



ယူနီကုဒ်ဖြင့်ဖတ်ရန်

အနေအေးတယ်လို့ထင်ရပေမယ့် ချစ်ဇနီးအပေါ်မှာတော့ စိတ်ကောက်တတ်တဲ့ ဒါရိုက်တာဏကြီးအကြောင်း ပြောပြလာတဲ့ ပိုင်ဖြိုးသု

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ အနုပညာကို ချစ်မြတ်နိုးကြတာခြင်း တူသူတွေမို့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပါ။ အိမ်ထောင်သက် (၂) နီးပါးရှိနေပြီဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံကတော့ အခုချိန်ထိ ရင်သွေးရတနာမယူဖြစ်သေးပဲ ကိုယ်စီအလုပ်တွေကိုသာ အားသွန်ခွန်စိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ သွက်သွက်လက်လက်နေတတ်သူတစ်ယောက်ဖြစ်ပြီး ဒါရိုက်တာဏကြီးကတော့ အနေအထိုင်အေးဆေးလွန်းတာကြောင့် ပိုင်ဖြိုးသုက “ဦးရေခဲကြီး” လို့တောင် ခေါ်ဆိုရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက အနေအေးတယ်လို့ထင်ရပေမယ့် စိတ်ကောက်တတ်တဲ့ ခင်ပွန်းဖြစ်သူ ဏကြီးအကြောင်းကို “ရှိတယ်….ရှိတယ်…..လင်မယားအရင်းခေါက်ခေါက်ကြီးအချင်းချင်း သူ့ကို Congratulationsမလုပ်လို့ရွှေစိတ်တော်ညိုတဲ့ ဦးဘုဂလန့်ဂွစာသောင်းသောင်းကြီးတစ်ယောက်ရှိတယ်။ ရည်းစားဘဝ ကတည်းကဒီကပေါက်ကျော်မက “ကိုကို…ခေးကလေ အဟင့်အဟင့်”တွေလုပ်ပြီးမချွဲတတ်တာသိရက်နဲ့သူပဲယူထားပြီး အခုမှ” Congratulations Babyyyyyy….. I’m sooooo proud of u အဟင့်အဟင့်” လို့ပြောပါ့မလားဦးဏကြီးစိတ်ပုပ်ကြီးရဲ့…. မသိဘူး….ရှင်ကောက်တာထက်ကျွန်မက၁၀ဆပြန်ကောက်တယ်….အဲဒါရှင်ပြန်ချော့….ဒါဘဲ…..ဂွပ်” ဆိုပြီး ချစ်စဖွယ် ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ ဒါရိုက်တာဏကြီးထက် အသက် (၈) နှစ်လောက် ငယ်ရွယ်သူဖြစ်ပြီး ခင်ပွန်းအပေါ် ကလေးဆိုးလေးတစ်ယောက်လို ဆိုးနွဲ့တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အနေအေးပေမယ့် ချစ်ဇနီးအပေါ်မှာတော့ နွဲ့ဆိုးဆိုးတတ်တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Phyo Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!