

လက်ရှိ ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ နေရာတွေကို လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း “ယခုလို Covid ရောဂါကြောင့် ဆွမ်းနှင့် ကျန်းမာရေး အတွက် အခက်အခဲဖြစ်နေရသော သန်လျင်ဘက်ရှိ ကျောင်းပေါင်း (၂၀၀ )ခန့် မှ သီလရှင် ဆရာလေး အပါး (၁၀၀၀)ခန့် အား ဆန်၊ဆီ၊ဆား ၊ အစားအသောက်များ၊ လိုအပ်သော ဆေးဝါးများ၊ ဝတ္တုငွေများ ဆပ်ကပ် လှူဒါန်းပေးမည်ဖြစ်၍ ကျမနှင့် အတူ ပါဝင် ကုသိုလ် ယူလှူဒါန်းချင်သူများအား နိဗ္ဗာန်ဆော်သြ လိုက်ပါတယ်ရှင်..ဆက်သွယ် လှူဒါန်းလိုသူများ..09 793841108သို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်ရှင်..🙏🏼🙏🏼🙏🏼” ဆိုပြီး နိဗ္ဗာန်ဆော်ထားတာပဲ ဖြစ်ပါတယ်။


ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆွမ်းနဲ့ ကျန်းမာရေးအခက်အခဲဖြစ်နေတဲ့ သီလရှင်ဆရာလေး အပါး (၁၀၀၀) ကို လှူဒါန်းဖို့ နိဗ္ဗာန်ဆော်လုပ်နေတဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အပေါ် တာဝန်ကျေပွန်သူတစ်ယောက်အဖြစ် အနုပညာလောကမှာ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေနဲ့အတူတူ ပရဟိတအလုပ်တွေကိုလည်း ပူးတွဲလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ခိုင်နှင်းဝေကို “ပရဟိတမင်းသမီး” ရယ်လို့ နာမည်ပေးကြတဲ့အထိ လူချစ်လူခင်ပေါများသူတစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ နေရာတွေကို လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း “ယခုလို Covid ရောဂါကြောင့် ဆွမ်းနှင့် ကျန်းမာရေး အတွက် အခက်အခဲဖြစ်နေရသော သန်လျင်ဘက်ရှိ ကျောင်းပေါင်း (၂၀၀ )ခန့်မှ သီလရှင် ဆရာလေး အပါး (၁၀၀၀)ခန့် အား ဆန်၊ဆီ၊ဆား ၊ အစားအသောက်များ၊ လိုအပ်သော ဆေးဝါးများ၊ ဝတ္တုငွေများ ဆပ်ကပ် လှူဒါန်းပေးမည်ဖြစ်၍ ကျမနှင့် အတူ ပါဝင် ကုသိုလ် ယူလှူဒါန်းချင်သူများအား နိဗ္ဗာန်ဆော်သြ လိုက်ပါတယ်ရှင်..ဆက်သွယ် လှူဒါန်းလိုသူများ..09 793841108သို့ ဆက်သွယ် လှူဒါန်းနိူင်ပါတယ်ရှင်..🙏🏼🙏🏼🙏🏼” ဆိုပြီး နိဗ္ဗာန်ဆော်ထားတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူမကိုယ်တိုင်လည်း ဆွမ်းနဲ့ ကျန်းမာရေးအခက်အခဲဖြစ်နေတဲ့ သီလရှင်ဆရာလေး အပါး (၁၀၀၀) ကို လှူဒါန်းဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေနဲ့အတူတူ ကုသိုလ်ပြုနိုင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!