အခ်စ္ေရးကိစၥနဲ့ ပက္သတ္ျပီး ေလထဲတိုက္အိမ္ေဆာက္တာ ထက္ လက္ေတြ့ဆန္တဲ့အခ်စ္ကိုပဲ ပိုသေဘာက်တယ္ဆိုတဲ့ နန္းစႏၵာလွထြန္း

ခ်စ္စရာေကာင္းတဲ့ အျပံဳးေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး နန္းစႏၵာလွထြန္းကေတာ့ သရုပ္ေဆာင္ေကာင္းရံုသာမက အေနအထိုင္ေအးေဆးျပီး တည္ျငိမ္လြန္းတာေၾကာင့္ ပရိသတ္ေတြ ခ်စ္ရသူေလးတစ္ေယာက္ပါပဲ။

နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ပီပီ ကိုယ္ေရးကိုယ္တာအေၾကာင္းနဲ့ ပက္သတ္ျပီး ေဖ့စ္ဘုတ္စာမ်က္နွာမွာ ရင္ဖြင့္ေျပာဆိုေလ့မရိွတဲ့ နန္းစႏၵာလွထြန္းက ဒီကေန့မွာေတာ့ အခ်စ္ေရးကိစၥနဲ့ ပက္သတ္ျပီး သူမရဲ့ ထင္ျမင္ယူဆခ်က္ေတြကို အခုလိုပဲ အိတ္သြန္ဖာေမွာက္ေျပာျပလာခဲ့ပါတယ္။

“အသက္႐ြယ္တစ္ခု ေရာက္လာတဲ့အခ်ိန္မွာ relationship တစ္ခုကို ဆယ္ေက်ာ္သက္တုန္းကလို စကားေတြတီတီတာတာေျပာမယ္ တစ္ခ်ိန္လုံး ၾကည္ႏူးစရာေတြ ထိုင္ေျပာမယ္ဆိုတာမ်ိဳးေတြ နဲ႔ အဆင္ေျပမေနေတာ့ဘူး။ ဒါေတြအားလုံးကလည္း ေက်ေက်နပ္နပ္ႀကီး ေက်ာ္ျဖတ္ခဲ့ၿပီးၿပီေလ။ အဓိကခုခ်ိန္မွာ အခ်စ္ဆိုတာထက္ အေရးႀကီးတာေတြ အမ်ားႀကီးေတြ႕လာတယ္။

ဘဝမွာ လုပ္စရာ အလုပ္ေတြမ်ားလာတယ္။ ကိုယ့္အတြက္ ကိုယ့္မိသားစုအတြက္ စဥ္းစားစရာေတြ မ်ားလာတယ္။ သစ္႐ြက္ေလးလႈပ္တိုင္း ရင္ခုန္ဖို႔ အခ်ိန္မရွိေတာ့ဘူး။

အခ်စ္ဆိုတာ တဖန္ေပါက္ဖြားတတ္တယ္လို႔ေျပာၾကတယ္ မလား။ အဲ့လိုရွိလာခဲ့ရင္လည္း လက္ေတြ႕ဆန္တဲ့ အခ်စ္မ်ိဳးပဲလိုခ်င္ေတာ့တယ္။ ဆယ္ေက်ာ္သက္တုန္းကလို မ်ိဳးစုံ အိပ္မက္ေတြ ေလထဲကအိမ္ေတြေဆာက္မေနေတာ့ဘူး။ ( အိပ္မက္ဆိုတာက အိပ္မက္ထဲမွာပဲ ရွိသလို ေလထဲက အိမ္ဆိုတာကလည္း ေလထဲမွာပဲရွိခဲ့တာေလ ) အဲ့ေတာ့လက္ေတြ႕ဆန္တာပိုသေဘာက်တယ္”

