾကီးရဲ့ ပဲ့ကိုင္ရွင္ျဖစ္သူ ဒါရိုက္တာဏၾကီးက UK နိုင္ငံနဲ့ စပိန္နိုင္ငံတို့က ရုပ္ရွင္ပြဲေတာ္နွစ္ခုမွာ ျပသဖို့ ေရြးခ်ယ္ခံထားရတယ္ဆိုတဲ့အေၾကာင္းကို ““မီ” ကို United Kingdom, Wales မွာ က်င္းပမယ့္ Cardiff International Film Festival နဲ႔ Spain ႏိုင္ငံ၊ Lleida မွာ က်င္းပမယ့္ Festival International de Cinema de Lleida Visual Art ႐ုပ္ရွင္ပြဲေတာ္ႏွစ္ခုမွာ Official Selection အျဖစ္ ေ႐ြးခ်ယ္ခံထားရပါတယ္။ CIFF ကို ေအာက္တိုဘာ ၃၁ မွ ႏိုဝင္ဘာ ၃ ရက္ေန႔အထိ၊ Festival Lleida ကို ေအာက္တိုဘာ ၂၉ မွ ႏိုဝင္ဘာ ၈ ရက္ေန႔အထိ Virtual Platform မွာပဲ က်င္းပသြားမွာပါ။ “မီ” မွာ ကြၽန္တာ္နဲ႔ အတူ ႐ုန္းကန္ခဲ့ၾကတဲ့ Cast & Crew အားလုံးကို အထူးေက်းဇူးတင္စြာျဖင့္ အသိေပးလိုက္ပါတယ္။ (ဒီ Version က Director’s Cut အေနနဲ႔ 116 min ပဲရွိၿပီး Black & White ျဖစ္ပါတယ္။)” ဆုိျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အသိေပးလာခဲ့ပါတယ္။

“မီ” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ရံုတင္ျပသျပီးသြားတာ တစ္နွစ္ေက်ာ္ၾကာျပီဆိုေပမယ့္ ပရိသတ္ေတြရဲ့ ရင္ထဲ တသသစြဲက်န္ရစ္ေစတဲ့ ရုပ္ရွင္ဇာတ္ကားေကာင္းတစ္ကားပါပဲ။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Na Gyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

UK နိုင်ငံနဲ့ စပိန်နိုင်ငံတို့က ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ပြသဖို့ ရွေးချယ်ခံထားရတဲ့ ဒါရိုက်တာဏကြီးရဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီး

ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မူရင်းဇာတ်လမ်းဖြစ်တဲ့ စာရေးဆရာမကြည်အေးရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး ဒါရိုက်တာဏကြီးက ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းလိုက်ချိန်မှာတော့ ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ “မီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒါရိုက်တာ ဏကြီးရော၊ ခေါင်းဆောင်မင်းသမီးဖြစ်သူ ပိုင်ဖြိုးသုပါ အကယ်ဒမီထူးချွန်ဆုကြီးတွေနဲ့ လွဲချော်ခဲ့ရပေမယ့် နိုင်ငံတကာမှာတော့ ပြသခွင့်ရရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်ကို မြန်မာပန်းပွင့်စေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း “မီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ ဒါရိုက်တာဏကြီးက UK နိုင်ငံနဲ့ စပိန်နိုင်ငံတို့က ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ပြသဖို့ ရွေးချယ်ခံထားရတယ်ဆိုတဲ့အကြောင်းကို ““မီ” ကို United Kingdom, Wales မှာ ကျင်းပမယ့် Cardiff International Film Festival နဲ့ Spain နိုင်ငံ၊ Lleida မှာ ကျင်းပမယ့် Festival International de Cinema de Lleida Visual Art ရုပ်ရှင်ပွဲတော်နှစ်ခုမှာ Official Selection အဖြစ် ရွေးချယ်ခံထားရပါတယ်။ CIFF ကို အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၃ ရက်နေ့အထိ၊ Festival Lleida ကို အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၈ ရက်နေ့အထိ Virtual Platform မှာပဲ ကျင်းပသွားမှာပါ။ “မီ” မှာ ကျွန်တာ်နဲ့ အတူ ရုန်းကန်ခဲ့ကြတဲ့ Cast & Crew အားလုံးကို အထူးကျေးဇူးတင်စွာဖြင့် အသိပေးလိုက်ပါတယ်။ (ဒီ Version က Director’s Cut အနေနဲ့ 116 min ပဲရှိပြီး Black & White ဖြစ်ပါတယ်။)” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်။

“မီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသပြီးသွားတာ တစ်နှစ်ကျော်ကြာပြီဆိုပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲ တသသစွဲကျန်ရစ်စေတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Na Gyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!