“ဂယက္ေတြပါဟယ္” ရုပ္ရွင္ဇာတ္ကားထဲက ၾကည္လဲ့လဲ့ဦး ရဲ့ အိုက္တင္အတိုင္း သရုပ္ေဆာင္ျပလာတဲ့ စမိုင္းလ္ရဲ့ Tik Tok ဗီဒီယို

သရုပ္ေဆာင္ စမုိင္းလ္ကေတာ့ ဆယ္ေက်ာ္သက္အရြယ္မွာ ေမာ္ဒယ္လ္နဲ့ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ေက်ာ္ၾကားခဲ့ျပီး ဗီဒီယိုဇာတ္ကားေတြနဲ့ ေၾကာ္ျငာေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေနရာယူနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

စမိုင္းလ္က အိမ္ေထာင္က်ျပီးေနာက္မွာေတာ့ အနုပညာအလုပ္ေတြနဲ့ အလွမ္းေဝးသြားခဲ့ျပီး နိုင္ငံျခားမွာ သြားေရာက္အေျခခ်ေနထိုင္ေနခဲ့တာပဲ ျဖစ္ပါတယ္။ စမိုင္းလ္ကို ခ်စ္တဲ့ ပရိသတ္ေတြကေတာ့ ဒီေန့ဒီအခ်ိန္ထိတိုင္ရိွေနၾကဆဲျဖစ္ျပီး စမိုင္းလ္တစ္ေယာက္ အရင္လို အနုပညာအလုပ္ေတြ ဆက္တိုက္ျပန္လုပ္လာဖို့ ေမွ်ာ္လင့္ေနၾကတာပဲ ျဖစ္ပါတယ္။

မၾကာခင္ရက္ပိုင္းအတြင္းမွာေတာ့ စမိုင္းလ္ပါဝင္သရုပ္ေဆာင္ထားျပီး ခိုင္သင္းၾကည္၊ ၾကည္လဲ့လဲ့ဦး၊ ပန္းျဖဴ၊ လူမင္းတို့ ပါဝင္သရုပ္ေဆာင္ထားတဲ့ “ဂယက္ေတြပါဟယ္” ရုပ္ရွင္ဇာတ္ကားက စမိုင္းလ္ရဲ့ Smile အြန္လိုင္းရုပ္ရွင္ရံုမွာ ျပသသြားေတာ့မွာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ စမိုင္းလ္က သူမရဲ့ “ဂယက္ေတြပါဟယ္” ရုပ္ရွင္ဇာတ္ကားထဲက ၾကည္လဲ့လဲ့ဦးရဲ့ အိုက္တင္အတိုင္း သရုပ္ေဆာင္ျပလာတာကို အခုလိုပဲ မွ်ေဝေပးထားပါတယ္။စမုိင္းလ္ရဲ့ “ဂယက္ေတြပါဟယ္” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ နာမည္ၾကီးမင္းသား၊ မင္းသမီးေတြ ျမိဳင္ျမိဳင္ဆိုင္ဆိုင္ပါဝင္သရုပ္ေဆာင္ထားတဲ့ ဟာသဇာတ္ျမဴး ရုပ္ရွင္ဇာတ္ကားၾကီးပဲ ျဖစ္ပါတယ္။

ပရိသတ္ၾကီးလည္း အခ်ိန္ေတြၾကာသြားေပမယ့္ အိုက္တင္ေတြမိေနေသးတဲ့ စမိုင္းလ္ရဲ့ ဗီဒီယိုေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။

ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Smile’s fb
Bilie – Cele Connections

သရုပ်ဆောင် စမိုင်းလ်ကတော့ ဆယ်ကျော်သက်အရွယ်မှာ မော်ဒယ်လ်နဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ကျော်ကြားခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေ တော်တော်များများမှာ နေရာယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်က အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး နိုင်ငံခြားမှာ သွားရောက်အခြေချနေထိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကို ချစ်တဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိတိုင်ရှိနေကြဆဲဖြစ်ပြီး စမိုင်းလ်တစ်ယောက် အရင်လို အနုပညာအလုပ်တွေ ဆက်တိုက်ပြန်လုပ်လာဖို့ မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာတော့ စမိုင်းလ်ပါဝင်သရုပ်ဆောင်ထားပြီး ခိုင်သင်းကြည်၊ ကြည်လဲ့လဲ့ဦး၊ ပန်းဖြူ၊ လူမင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားက စမိုင်းလ်ရဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံမှာ ပြသသွားတော့မှာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စမိုင်းလ်က သူမရဲ့ “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားထဲက ကြည်လဲ့လဲ့ဦးရဲ့ အိုက်တင်အတိုင်း သရုပ်ဆောင်ပြလာတာကို အခုလိုပဲ မျှဝေပေးထားပါတယ်။စမိုင်းလ်ရဲ့ “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ နာမည်ကြီးမင်းသား၊ မင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း အချိန်တွေကြာသွားပေမယ့် အိုက်တင်တွေမိနေသေးတဲ့ စမိုင်းလ်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!