“ကိုယ့္ လက္တြဲေဖာ္ျဖစ္လာမယ့္သူကိုေတာ့ အားနာတယ္။ ဒါေပမယ့္ကြၽန္မ အရမ္းခ်စ္တတ္တယ္ေနာ္။ ေဖာ္ျပတဲ့ပုံစံေလးကြဲသြားမွာတစ္ခုပဲ။ အကယ္၍ ေ႐ြးခ်ယ္ျဖစ္ခဲ့ရင္ ကြၽန္မအခုတစ္ေယာက္ထဲေနလို႔ ေပ်ာ္ေနတာထက္ ပိုၿပီးစိတ္ခ်မ္းသာေအာင္ထားႏိုင္ရင္ ကြၽန္မရင္ခုန္မိမယ္ထင္တယ္ ( လြယ္ေတာ့မလြယ္ေလာက္ဘူးေပါ့ )

ရွင္းရွင္းေျပာရရင္ RS တစ္ခုရွိလာခဲ့မယ္ဆိုရင္ ကိုယ့္ကိုနားလည္ေပးၿပီး မေတာင္းပဲေပးတဲ့ ဂ႐ုစိုက္မႈမ်ိဳးေတြပဲလိုခ်င္တယ္။ ေနေကာင္းလားလို႔ေမးတဲ့သူထက္ ေနမေကာင္းျဖစ္ရင္ ေသာက္ဖို႔ ေဆးဝယ္ေပးထားတဲ့သူပဲ သေဘာက်ေတာ့တယ္။

တစ္ခုခုဆို အဆင္ေျပရဲ႕လားလို႔ ေမးတဲ့သူထက္ အဆင္ေျပေအာင္ လုပ္ေပးတဲ့သူမ်ိဳးပဲ သေဘာက်ေတာ့တယ္။ ဘဝအတြက္အေရးႀကီးတဲ့ အေၾကာင္းေတြ ေျပာမယ္။ တစ္ေယာက္လိုအပ္ခ်က္ေတြ အျပန္လွန္ ျဖည့္ဆည္းဖို႔ႀကိဳးစားမယ္။””ကိုယ့္ရဲလက္တြဲေဖာ္ ကို ဒီ့ထက္ပိုေကာင္းတဲ့ ဘဝမ်ိဳး ပိုင္ဆိုင္ႏိုင္ေအာင္ အႀကံဥာဏ္ေတြေပးမယ္။ ဆယ္ေက်ာ္သက္တုန္းက မေပးခဲ့တာမဟုတ္ဘူးေနာ္ ေပးခဲ့တယ္။ ဒါေပမယ့္ အခုပိုၿပီး လက္ေတြ႕ဆန္ခ်င္တယ္။

ကိုယ္ပ်ိဳးထားတဲ့ ပန္းပင္ေလးေတြကို ေျမဩဇာ ေကာင္းေကာင္းနဲ႔ပဲ ရွင္သန္ေစမယ္။ ဟုတ္တယ္ ကြၽန္မသိပ္ေလာဘႀကီးတယ္။ ဒါေပမယ့္ ကိုယ္ကိုယ္တိုင္လုပ္လည္း အဆင္ေျပေနတဲ့ အရာေတြကို ဘာလို႔သူမ်ားကိုခြဲၿပီးေတာ့ လုပ္ခိုင္းေနေတာ့မွာလဲ ပိုအလုပ္ရႈပ္တယ္မဟုတ္ဘူးလား။

အဲ့ေတာ့ က်မကိုယ့္ကို ဂ႐ုစိုက္တာထက္ ပိုၿပီးဂ႐ုစိုက္ အလိုက္သိတဲ့သူနဲ႔မွပဲ အဆင္ေျပေတာ့မွာေပါ့။ ဂ႐ုစိုက္တယ္ဆိုတာ နီးျခင္း ေဝးျခင္းနဲ႔လည္းမဆိုင္ပါဘူး။ ဒီဘက္ေခတ္ႀကီးမွာ လုပ္ေပးခ်င္ရင္မွ လုပ္ေပးလို႔ရတဲ့ နည္းလမ္းေတြမွအမ်ားႀကီး။ ကိုယ္တိုင္လူခ်င္းအနားမွာရွိေနမွ လုပ္ေပးလို႔ရမွာေပါ့ဆိုရင္ေတာ့ ဒါဟာ သက္သက္ excuse ပဲ ကိုယ့္ကိုခ်စ္တာနဲ႔ အၿပိဳင္ သူ႔ကိုသူခ်စ္တာလည္း ပါလာၿပီ။

တကယ္တမ္းေတာ့ လူဆိုတာ ကိုယ့္ကိုယ္ကို အခ်စ္ဆုံးပါ။ မင္းက ငါ့ဘဝတို႔ မင္းကိုငါ့အသက္ထက္ပိုခ်စ္တယ္ လို႔ေျပာရင္ ဘယ္မွာလဲ ျပလို႔ပဲေမးခ်င္တယ္။ Actually, actions speak more than words ပါ။ အခ်စ္ေတြကို ေဖာ္ျပတတ္ၾကပါေစ။ ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ေျပာလာတာပဲ ျဖစ္ပါတယ္။ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nan Sandar Hla Htun’s fb
Bilie – Cele Connection

 

ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ သရုပ်ဆောင်ကောင်းရုံသာမက အနေအထိုင်အေးဆေးပြီး တည်ငြိမ်လွန်းတာကြောင့် ပရိသတ်တွေ ချစ်ရသူလေးတစ်ယောက်ပါပဲ။

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ပီပီ ကိုယ်ရေးကိုယ်တာအကြောင်းနဲ့ ပက်သတ်ပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်ပြောဆိုလေ့မရှိတဲ့ နန်းစန္ဒာလှထွန်းက ဒီကနေ့မှာတော့ အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး သူမရဲ့ ထင်မြင်ယူဆချက်တွေကို အခုလိုပဲ အိတ်သွန်ဖာမှောက်ပြောပြလာခဲ့ပါတယ်။

“အသက်ရွယ်တစ်ခု ရောက်လာတဲ့အချိန်မှာ relationship တစ်ခုကို ဆယ်ကျော်သက်တုန်းကလို စကားတွေတီတီတာတာပြောမယ် တစ်ချိန်လုံး ကြည်နူးစရာတွေ ထိုင်ပြောမယ်ဆိုတာမျိုးတွေ နဲ့ အဆင်ပြေမနေတော့ဘူး။ ဒါတွေအားလုံးကလည်း ကျေကျေနပ်နပ်ကြီး ကျော်ဖြတ်ခဲ့ပြီးပြီလေ။ အဓိကခုချိန်မှာ အချစ်ဆိုတာထက် အရေးကြီးတာတွေ အများကြီးတွေ့လာတယ်။

ဘဝမှာ လုပ်စရာ အလုပ်တွေများလာတယ်။ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် စဉ်းစားစရာတွေ များလာတယ်။ သစ်ရွက်လေးလှုပ်တိုင်း ရင်ခုန်ဖို့ အချိန်မရှိတော့ဘူး။

အချစ်ဆိုတာ တဖန်ပေါက်ဖွားတတ်တယ်လို့ပြောကြတယ် မလား။ အဲ့လိုရှိလာခဲ့ရင်လည်း လက်တွေ့ဆန်တဲ့ အချစ်မျိုးပဲလိုချင်တော့တယ်။ ဆယ်ကျော်သက်တုန်းကလို မျိုးစုံ အိပ်မက်တွေ လေထဲကအိမ်တွေဆောက်မနေတော့ဘူး။ ( အိပ်မက်ဆိုတာက အိပ်မက်ထဲမှာပဲ ရှိသလို လေထဲက အိမ်ဆိုတာကလည်း လေထဲမှာပဲရှိခဲ့တာလေ ) အဲ့တော့လက်တွေ့ဆန်တာပိုသဘောကျတယ်”

“ကိုယ့် လက်တွဲဖော်ဖြစ်လာမယ့်သူကိုတော့ အားနာတယ်။ ဒါပေမယ့်ကျွန်မ အရမ်းချစ်တတ်တယ်နော်။ ဖော်ပြတဲ့ပုံစံလေးကွဲသွားမှာတစ်ခုပဲ။ အကယ်၍ ရွေးချယ်ဖြစ်ခဲ့ရင် ကျွန်မအခုတစ်ယောက်ထဲနေလို့ ပျော်နေတာထက် ပိုပြီးစိတ်ချမ်းသာအောင်ထားနိုင်ရင် ကျွန်မရင်ခုန်မိမယ်ထင်တယ် ( လွယ်တော့မလွယ်လောက်ဘူးပေါ့ )

ရှင်းရှင်းပြောရရင် RS တစ်ခုရှိလာခဲ့မယ်ဆိုရင် ကိုယ့်ကိုနားလည်ပေးပြီး မတောင်းပဲပေးတဲ့ ဂရုစိုက်မှုမျိုးတွေပဲလိုချင်တယ်။ နေကောင်းလားလို့မေးတဲ့သူထက် နေမကောင်းဖြစ်ရင် သောက်ဖို့ ဆေးဝယ်ပေးထားတဲ့သူပဲ သဘောကျတော့တယ်။

တစ်ခုခုဆို အဆင်ပြေရဲ့လားလို့ မေးတဲ့သူထက် အဆင်ပြေအောင် လုပ်ပေးတဲ့သူမျိုးပဲ သဘောကျတော့တယ်။ ဘဝအတွက်အရေးကြီးတဲ့ အကြောင်းတွေ ပြောမယ်။ တစ်ယောက်လိုအပ်ချက်တွေ အပြန်လှန် ဖြည့်ဆည်းဖို့ကြိုးစားမယ်။””ကိုယ့်ရဲလက်တွဲဖော် ကို ဒီ့ထက်ပိုကောင်းတဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်အောင် အကြံဉာဏ်တွေပေးမယ်။ ဆယ်ကျော်သက်တုန်းက မပေးခဲ့တာမဟုတ်ဘူးနော် ပေးခဲ့တယ်။ ဒါပေမယ့် အခုပိုပြီး လက်တွေ့ဆန်ချင်တယ်။

ကိုယ်ပျိုးထားတဲ့ ပန်းပင်လေးတွေကို မြေဩဇာ ကောင်းကောင်းနဲ့ပဲ ရှင်သန်စေမယ်။ ဟုတ်တယ် ကျွန်မသိပ်လောဘကြီးတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်လုပ်လည်း အဆင်ပြေနေတဲ့ အရာတွေကို ဘာလို့သူများကိုခွဲပြီးတော့ လုပ်ခိုင်းနေတော့မှာလဲ ပိုအလုပ်ရှုပ်တယ်မဟုတ်ဘူးလား။

အဲ့တော့ ကျမကိုယ့်ကို ဂရုစိုက်တာထက် ပိုပြီးဂရုစိုက် အလိုက်သိတဲ့သူနဲ့မှပဲ အဆင်ပြေတော့မှာပေါ့။ ဂရုစိုက်တယ်ဆိုတာ နီးခြင်း ဝေးခြင်းနဲ့လည်းမဆိုင်ပါဘူး။ ဒီဘက်ခေတ်ကြီးမှာ လုပ်ပေးချင်ရင်မှ လုပ်ပေးလို့ရတဲ့ နည်းလမ်းတွေမှအများကြီး။ ကိုယ်တိုင်လူချင်းအနားမှာရှိနေမှ လုပ်ပေးလို့ရမှာပေါ့ဆိုရင်တော့ ဒါဟာ သက်သက် excuse ပဲ ကိုယ့်ကိုချစ်တာနဲ့ အပြိုင် သူ့ကိုသူချစ်တာလည်း ပါလာပြီ။

တကယ်တမ်းတော့ လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါ။ မင်းက ငါ့ဘဝတို့ မင်းကိုငါ့အသက်ထက်ပိုချစ်တယ် လို့ပြောရင် ဘယ်မှာလဲ ပြလို့ပဲမေးချင်တယ်။ Actually, actions speak more than words ပါ။ အချစ်တွေကို ဖော်ပြတတ်ကြပါစေ။ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာတာပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nan Sandar Hla Htun’s fb
Bilie – Cele Connection

error: Alert: Content is protected !!